ကချင်လူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၁ -
ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း ကချင် လူမျိုးတို့ နေထိုင်ရာ အချက်အခြာဒေသမှာ [[ချင်းတွင်းမြစ်]]ဖျားနှင့် [[ဧရာဝတီမြစ်]]ဖျားတို့ ဖြတ်သန်း စီးဆင်းရာ ဒေသတဝိုက် ဖြစ်သည်။ မြောက်လတ္တီကျု ၂၃ံ ၃၇' နှင့် ၂၈ ံ ၂၅' အကြား ၊ အရှေ့လောင်ဂျီကျု ၉၆ ံ နှင့် ၉၈ ံ ၄၇' ကြားဖြစ်သော အာသံပြည် အရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် - မြန်မာ နယ်စပ်အလွန် ဒေသများတွင် ပျံ့နှံ နေထိုင်ကြသည်။ ၁၉၃၁ မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ ကချင်လူမျိုး ဦးရေမှာ ၁၅၃၀၀ဝ ကျော် ရှိသည်။ ထိုအရေအတွက်တွင် [[သန်းခေါင်စာရင်း]] မကောက်ယူနိုင်ခဲ့သော ဒေသများလည်း ရှိခဲ့သည်။
 
[[ကချင်ပြည်နယ်]]တွင် မူလ အရင်းခံနေထိုင်ခဲ့ကြသော စုစုပေါင်းလူမျိုး ၆ မျိုးပေါင်းကာ '''ကချင်လူမျိုး''' ဟုခေါ်ဆိုသည်။ ၄င်းလူမျိုး ၆ မျိုးမှာ [[ဂျိန်ဖော့လူမျိုး|ဂျိန်ဖော့]]၊ [[လီဆူလူမျိုး|လီဆူ]]၊ [[ဇိုင်ဝါလူမျိုး|ဇိုင်ဝါ]]၊ [[လောေ်ဝါ်]]၊ [[လချိပ်လူမျိုး|လချိပ်]] နှင့် [[ရဝမ်လူမျိုး]]တို့ ဖြစ်ကြသည်။ ၄င်း လူမျိုး ၆ မျိုးပေါင်း စုစုပေါင်း လူဦးရေမှာ စုစု ပေါင်း ၂ သန်းခန့်ရှိသည်ဟု ခန့်မှန်းကြသည်။
စာကြောင်း ၃၀ -
ကချင်လူမျိုးများသည် ကခုတ်ခြင်း ၊ သီဆိုခြင်းများတွင် အထူး ဝါသနာထုံသော လူမျိုးများ ဖြစ်ကြသည်။ မင်္ဂလာ ပွဲများတွင်၄င်း ၊ အသုဘကြံုသည့် အခါတွင်၄င်း ၊ အခြားနတ်ပွဲများတွင်၄င်း အစုလိုက် အပြံုလိုက် သီဆိုကခုန်လေ့ ရှိကြသည်။ တစ်ယောက်တည်း ကခုန်ခြင်းကား နည်းပါးလှသည်။ ယောကျ်ားနှင့် မိန်းမ တွဲဖက်၍ ကကြသော်လည်း တစ်ဦးကိုတစ်ဦး ကိုင်တွယ်ခြင်း မရှိကြချေ။ တစ်ဦးကိုတစ်ဦး သားမွေးယပ်တောင်များဖြင့်သာ ဆက်သွယ်လေ့ ရှိကြသည်။ ကချင်ပြည်နယ်တွင် ထင်ရှားကျော်ကြားလှသော ပွဲတော်ကြီး တစ်ခုမှာ “ မနောပွဲ” ခေါ် နတ်ပူဇော်ပွဲကြီးပင် ဖြစ်သည်။ ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင့် မောင်း ၊ လင်းကွင်း ၊ ဗုံရှည် နှင့် ပလွေတို့ကို တီးမှုတ်လေ့ရှိသည်။
 
=== မနောပွဲ ===
မနောပွဲတော်ကို မြန်မာပြည်တွင် မှီတင်းနေထိုင်သည့် လူမျိုးများစွာမှ လူမျိုးတစ်မျိုးဖြစ်သာ ကချင်လူမျိုးများ နှင့် ယှဉ်တွဲသိရှိကြသည်။ အဆိုပါ ပွဲတော်ကျင်းထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကို ဇန်နဝါရီလတွင် ကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက် (၃) ခုရှိသည်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း၊ တိုက်ပွဲများကိုအောင်နိုင်ခြင်းနှင့် လူမျိုးစုပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ကျင်းပခြင်းဟူ၍ ဖြစ်သည်။ မနောပွဲတော်ကို ကျယ်ဝန်းသော ကွင်းပြင်အလယ်တွင် မနောတိုင်ထောင်ထား၍ကျင်းပသည်။ အဆိုပါ မနောတိုင်ထောင်ထားရာကွင်းလယ်သို့ ရိုးရာဝတ်စုံများဝတ်ဆင်ထားသော ကချင်အမျိုးသားအမျိုးသမီး
တို့သည် မတ်တပ်ရပ်၍ လှည့်ပတ်ကခုန်ကြသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်တစ်ခုဖြစ်ပေသည်။
စာကြောင်း ၃၈ -
ကျင်းပချိန် နှစ်စဉ် ဇန်နဝါရီလ
 
== ဘာသာအယူဝါဒနှင့် စာပေ ==
=== ဘာသာ ===
ကချင်မျိုးနွယ်စုအသီးသီးတွင် ယခင်က(လွန်ခဲ့သော နှစ် ၁၀ဝကျော်) ဘာသာစကားတို့သာရှိခဲ့ပြီး စာပေမှာမူမရှိခဲ့ပေ။
ကိုးကွယ်မှုဆိုင်ရာ အနေဖြင့် ခရစ်ယာန်သာဿနာပြုများမရောက်မှီအချိန်အထိ နတ်ကိုးခြင်းသည်သာ အဓိက ကိုးကွယ်မှုဖြစ်ခဲ့ကြသည်။ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များဖြစ်လာကြသည့်တိုင် မနောတိုင် မှာထင်ရှားသည့်ရိုးရာအမှတ်အသားအဖြစ်ကျန်ရှိနေဆဲဖြစ်သည်။
=== အယူဝါဒ ===
ကချင်လူမျိုးများ သေလှျင် သူတို့ သချိံုင်း ပတ်ပတ်လည်တွင် ကျံုးသဖွယ် မြောင်းများ တူးထားပြီးလှျင် သချိံုင်းပေါ်တွင် ခိုင်ခန့်သော တင်းကုတ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့သေပြီးနောက် ဝိညာဉ်များမှာ ရှေးအဘိုးအဘွားများ၏ ဝိညာဉ်များ ရှိရာသို့ သွားရောက် ပူးပေါင်းကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလှျင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓါး ၊ လှံ ၊ သေနတ်နှင့် အဝတ်အစားများကို သူနှင့်အတူ မြှုပ်နှံလေ့ရှိသည်။
=== စာပေ ===
ကချင်စာပေသည်လည်း အချို့သော တိုင်းရင်းသားစာပေတို့နည်းတူပင် (ဥပမာ ချင်းစာပေ)
သာသနာပြုရောက်ရှိလာသော ဆရာကြီးများက ရိုးရာအသံထွက်စနစ်ကိုရေးသားနိုင်ရန် အင်္ဂလိပ်အက္ခရာများအသုံးပြုပြီး တီထွင်ဖေါ်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
စာကြောင်း ၅၅ -
 
{{မြန်မာပြည် လူမျိုးများ}}
{{DEFAULTSORT:က|ကချင်‌လူမျိုး}}
 
[[Category:က]]
[[Category:ပြည်ထောင်စုသားလူမျိုးများ]]
{{DEFAULTSORT:က|ကချင်‌လူမျိုး}}
 
[[ca:Katxin]]