မဟာကွန်စတန်တိုင်း: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: thumb|မဟာကွန်စတန်တိုင်း(အေဒီ ၂၈၀-၃၃၇) '''မဟာကွန်စ…
 
အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
စာကြောင်း ၁ -
[[Image:Constantine the Great.jpg|thumb|မဟာကွန်စတန်တိုင်း(အေဒီ ၂၈၀-၃၃၇)]]
 
'''မဟာကွန်စတန်တိုင်း'''(Constantine the Great)(အေဒီ ၂၈၀-၃၃၇)သည် ရောမဧကရာဇ်များအနက် ပထမဆုံး[[ခရစ်ယာန်ဘာသာ]]ကို အစပြုသက်၀င်ယုံကြည်သူအစပြုသက်ဝင်ယုံကြည်သူ ဖြစ်သည်။သူ၏ ဘာသာကူးပြောင်းယုံကြည်မှုကြောင့် ယခင်က ဖိနှိပ်သတ်ဖြတ်ခံခဲ့ရသည့် ဘာသာမှာ နောင်တစ်ချိန် [[ဥရောပ]]မှအစပြုကာ ကမ္ဘာတစ်၀ှမ်းတွင်ကမ္ဘာတစ်ဝှမ်းတွင် ရှေ့ဆောင်ဘာသာတစ်ရပ်အဖြစ် ရပ်တည်လာနိုင်ခဲ့သည်။
 
ကွန်စတန်တိုင်းအား အေဒီ၂၈၀ ယနေ့ဆားဘီးယားနိုင်ငံ(ယခင်ယူဂိုဆလားဘီးယား)၊နစ်စ်မြို့တွင်ဖွားမြင်သည်။ ဖခင်မှာ စစ်တပ်မှအရာရှိကြီးဖြစ်သည်။ငယ်စဉ်ဘ၀အချိန်ကို နိကောမေယာတွင်ဖြတ်သန်းခဲ့ရသည်။ထိုမြို့မှာ ရောမဧကရာဇ် အိုကလေတန် နန်းစိုက်ရာမြို့လည်းဖြစ်သည်။၃၀၅တွင် အိုကလေ ထီးနန်းစွန့်သောကြောင့် ဖခင်ကွန်စတန်တိယက်စ်သည် ရောမအင်ပါယာ၏အနောက်ခြမ်းကို အုပ်ချုပ်ရသူဖြစ်လာခဲ့သည်။တစ်နှစ်အကြာတွင် ဖခင်ကွယ်လွန်သဖြင့် သူ့ဖခင်တပ်မှ တပ်သားများက ကွန်စတန်တိုင်းအား ဧကရာဇ်အဖြစ် ၀ိုင်း၀န်းတင်မြှောက်ကြရာဝိုင်းဝန်းတင်မြှောက်ကြရာ အခြားစစ်ဗိုလ်ချုပ်များက ကန့်ကွက်ရာမှ ပြည်တွင်းစစ်ဖြစ်သည်။၃၁၂တွင် နောက်ဆုံးလက်ကျန်ပြိုင်ဖက် မန်ဇဲတိယက်စ်ကို ရောမအနီးရှိ မီလ်ဗီယန်တံတားစစ်ပွဲတွင် အနိုင်ရပြီး ရောမအင်ပါယာအနောက်ခြမ်းကို အုပ်စိုးနိုင်သည်။အရှေ့ခြမ်းကိုမူ လီစီနီယမ် အမည်ရဗိုလ်ချုပ်ကြီးက သိမ်းပိုက်အုပ်ချုပ်နေစဲဖြစ်သည်။နောက်ဆုံး ၃၂၃တွင် လီစီနီယမ်ကိုပါ အောင်နိုင်သောကြောင့် ရောမအင်ပါယာတစ်ခုလုံး၏ ဧကရာဇ်အဖြစ် ကွယ်လွန်သည့် ၃၃၇ခုနှစ်အထိ ကွန်စတန်တိုင်း အုပ်ချုပ်သည်။
 
ခရစ်ယာန်ဘာသာ၀င်အဖြစ်ခရစ်ယာန်ဘာသာဝင်အဖြစ် မည်သည့်အချိန်က ကွန်စတန်တိုင်းကူးပြောင်းသက်၀င်သည်ကိုကွန်စတန်တိုင်းကူးပြောင်းသက်ဝင်သည်ကို အတိအကျမသိကြရပေ။လူပြောများသည်မှာ မီလ်ဗီယန်တံတားစစ်ပွဲတွင် ကောင်းကင်မှ ထင်ရှားသည့် မီးလောင်နေသော လက်၀ါးကပ်တိုင်လက္ခဏာပေါ်ပြီး၊တိုင်နှင့်အတူလက်ဝါးကပ်တိုင်လက္ခဏာပေါ်ပြီး၊တိုင်နှင့်အတူ "'''ဤလက္ခဏာအားကိုးဖြင့် သင်အနိုင်ရမည်။'''" ဟုပါရှိသည်ကို တွေ့ရပြီးနောက်တွင် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းယုံကြည်သည် ဟူ၍ဖြစ်သည်။ကွန်စတန်တိုင်းသည် ခရစ်ယာန်ဘာသာကို ကူးပြောင်းပြီးနောက်တွင် ဘာသာရေးပြန့်ပွားရန် အထုူးပင်လုံ့လထုတ်သည်ကိုတွေ့ရသည်။ရှေးဦးစွာ မီလန်အမိန့်ပြန်တမ်းကို ထုတ်ပြန်ကြေညာပြီး ခရစ်ယာန်ဘာသာကို ဖိနှိပ်ခြင်းမှ ကင်းေ၀းစေသည်။ထိုအမိန့်အရပင် ယခင်က ရှာဖွေဖမ်းဆီးထားသည့် ခရစ်ယာန်ဘာသာရေးကျောင်းမှ ပစ္စည်းများကို ပြန်လည်ထုတ်ပေးစေသည်။ထို့ပြင် တနင်္ဂနွေနေ့ကိုလည်း ဘာသာရေး၀တ်ပြုရန်နေ့အဖြစ်ဘာသာရေးဝတ်ပြုရန်နေ့အဖြစ် သတ်မှတ်ပေးသည်။
 
ထိုသို့ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာသဖွယ်ပြဌာန်းလိုက်ပြီးနောက်တွင် ရာစုနှစ်ပေါင်းများစွာကြာမြှင့်သည့် [[ဂျူးဘာသာ]](ဟီးဘရူး)၀င်များကိုဝင်များကို နှိပ်ကွပ်ရေး စတင်သည်။ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတိအလင်းပြဌာန်းခြင်း မရှိသော်လည်း သူထုတ်ပြန်သည့် အမိန့်၊ဥပဒေများမှာ ခရစ်ယာန်ဘာသာကို တိုးတက်ပြန့်ပွားအောင် အားပေးခဲ့သည်ကိုမူ ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။သူ့အမိန့်ဖြင့် ခရစ်ယာန်ကျောင်းတော်သည် အခွင့်အရေးများစွာရရှိရုံမျှမက ဘီလ်တယ်လ်ဟမ်ရှိ ဖွားတော်မူရာကျောင်း နှင့် ဂျေရူးစလမ်မြို့တွင် သင်္ချိုင်းတော်ရာကျောင်း ကဲ့သို့သော ကျောင်းတော်ကြီးများကို ဆောက်လုပ်ခွင့်ရခဲ့ကြခြင်းဖြစ်သည်။
 
ထို့ပြင်မြို့တော်ကို ဘန်ဇိုင်တီယမ်မြို့တော်ကို မိမိအမည်ဖြင့် '''ကွန်စတန်တီနိုပယ်''' ဟုပြောင်းခေါ်စေပြီး အသစ်ပြန်လည်တိုးချဲ့တည်ဆောက်ကာ မင်းနေပြည်တော်အဖြစ် သတ်မှတ်သည်။(ယနေ့ [[အီစတန်ဘူလ်]]၊[[တူရကီနိုင်ငံ]])ထိုမြို့တော်သစ်သည် ၁၄၅၃ အထိအရှေ့ရောမအင်ပါယာ၏ မြို့တော်အဖြစ်တည်ရှိနေခဲ့သလို နောက်ရာစုနှစ်များစွာတိုင်အောင်ပင် အော်တိုမန်အင်ပါယာ၏ မြို့တော်အဖြစ်လည်း ဆက်လက်ကျော်ကြားခဲ့သည်။
စာကြောင်း ၁၃ -
ပြောရန်ရှိသည့် အချက်မှာ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းယုံကြည်သည့်တိုင် သေသည်အထိ နှစ်ခြင်းမခံသွားခဲ့ပေ။ထို့ပြင် ဘာသာရေး၏ အနှစ်အရသာဖြစ်သည့် သည်းခံခြင်း၊ကြင်နာသနားခြင်း တို့ကိုကွန်စတန်တိုင်းတွင် မတွေ့ရခြင်းဖြစ်သည်။ရက်စက်လွန်းသည်ဟု နာမည်ကျော်ပြီး ဇနီးနှင့် သားကြီးတို့ကိုပါ ၃၂၆တွင် ကွပ်မျက်ခဲ့သည်။
 
ကွန်စတန်တိုင်းမတိုင်မှီက ရောမဧကရာဇ် ဒိုင်အိုကလီတန်(၂၈၄-၃၀၅)က ခရစ်ယာန်ဘာသာ၀င်များကိုခရစ်ယာန်ဘာသာဝင်များကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်သည့်တိုင် ခရစ်ယာန်ဘာသာအနေဖြင့် ဆုပ်ယုတ်သွားခြင်းမရှိသည်ကိုထောက်၍အချို့သောသမိုင်းပညာရှင်များက ကွန်စတန်တိုင်းအနေဖြင့် ခရစ်ဘာသာသို့ကူးပြောင်းပြီး အားပေးခဲ့ခြင်းမျိုးမရှိလျှင်လည်း ခရစ်ယာန်ဘာသာမှာ အများယုံကြည်မှုရရန်မခက်ခဲသည့် အခြေအနေတွင်ရှိနေပြီဖြစ်သဖြင့် ကွန်စတန်တိုင်းပေါ်ထွက်မလာလျှင်လည်း အနှေးနှင့်အမြန် ဆိုသလိုပင် ခရစ်ယာန်ဘာသာအနေဖြင့် အောင်ပွဲခံရန် ရှိနေသည်ဟုဆိုကြသည်။မည်သို့ဆိုစေကာမူ ကွန်စတန်တိုင်းသည် ရောမအင်ပါယာ၏ ဧကရာဇ်အနေဖြင့် ခရစ်ယာန်ဘာသာကို အားပေးခဲ့ခြင်းမှာ ကမ္ဘာ့သမိုင်းတွင် ကြီးမားသော ဘာသာရေးအပြောင်းအလဲ၊နိုင်ငံရေးအပြောင်းအလဲကို ဖြစ်စေခဲ့သည်မှာ ငြင်းမရနိုင်သည့်အချက်ဖြစ်သည်။
 
== ရည်ညွှန်းကိုးကား ==