ဘိန်းစာပင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၃၁ -
နိုင်ငံပေါင်း ၁၆ နိုင်ငံတွင် ဘိန်းစာအပင်နှင့်အရွက်အား တရားမဝင်ပစ္စည်းအဖြစ်သတ်မှတ်ထားပြီး ၂၀၁၄ ခုနှစ်အတွင်း FDA က ဘိန်းစာရွက်အား ဖြည့်စွက်စာအဖြစ် အသုံးပြုရန် တင်သွင်းခြင်းနှင့် ထုတ်လုပ်ခြင်းကို တားမြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်မှစ၍ ဘိန်းစာရွက် အသုံးပြုခြင်းမှ ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်မှုဖြစ်နိုင်ချေနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စိုးရိမ်မှုများတိုးများလာနေသည်။ အချို့သောတရားစီရင်မှုများတွင် အဆိုပါအရွက်နှင့်အပင် ရောင်းချခြင်းနှင့်တင်သွင်းခြင်းကို ကန့်သတ်ထားသည်။ ပြည်သူ့ကျန်းမာရေးအာဏာပိုင်များကလည်း သတိပေးချက်များထုတ်ပြန်ခဲ့ကြသည်။
 
==ဖော်ပြချက်==
ဘိန်းစာပင် သည်အမြဲစိမ်းသစ်ပင်ဖြစ်ပြီး ၂၅ မီတာ (၈၂ ပေ) အထိကြီးထွားနိုင်သည်။ ၎င်း၏ ပင်စည်သည် အချင်း ၀.၉ မီတာ (၃ ပေ) အထိကြီးထွားနိုင်သည်။ ပင်စည်သည် ယေဘုယျအားဖြင့်ဖြောင့်မတ်ပြီးအပြင်ဘက်အခေါက်သည်ချောမွေ့ကာ မီးခိုးရောင်ဖြစ်သည်။ အရွက်များသည်အစိမ်းရင့်ရောင်ရှိပြီးတောက်ပသည်။ ၁၄-၂၀ စင်တီမီတာ (၅.၅-၇.၉ လက်မ) ရှည်လျားပြီးအပြည့်အဝပွင့်သောအခါ ၇-၁၂ စင်တီမီတာ (၂.၈–၄.၇ လက်မ) ကျယ်နိုင်သည်၊ ovate-acuminate ပုံစံနှင့် ရွက်ကြော ၁၂- ၁၇စုံရှိပြီး ဆန့်ကျင်ဘက်ပုံစံ ကြီးထားကြသည်။ ပန်းပွင့်သည် အကိုင်းအခက်များအဆုံးတွင် သုံးစုတွင်ပေါက်သည်။ ဝတ်ဆံအိမ်သည် (calyx-tube) သည် ၂ မီလီမီတာ (၀.၀၈ လက်မ) ရှည်ပြီး ဝတ်ဆံခေါင်း ၅ခုရှိသည်၊ corolla-tube သည် ၂.၅–၃ မီလီမီတာ (0.098-0.12 in) ရှည်လျားသည်။
==ကိုးကား==
<references/>