ကျော်ငြိမ်း: တည်းဖြတ်မှု မူကွဲများ

No edit summary
ခေါင်းစီးများထည့်သွင်း
စာကြောင်း ၇ -
==ငယ်ဘဝ==
၁၉၁၅ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် [[ပျဉ်းမနားမြို့]]၌ အဖ ရှေ့နေဦးဖိုးတုတ်၊ အမိ ဒေါ်ဒေါ်သုန်တို့မှ မွေးဖွားခဲ့သည်။[[ဒိုက်ဦးမြို့]] အစိုးရအထက်တန်းကျောင်း၊ ၁၉၃၂ ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်နှင့် ၁၉၃၃ ခုနှစ်တွင် [[ရန်ကုန်တက္ကသိုလ်]] အင်္ဂလိပ်စာ ဂုဏ်ထူးတန်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။
 
==နယ်ချဲ့ဆန့်ကျင်ရေး==
===ကျောင်းသားသမဂ္ဂ နိုင်ငံရေး===
၁၉၃၃-၃၄ခုတွင်ဘဏ္ဍာရေးအခြေအနေကြောင့်မန္တလေးကောလိပ်ကိုပိတ်ရန်အာဏာပိုင်များကစီစဉ်ကြသည်။ ထိုအခါကိုကျော်ငြိမ်း၊ကိုသိန်းဖေ(မြင့်)၊ကိုထွန်းအုံ(နောင်မြူမင်းကြီး)၊ ဗိုလ်ခင်မောင်ကလေး(နောင်ဝန်ကြီး)ကိုလှမောင်(နောင်သံအမတ်)တို့ဦးဆောင်ပြီးကျောင်းသားအစည်းအဝေးပွဲများကျင်းပ၍၎င်း၊မန္တလေးမြို့လုံးကျွတ်မြို့မိမြို့ဖအစည်းအဝေးများ ကျင်းပ၍၎င်းကန့်ကွက်ပွဲများကျင်းပမှုကြောင့်မန္တလေးကောလိပ်ပိတ်ရန်အစီအစဉ်ကိုအာဏာပိုင်များဖက်မှဖျက်သိမ်းခဲ့သည်။
 
Line ၁၄ ⟶ ၁၇:
ဘွဲ့ရပြီးနောက် အင်္ဂလိပ်လက်အောက်တွင် အကောက်ခွန်ဌာန ရာဖြတ်အဖြစ် အလုပ်ဝင်လုပ်ရင်း၊ နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး မြေအောက် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မြေအောက် တော်လှန်ရေးပါတီဖြစ်သည့် [[ပြည်သူ့အရေးတော်ပုံပါတီ]] (Peoples Revolutionary Party) (နောက် ဆိုရှယ်လစ်ပါတီ)၏ အလုပ်အမှုဆောင်တဦး ဖြစ်သည်။ ပီအာပီ ခေါ် ပြည်သူ့အရေးတော်ပုံပါတီ (Peoples Revolutionary Party) သည် [[ဂျပန်နိုင်ငံ]]သို့ [[ရဲဘော်သုံးကျိပ်]] စေလွှတ်ရေးအတွက် အဓိကတာဝန်ယူ ဆောင်ရွက်ခဲ့သောအဖွဲ့ ဖြစ်သည်။
 
===ဖက်ဆစ်တော်လှန်ရေး===
ဂျပန်ခေတ် ၁၉၄၂ - ၄၃ ခု၊ [[ဒေါက်တာဘမော်]]၏ အစိုးရ အဖွဲ့တွင် ဝန်ကြီးအဖွဲ့ (ကက်ဘီနက်) အတွင်းဝန်၊ [[ရှမ်းပြည်နယ်]]အတွင်းဝန်နှင့် နိုင်ငံခြားရေး ဌာန ဒု-ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
 
Line ၂၀ ⟶ ၂၄:
၁၉၄၅ ခု၊ ဖက်ဆစ်တော်လှန်ရေးကာလတွင် ပျဉ်းမနားနယ် နိုင်ငံရေးမှူးနှင့် ဆိုရှယ်လစ်ပါတီ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။
 
=== လွတ်လပ်ရေး ကျိုးပမ်းမှု===
၁၉၄၇ ခု၊ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွင် [[ပြည်မြို့]]မဲဆန္ဒနယ်မှ ဖဆပလအမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး၊ ပြည်ထဲရေးနှင့် တရားရေးဌာနဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
 
==ပါလီမန်ဒီမိုကရေစီခေတ်==
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် နယ်ချဲ့အင်္ဂလိပ် လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဖွဲ့စည်းခဲ့သော ပါလီမန်ဒီမိုကရေစီ အစိုးရအဖွဲ့တွင်ပြည်ထဲရေးဝန်ကြီးအဖြစ်၎င်း ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဖြင့်၎င်းတာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခုတွင် ဆိုရှယ်လစ်ပါတီဝင် ဝန်ကြီးများ နုတ်ထွက်သည့်အခါ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။
 
Line ၃၂ ⟶ ၃၈:
၁၉၅၅ ခုနှစ်တွင် မာရှယ်တီးတိုး ချီးမြှင့်သော ယူဂိုဆလပ်တံခွန် ပထမအဆင့်၊ ထိုင်းနိုင်ငံမှ ချီးမြှင့်သော ဆင်ဖြူတော်ဂုဏ်ထူးဆောင် တံဆိပ်၊ ၁၉၆ဝ ပြည့်နှစ်တွင် လွတ်လပ်ရေးမော်ကွန်းဝင် (ပထမ အဆင့်) တို့ ချီးမြှင့်ခြင်း ခံရသည်။ ၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံဂုဏ်ရည် ပထမအဆင့်ကို ရရှိခဲ့သည်။
 
 
==တော်လှန်ရေးကောင်စီခေတ်==
၁၉၆၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့ (သိန်းဖေမြင့်၏ 'ကျော်ငြိမ်း' စာအုပ်ထဲတွင် မေလ ၅ ရက်ဟု ပါရှိ) မှာ ဖဆပလ ခေါင်းဆောင်များ ဖြစ်သည့် ဦးဗဆွေ၊ ဗိုလ်ကြာညွန့် (ပဲခူး)၊ ဗိုလ်မှူး ထွန်းတင်၊ ဦးကြီးချိုင်၊ ပထစ ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်မင်းခေါင် (ရဲဘော် သုံးကျိပ်ဝင်)၊ ဦးဝင်း၊ ဦးချမ်းသာ၊ ဦးချန်ထွန်း၊ အင်းစိန် အမတ် ဦးချာလီ၊ နေရှင်း သတင်းစာတိုက် ပိုင်ရှင် အယ်ဒီတာချုပ် ဦးလောရုံတို့နှင့်အတူ ဦးကျော်ငြိမ်းသည် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။
 
Line ၄၃ ⟶ ၅၁:
 
၁၉၄၂ ခုနှစ်တွင် ဒေါ်နွဲ့နွဲ့ရီ (B.A., B.L.) နှင့် လက်ထပ်ခဲ့ပြီး သောင်းကျော်ငြိမ်း၊ အောင်ကျော်ငြိမ်း၊ ချိုချိုကျော်ငြိမ်း၊ ထွန်းကျော်ငြိမ်း၊ ဘိုဘိုကျော်ငြိမ်း၊ ခိုင်ချိုကျော်ငြိမ်း၊ ယမင်းကျော်ငြိမ်းတို့အပါအဝင် သားသမီး ၇ ယောက် ထွန်းကားခဲ့သည်။
 
==ဘဝနိဂုံး==
၁၉၈၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။