ရာဇာဓိရာဇ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၇ -
အရွယ်ရောက်သော် ခမည်းတော် ဗညားဦးနှင့် စန္ဒာဒေဝီ မိဖုရားတို့မှ ဖွားမြင်သော တလမည်ဒေါ မင်းသမီးတို့ သင့်ရာမှ ဗောလောကျန်းတော မည်သော သားတော်ကို ရရှိသည်။ နောင်တွင် အင်းဝမင်းခေါင်၏ သားတော် [[မင်းရဲကျော်စွာ]]သည် ဤ [[ဘောလောကျန်းထော|ဗောလောကျန်းတော]] သေ၍ ဝင်စားသည်ဟု အဆိုရှိသည်။
 
==မင်းအဖြစ်ရောက်ခြင်း==
 
ဗညားဦး လက်ထက်တွင် ရာဇာဓိရာဇ်သည် အရီးတော် မဟာဒေဝီ အကောက်ကြံ၍ ပဲခူးနေပြည်တော်တွင် မနေသာဘဲ ဒဂုန်သို့ ထွက်သွား၍ ခြားနားသည်။ သက္ကရာဇ် ၇၄၅ ခုနှစ်တွင် ခမည်းတော်ဗညားဦး နတ်ရွာစံလျှင် ပဲခူးမြို့ကို အလွယ်တကူ သိမ်းယူ၍ မင်းပြုလေသည်။
 
ရာဇာဓိရာဇ်သည်ကား [[ဝါရီရူးမင်း|ဝါရီရူး]]ဘုရင်များတွင် အထင်ရှားဆုံး ဘုရင် ဖြစ်သည်။ ရာဇာဓိရာဇ် မင်းဖြစ်စတွင်ပင် ဦးရီးတော် မြောင်းမြမြို့စား လောက်ဖျားက အင်းဝ[[မင်းကြီးစွာစော်ကဲ]]ကို ချီပင့်သဖြင့် အင်းဝနှင့် စစ်ဖြစ် ရသည်။
 
==အနှစ်၄၀စစ်ပွဲ==
 
ထိုအချိန်မှစ၍ မြန်မာရာဇဝင်တွင် ကျော်ကြား သော အနှစ် ၄ဝ ကြာ ပဲခူး-အင်းဝ စစ်ပွဲကြီး စတင်လေ သည်။ ဤစစ်သည် ရာဇာဓိရာဇ်နှင့် မင်းကြီးစွာစော်ကဲတို့ လက်ထက်တွင် စတင်ဖြစ်ပွားခဲ့လျက်၊ မင်းကြီးစွာစော်ကဲ နတ်ရွာစံလွန်သွားသောအခါ သားတော်မင်းခေါင်သည် စစ်ကို ဆက်လက်ဆင်နွဲပြန်၏။ ရာဇာဓိရာဇ်နှင့် မင်းခေါင် နတ်ရွာစံ ပြီးနောက် တိုက်ခိုက်မှုများ ခေတ္တရပ်စဲခဲ့သည်။ ထို့နောက် ရာဇာဓိရာဇ်သားတော် ဆင်ဖြူရှင်သီဟသူတို့ လက်ထက်တွင် ဆက်လက်ဖြစ်ပွားသည်။ နောက်ဆုံးတွင် ဗညားဓမ္မရာဇ်၏ ညီတော် ဒဂုန်ကိုစားရသော ဗညားရံက ဆင်ဖြူရှင်သီဟသူအား နှစ်မတော် ရှင်စောပုကို ဆက်၍ မဟာမိတ်ပြုကာ စစ်ပြေငြိမ်း လိုက်ရာတွင်မှ အပြီးတိုင်ခဲ့သည်။
 
စာကြောင်း ၅၈ -
စင်စစ်သော်ကား အခြားသောနိုင်ငံများကဲ့သို့ပင် လူစွမ်း ပြလိုခြင်း၊ အနိုင်ရ၍ ဂုဏ်ယူလိုခြင်း၊ လက်စားချေလိုခြင်း စသော ရည်ရွယ်ချက်တို့ကြောင့် စစ်ဖြစ်ရလေသည်။၇၈၃ ခုနှစ်တွင် အင်းဝဘုရင်မင်းခေါင် နတ်ရွာစံပြီး နောက် စစ်မက်ရေးရာမှာ ငြိမ်သက်သွား၏။ ထို ၇၈၃ ခုနှစ်တွင်ပင် ရာဇာဓိရာဇ်လည်း တောကစား ရင်း ဆင်ဖမ်းရာတွင် ဒဏ်ရာသဖြင့် ထိုဒဏ်ရာကြောင့်ပင် ကံကုန်လေသည်။
 
==မင်းမှူထမ်းများ==
ရာဇာဓိရာဇ်မင်းသည် ဆင်စီး၊ မြင်းစီး၊ စစ်ဆင်၊ စစ်ထိုး၊ အတတ်များကို ကောင်းစွာ တတ်ကျွမ်း၏။ အမတ်ဒိန်မဏိရွတ်၊ ဗိုလ်မင်းဗြာတ်စ၊ လဂွန်းအိမ်၊ သမိန်ဗရမ်း စသော သူရဲကောင်း အမှုထမ်းတို့ ပေါများသည်။ မှူးမတ်သူရဲကောင်းတို့ တိုက်ပွဲ တွင် ထိခိုက်ရှနလျှင် ကိုယ်တော်တိုင် ပြုစုတော်မူတတ်သဖြင့် သက်စွန့်ကြိုးပမ်း အမှုထမ်းသူ ပေါများလှလေသည်။ရာဇာဓိရာဇ်သည်ကား မြန်မာ့သမိုင်းတွင် ဝါရီရူးဘုရင်များအနက် အထက်မြက်ဆုံးမင်း၊ သူရဲကောင်းများကို ချစ်ခင်လေးစားတတ် သောမင်းအဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)</ref>