သော်တာဆွေ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
→‎အိမ်ထောင်ရေး: သဒ္ဒါပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃၂ -
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် [[ရန်ကုန်မြို့]]ကို [[ဂျပန်နိုင်ငံ|ဂျပန်]]တို့ ဗုံးကြဲသဖြင့် ရန်ကုန်မှ ဇာတိရွာသို့ ပြန်လာခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှ ဒေါ်နော်မာ နှင့် အိမ်ထောင်ကျကာ ဒေါ်ဦးဦးမေ၊ ဦးကျော်ကျော်၊ ဒေါက်တာ အောင်သော်၊ ဒေါ်မော်မော် နှင့် ဒေါ်သန်း⁠သန်းဆွေ စသည့် သားသမီးများ ထွန်းကားခဲ့သည်။
 
၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်ခေတ်တွင် မြင်းလှည်းသမားဘဝဖြင့် အသက်မွေး ကျင်လည်ခဲ့ပြီး မဟာမိတ်တို့ရန်ကုန်ကို ပြန်လည်သိမ်းပိုက်ပြီး ကက်စဘီခေတ်တွင် ကြို့ပင်ရွာသို့ ပြန်ခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဖခင်၏ စီစဉ်မှုဖြင့် ပေါင်းတည်မှ [[မန္တလေးတိုင်း|မန္တလေး]]သို့ ဆန်ကုန်ကူးခဲ့သည်။ ထိုနောက် ကသာ၊ မြစ်ကြီးနားမြို့များအထိ ဆန်ကုန်ကူးသည်။ အရင်းပြုတ်ပြီး ကသာတွင်ပင် မသူနှင့်ထပ်မံအိမ်ထောင်ကျသည်။ ၄ လခန့် ပေါင်းသင်းပြီး ဖခင်၏ ခေါ်ဆိုမှုကြောင့် မသူနှင့် ကွာရှင်း၍ ပေါင်းတည်သို့ ပြန်လာခဲ့သည်။ မသူနှင့်အိမ်ထောင်ပြုလာခဲ့သည်ကိုသိရှိသွားကာ ဖခင်က ထိုခေတ်က ငွေ ၁၀၀ ကျပ်ပေးကာ အိမ်မှ ထပ်မံနှင်ချလိုက်သည်။ ထို့နောက် မသူနှင့် ကွာရှင်းခဲ့သည်။
 
၁၉၅၅ တွင် ဒေါ်ခင်မေရီ (အန်တီမေ) နှင့် အိမ်ထောင်ပြုလိုက်သည်။