စိုးညွန့် (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

→‎စာပေရေးသားခြင်း: လင့်ခ်များပေါင်းထည့်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
Link ဖြည့်စွက်ခြင်း
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၀ -
ထီလာစစ်သူသည် ထင်ရှား ကျော်ကြား လှသော မဲခေါင်မြစ်မှ အိုရွက်ဝါ ကဗျာ စာအုပ်သည် ၁၉၆၂ ခုနှစ်က မြန်မာ နိုင်ငံတွင် အစောဆုံး စာပေဆု ဖြစ်သော [[စာပေဗိမာန်စာမူဆု]]ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုစာပေဗိမာန် ဆုရ မဲခေါင်မြစ်မှ အိုရွက်ဝါ ကဗျာ စာအုပ်ကို နယ်သာလန် နိုင်ငံ စတီဖင် စာအုပ်တိုက်မှ အင်္ဂလိပ် ဘာသာဖြင့် ရိုက်နှိပ် ရောင်းချ ခဲ့သည်။ ဘာသာ ပြန်ဆိုမှာ အရှင် အာနန္ဒာ ဖြစ်သည်။ ထို့အပြင် ထီလာစစ်သူ၏ ၂ဝ ရာစုနှစ် မြန်မာ စာဆိုနှင့် မြန်မာ ကဗျာ (ဂုဏ်ဝင်း) စာအုပ်သည် ၁၉၉၃ ခုနှစ်တွင် [[အမျိုးသား စာပေဆု]] ချီးမြှင့်ခြင်း ခံရသည်။
 
ထီလာစစ်သူ၏ စာများ အနက် စီးဆင်းရစ်လေဦး ဧရာဝတီ စာအုပ်နှင့် ၂ဝ ရာစု မြန်မာ စာပေနှင့် မြန်မာ ကဗျာများ( [[(ငွေတာရီ]]၊[[နုယဉ်]]၊ [[မင်းယုဝေ]]၊[[ဘုတလင် ချစ်လေး]]၊ [[ဂုဏ်ဝင်း၊ စာရေးဆရာ|ဂုဏ်ဝင်း]]၊[[နောင်]]) စာအုပ်နှင့် လောကအမြင် စာအုပ် သည်လည်း စာပေ သမိုင်း မှတ်တိုင်များ အဖြစ် ထင်ရှား ကျန်ရစ်လျက် ရှိသည်။
 
၁၉၉၆ ခုနှစ်၊ အောက်တိုဘာလတွင် ဂျပန်နိုင်ငံ Indochina Venturn Forum အသင်းကြီးက ကမ္ဘာ့ စာပေ လောကတွင် ထင်ရှားသော မဲခေါင်မြစ်မှ အိုရွက်ဝါ ကဗျာ စာအုပ် အတွက် (The great Poet Laureate) ကဗျာ သရဖူဘွဲ့ကို ချီးမြှင့် ပေးခဲ့သည်။ ၂ဝဝဝ ပြည့်နှစ်၊ မတ်လတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ (Min-on) အနုပညာ ကဇာတ် အဖွဲ့မှ ဂုဏ်ထူးဆောင် အဖွဲ့ဝင် အဖြစ် ခန့်အပ် ချီးမြှင့်ခြင်း ခံရသည်။