ပျား: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၄၆ -
ပျား၌ ခြေခြောက်ချောင်းရှိသည်။ ခြေချောင်းများ၌ သေးငယ်သော လက်သည်းနှင့်စေးကပ်သော ခြေဖျားများ ပါရှိ၏။ ထို့ကြောင့် ပွင့်ဖတ်များကို တွဲလွဲခိုခြင်း၊ ပျားလပို့တွင် ပတ်လက်လျှောက်ခြင်းများကို ကောင်းစွာပြုနိုင်သည်။ ခြေတွင် အစေးပါသဖြင့် ဝတ်မှုန်ကပ်၍ ပါနိုင်ရာ ဤသို့အားဖြင့် တစ်ပင်မှတစ်ပင်သို့ ဝတ်မှုန်ကူးစေနိုင်သည်။
 
ပျား၌ ရန်သူကို ကာကွယ်ရန် အစွယ်ရှိ၏။ အစွယ်သည် ဝမ်းပိုင်းနောက်နားတွင် ရှိသည်။ အစွယ်သည် ကိုယ်အလျား၏သုံးပုံတစ်ပုံခန့် ရှည်၏။ လုပ်သားပျားများသည် ရန်သူအား အစွယ်ဖြင့် တုတ်၍ ခုခံကြရာ၌ သေကြရ၏။ မိမိတို့ အစွယ်များကို ရန်သူ၏ကိုယ်တွင်း ထိုးလိုက်ပြီးနောက် ပြန်၍ မနုတ်ယူနိုင်ကြပေ။ ထို့ကြောင့် သူတို့၏အသက် အန္တရာယ်မပြုသရွေ့ ပျားတို့သည် တုတ်လေ့မရှိချေ။ ပျားဘုရင်မများကမူ ရန်သူကို အစွယ်ဖြင့် တုတ်ပြီးနောက် ပြန်လည်နုတ်ယူနိုင်၏။ ပြိုင်ဖက်ပျားဘုရင်မချင်းသတ်ရာ၌ အစွယ်ြဖင့်အစွယ်ဖြင့် ထိုးသတ်လေ့ရှိကြသည်။ ပျား၏အစွယ်တွင် ဖောမစ်အက်ဆစ်ပါသဖြင့် ပျားတုတ်ခံရသူသည် အစွယ်ကို ညှစ်မထုတ်ဘဲ ခွဲထုတ်ယူသင့်သည်။ ညှစ်ထုတ်ပါက ယင်းအဆိပ်များ အသားထဲသို့ဝင်၍ ကိုက်ခဲနာကျင်တတ်သည်။
 
ပျားဘုရင်မသည် မိတ်လိုက်ရန်အတွက် လေထဲ၌ ဝဲပျံနေတတ်၏။ ထိုအခါ ပျားထီးများ ထွက်လာ၍ လိုက်ကြ၏။ ပျားဘုရင်မသည် အမြင့်ဆုံးသို့ ပျံတက်ရာ၌ အသန်မာဆုံးပျားထီးသည် ယင်း၏နောက် လိုက်၍ မိတ်ဖက်ကြ၏။ မိတ်ဖက်ပြီးနောက် ပျားထီးသည် သေဆုံးသွားလေသည်။ ပျားဘုရင်မသည် ပျားအုံသို့ ပြန်လာ၍ ဥများအု၏။ တစ်ကြိမ်မိတ်လိုက်ရုံနှင့် ပျားဘုရင်မသည် တစ်သက်လုံး ဥများအုနိုင်၏။ တစ်နေ့လျှင် ဥပေါင်း ၅၀၀၀ အထိ အုနိုင်သည်။ မသေမီ ဥပေါင်း တစ်ကုဋေမျှ အုနိုင်သည်။ ပျားဘုရင်မ၏သက်တမ်းသည် ၃-၄နှစ် ဖြစ်၏။ အချို့မှာလည်း ၁၅နှစ်အထိပင် အသက်ရှင်နေနိုင်၏။
"https://my.wikipedia.org/wiki/ပျား" မှ ရယူရန်