ဂျွန် ဂျယ်လီကို: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီးNo edit summary |
No edit summary စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit |
||
စာကြောင်း ၁ -
[[File:John Jellicoe, Admiral of the Fleet.jpg|thumb|နယူးဇီလန်၏ ဒုတိယ ဘုရင်ခံချုပ် ဂျွန် ဂျယ်လီကိုး]]
ဗြိတိသျှ ရေကြောင်းဖက်တွင် ထင်ရှားသောပုဂ္ဂိုလ်ကြီးများ တွင် ဆာဂျွန်ရပ်
ဂျယ်လီကိုသည် ရေတပ်သို့ဝင်ပြီး၍ ၈ နှစ်ကြာသောအခါ ရေတပ်ဗိုလ်ကြီးရာထူးသို့ တိုးမြှင့်ပေးခြင်းခံရသည်။ ဂျယ်လီ ကိုသည် ရေကြောင်းဖက်တွင် အမှုထမ်းသက်ရင့်လေလေ၊ အရည်အချင်း တိုးတက်ထူးချွန်လေလေဖြစ်ရကား အရေးကြီးသော တာဝန်များကို ရွပ်ရွပ်ချွံချွံ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဆုတံဆိပ်မြောက်မြားစွာဖြင့် ခြီးမြှင့်ခြင်း ခံရလေသည်။ ရာထူးများလည်း တိုးတက်လာလေသည်။ ၁၉ဝ၇ ခုနှစ်တွင် ရေကြောင်း ဗိုလ်ချုပ်ကလေးအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီးတွင် ဂျယ်လီကိုသည် ရေကြောင်း သေနာပတိချုပ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရ၍ မဟာရေတပ်မတော်ကို အုပ်ချုပ်ရသည်။ ၁၉၁၆ ခုနှစ် မေလ ၃၁ ရက်နေ့တွင် တိုက်ခိုက်သော ဂျတ်တလန်စစ်ပွဲတွင် ဂျာမန် ရေတပ်ကြီးကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နှိမ်နင်းလိုက်သောကြောင့် ဘွဲဲ့ထူးဂုဏ်ထူးများစွာဖြင့် သူကောင်းပြုခြင်း ခံရလေသည်။
ထိုနှစ် နိုဝင်ဘာလမှစ၍ ပထမရေကြောင်းဆိုင်ရာ အမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၁၈ ခုနှစ်တွင် ဗိုင်းကောင့်ခေါ် သူကောင်းဘွဲ့ဖြင့် ချီးမြေ|ာက်ခြင်း ခံရပြီးနောက် ၁၉၁၉ ခုနှစ်တွင် ရေကြောင်းဗိုလ်ချုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထိုကြောင့် ဂျယ်လီကိုသည် ပထမကမ္ဘာစစ်၏ ရေကြောင်းအာဇာနည်အဖြစ် ယခုတိုင် ကျော်ကြားလျက် ရှိသည်။ ၁၉၂ဝ ပြည့်နှစ်မှ ၂၄ ခုနှစ်အထိ နယူးဇီယန်ကျွန်းတွင် ဘုရင်ခံချုပ် ဖြစ်လာသည်။ ၁၉၂၅ ခုနှစ်အထိ ပဉ္စမဂျော့ဘုရင်မင်းမြတ်က'အား'ခေါ် သူကောင်းဘွဲ့ဖြင့် မှူးမတ်ငယ်အဖြစ်
== ကိုးကား ==
|