စံသာအောင် (နိုင်ငံရေးသမား): တည်းဖြတ်မှု မူကွဲများ

ပြည့်ထားသည်
(ကွဲပြားမှု မရှိ)

၁၆:၄၉၊ ၄ အောက်တိုဘာ ၂၀၂၀ ရက်နေ့က မူ

ဦးစံသာအောင် ကို မြန်မာသက္ကရာဇ် ၁၃၀၂ ခုနှစ် ဝါကျွတ်လဆန်း (၉) ရက်၊ ခရစ်သက္ကရာဇ် ၁၉၄၀ ပြည့်နှစ်၊ အောက်တိုဘာလ (၉) ရက် ဗုဒ္ဓဟူး နေ့တွင်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာ ၌ အဘိုးဖြစ်သူ ဦးနာခေါင် (Wakung Ahmg- ဝါကုန်းအ့‌မောင်မျိုးနွယ်) ၊အဖ ဦးစံဗြိန်း နှင့် မိခင် ‌ဒေါ်ခင်ဘန်း တို့မှ မွေးဖွားခဲ့ပါသည်။ မွေးချင်းညီအစ်ကိုမောင်နှမ (၇) ယောက်ရှိသည်။

၎င်းတို့မှာ..

1. ဦးလှမောင်

2. ဦးညီထွန်းအောင်

3. ဦးကြာဇံအောင်

4. ‌ဒေါ်လာထ

5. ‌ဒေါ်သာမဖြူ

6. ဦးစံကျော်အောင်

7. ဦးစံသာအောင် နှင့်

8. ဦး‌ရွှေဘန်းအောင် တို့ဖြစ်ပြီး ဦးစံသာအောင်မှာ ခုနှစ်ဦးမြောက် သားဖြစ်သည်။

ပညာရေး

ဦးစံသာအောင်သည် ငယ်စဥ်အခါက ဘုန်းကြီးကျောင်းတွင် တစ်နှစ် သင်ယူခဲ့ပြီး၊ မာလာကျေးရွာစာသင်ကျောင်း တွင် စတုတ္ထတန်း (၄) တန်းအထိ ပညာသင်ယူခဲ့သည်။ ထိုအပြင် ပဥ္စမတန်း (၅) တန်း နှင့် အဋ္ဌမတန်း (၈) တန်းကို ညောင်ပင်လှ တွင်သင်ယူခဲ့ပါသည်။ ထိုနောက် အထက်တန်းကို ကျောက်တော်မြို့ ၌ ၁၉၆၀ - ၆၁ ခုနှစ်တွင် ဖြေဆိုခဲ့ပြီး ၁၉၆၂ - ၆၃ တွင် တန်းမြင့် ( High School ) ကို (ခ) ဖြင့် အောင်မြင့်ခဲ့ပါသည်။

၁၉၆၃ - ၆၄ တွင် အထက်တန်း (ဆယ်တန်း) စစ်တွေမြို့တွင် ပြန်လည်သင်ယူခဲ့ပါသည်။ ၁၉၆၄ - ၆၅ တွင် စိုက်ပျိုးရေး အထက်တန်းကျောင်း၌ ဆယ်လတာခန့် ပညာသင်ယူခဲ့ပါသည်။ ၁၉၆၆ - ၆၇ ခုနှစ်တွင် မျောက်တောင် အ-မ-က ကျောင်းတွင် လက်ထောက် မူလတန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၆၉ - ၇၀ ပြည့်နှစ်တွင် ကျောက်တော်မြို့၊ မြို့သစ် အ-မ-က ကျောင်းတွင် လက်ထောက်ကျောင်းဆရာအဖြစ် တာဝန်ပေးခြင်းခံရပါသည်။

အိမ်ထောင်ရေး

အသက် (၂၅) နှစ် အရွယ်တွင် ဦးစံသာအောင်သည် ငါးယောက်ကိုင်းရွာသူ ‌ဒေါ်မစော နှင့် ချစ်ကြိုက်ခဲ့ပြီး ၁၉၆၈ ခုနှစ် တွင် သူမနှင့် ဆွေမျိုးသားချင်း မိဘသဘောတူ အိမ်ထောင်ပြုခဲ့ကြပြီး သား (၅) ဦး ထွန်းကားခဲ့သည်။

၎င်းတို့မှာ.....

1. ဦးအေးစိုး (ရဲအုပ်)

2. ဦးထွန်းငြိမ်းအောင် (ထအုပ်)

3. ဦးမျိုးမြတ်အောင် (ကုန်သည်)

4. ကျော်အောင်မြင့် (မီးရထား - ဆက်သွယ်ရေး) တို့ ဖြစ်သည်။

နိုင်ငံရေးဝင်ရောက်လာမှု ၁၉၇၀ ပြည့်နှစ်တွင် ကျောက်တော်မြောက်ပိုင်း- ပြည်တော်သာပေါင်းစည်းရေး စားသုံးသူ သမဝယမအသင်း တွင် အတွင်းရေးမှုအဖြစ်သော်လည်းကောင်း၊ ၁၉၇၀ - ၇၆ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဥ် ပါတီတွင် အတွင်းရေးမှုးအဖြစ်သော်လည်းကောင်း ၊ ၁၉၇၆ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် မြို့နယ်ကောင်စီ ပေါ်ပေါက်လာပြီး ထိုကောင်စီတွင် အလုပ်အမှုဆောင်အဖြစ် စတင်ထမ်းဆောင်ခဲ့သည်။

၁၉၈၀ - ၈၄ တွင် ယင်းကောင်စီ၌ ဒုတိယအကြိမ် အလုပ်အမှုဆောင်အဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် အတွင်းရေးမှုးဖြစ် လာပြီး ၁၉၈၈ ခုနှစ်အထိထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ကျောက်တော် ၊ ပလဝ အစရှိတဲ့ နေရာများတွင် ကာကွယ်ရေး အဖွဲ့ ဖွဲ့ရန် ဆရာတော် ဦးဝီသုဒ ၏ ဖိတ်ခေါ်မှုဖြင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံပြီးနောက်တွင် ကာကွယ်ရေး အဖွဲ့ ဖွဲ့ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်၊ နိုဝင်ဘာ (၁၄) ရက်၊ ပေါက်တောမြို့နယ်၊ ရေညင်းချောင်းရွာတွင် ပါတီဖွဲ့ရန် အစည်းဝေးလုပ်ခဲ့ကြပါသည်။

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် မြို (ခေါ်) ခမိ အမျိုးသားညီညွတ်ရေးပါတီအဖြစ် တရားကြေငြာပြီး ဥက္ကဋ္ဌ နေရာတွင် ဦးစံသာအောင်အဖြစ် တာဝန်ယူခဲ့ပါသည်။

၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု မဲဆန္ဒနယ် (၅) နေရာ ဝင်ရောင်ယှဥ်ပြိုင်ခဲ့ သည်။

ထိုပုဂ္ဂိုလ်တို့မှာ

1. ဦးမောင်ဘိန် (ပေါက်တောမဲဆန္ဒနယ်)

2. ဦးမောင်ကျော်ဦး ( ပုဏ္ဏားကျွန်း မဲဆန္ဒနယ်)

3. ဦးစံသာအောင် (ကျောက်တော်မဲဆန္ဒနယ်)

4. ဦးမောင်ထွီး ( မြောက်ဦး မဲဆန္ဒနယ်)

5. ဦးဝင်မောင် ( ပလက်ဝ မဲဆန္ဒနယ်) တို့ဖြစ်ပါသည်။

ယင်းမဲဆန္ဒနယ် (၅) နေရာ ဝင်ရောက်ယဥ်ပြိုင်ခဲ့ရာ၌ ကျောက်တော်မဲဆန္ဒရှင်နယ်မှ ဦးစံသာအောင်က သူရဗိုလ်ချုပ်စောဖြူ (လေတပ်) နှင့် ဦးသာထွန်းတို့ ကို အနိုင်ရရှိခဲ့ပါသည်။ ၁၉၉၂ ခုနှစ် ဧပြီလ (၂၃) ရက်နေ့တွင် ဗိုလ်ချုပ်မှုးကြီးစောမောင်ကို ဖြုတ်ချပြီး ဗိုလ်ချုပ်မှုးကြီး အာဏာရယူပြီး ၁၉၉၂ ခုနှစ် ဧပြီလ (၂၄) ရက်နေ့တွင် အစိုးရမှ အမျိုးသားညီလာခံခေါ်ယူရေး အစည်းအဝေးကို ခေါ်ယူမည်ဖြစ်ကြောင်းကြေငြာခဲ့ပါသည်။

၁၉၉၂ ခုနှစ် ဇူလိုင်လလောက်တွင် အကြိုညှိနိုင်းအစည်းအဝေးပြုလုပ်ပြီး ထိုအကြိုအစည်းအဝေးတွင် ဦးစံသာအောင် တက်ရောက်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီ (၉) ရက်နေ့တွင် သမ္မတ အိမ်တော် အစည်းဝေးခန်းမ အလုံလမ်းတွင် အမျိုးသားညီလာခံကျင်းပခဲ့ပါသည်။

ယင်းညီလာခံသို့ မြို (ခေါ်) ခမိ ပါတီမှ ဦးစံသာအောင် နှင့်တကွ ဗဟိုကော်မတီ (၅) ဦးတက်ရောက်ခဲ့ပါသည်။ ဦးစံသာအောင်မှာမူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေဖြင့် တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး သဘာပတိ အနေဖြင့်လည်းပါဝင်ခဲ့ပါသည်။ ၎င်းညီလာခံသို့ တက်ရောက်ခဲ့သော

ပုဂ္ဂိုလ်များမှာ.....

1. ဦးသာဘန်းအောင် (ဘူးသီးတောင်)

2. ဦးမောင်ဘိန် (ခေါ်) ဦးခင်မောင်သိန်း

3. ဦးမောင်ထွီး (မြောက်ဦး )

4. ဦးမောင်ကျော်ဦး (ပုဏ္ဏားကျွန်း)

5. ဦးဝင်းမာ (ပလက်ဝ) တို့ ဖြစ်ပါသည်။

ထိုအပြင် ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် နိုင်ငံတော်အခြေခံဥပဒေမှုကြမ်း ရေးဆွဲရေးကော်မရှင်ကို အဖွဲ့ဝင် (၅၄) ဦးဖြင့် ဖွဲ့စည်းရာတွင်ပါဝင်ခဲ့ပါသည်။ ၂၀၀၈ အခြေခံဖွဲ့စည်းပုံရေးဆွဲရာတွင်လည်း ပါဝင်ခဲ့သူဖြစ်ပါသည်။ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ် မြို(ခေါ်) ခမိ ပါတီ အမည်ကို မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ အဖြစ်ပြောင်းလဲခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်(၅) နေရာတွင် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါသည်။