ကျိုက်ထီးရိုးဘုရား: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎သမိုင်း: စာသား ျပင္ဆင္ခဲ့သည္။
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၇ -
နောက်နေ့ရက်များမကြာမီ မွတ်လအိတောင်က ကပ္ပရသေ့၊ မွတ်လအပ်တောင်က နာဒရ ရသေ့၊ ဝါဂရုနယ် လမိုင်း [[ကေလာသစေတီတော်|ကေလာသ]] တောင်က ရသေ့၊ ကျိုက္ကမီတောင်က ရသေ့၊ ကော့ယက္ခဇုပ်သွတ် ကျွန်းက ဘီလူးညီနောင် ၂ ယောက်၊ ဒိုးယွန်းတောင်က ရသေ့၊ ဆောင်ခဲတောင်က အလ္လကပ္ပရသေ့၊ ပေါင်းပုဂ္ဂိုလ် ၇ ဦးတို့ အဖူးအမြော်ရောက်ကြသဖြင့် အထက်ကနည်းတူ ဆံတော်တစ်ဆူစီ ပေးသနားတော်မူခဲ့သည်။ တိဿဓမ္မသီဟရာဇာမင်းအားလည်း ဆံတော် ၂ ဆူ ချီးမြှင့် ပေးသနားတော်မူခဲ့လေသည်။
ဒိုးကမော့ခလွံဂလိုင်းတောင်က ဗုဒ္ဓဉာဏရသေ့၊ ဒိုးခလွန်တောင်က ရသေ့နှင့် [[ကုသိနာရုံတောင်]]က ရသေ့တို့သည် မိမိတို့ရရှိထားသော ဆံတော်ဓာတ်များကို ဌာပနာခြင်းမပြုကြပဲ သိမ်းဆည်းထားကြသည်။ ကာလအတန်ကြာလတ်သော် ဒိုးခလွန်ရသေ့နှင့် ကုသိနာရုံရသေ့တို့မှာ အိုမင်းမစွမ်းရှိကြသည့်အပြင် အာနရောဂါစွဲကပ်လာသည်နှင့် မကွယ်လွန်မီ မိမိတို့ရရှိထားသော ဆံတော်များကို ဗုဒ္ဓါဏရသေ့အား ပေးအပ်ခဲ့လေသည်။
ဗုဒ္ဓါဏရသေ့သည် ဆံတော်ဓာတ် ၃ ဆူကို မပျောက်မပျက်ရအောင် မိမိ၏ ဆံကျစ်အတွင်း၌ စည်းနှောင်ထားလေ၏။ နောင်နှစ်ကာလ အတန်ကြာလတ်သော် အနာရောဂါနှိပ်စက်သဖြင့် ရသေ့ကြီးသည် အကယ်၍ မိမိကွယ်လွန်သွားခဲ့သော် ဆံတော်ဓာတ် ၃ ဆူကို မည်သို့ မည်ပုံထားခဲ့ရမည်နည်းဟု တွေးတောပူပန်ခြင်း ဖြစ်မိလေသည်။ ထိုအခါ သိကြားမင်းသည် လူ့ပြည်ဆင်း၍ ရသေ့ကြီး၏ ဆန္ဒအတိုင်း ရသေ့ကြီးဦးခေါင်းနှင့် တူသော ကျောက်တုံးကို ရှာဖွေကာ ကျောက်တုံးထဲကို သန်လျက်နှင့် ထွင်း၍ ဆံတော်တစ်ဆူကို ဌာပနာခဲ့လေသည်။မွန်လူမျိုးတို့ဌာပနာခဲ့လေသည်။ဘုရား တည်ထားကိုယ်ကွယ်ခဲ့သည်ဘွဲ့တော်မှာ ထိုသို့ရသေ့၏ ကျောက်တုံးပေါ်တွင်ဦးခေါင်းသဏ္ဌာန်နှင့် တည်ထားခဲ့သောတူသောကျောက်တုံးပေါ်၌ စေတီတော်ကိုတည်ထားသောကြောင့်လည်းကောင်း၊ မွန်ဘာသာဖြင့်မြတ်စွာဘုရား၏ ကျိုက်ဣသိယို၊သျောင်တော်ခေါ် မြန်မာဘာသာဖြင့်ဆံတော်ကို ရသေ့ဦးခေါင်းဌာပနာထားသောကြောင့်လည်းကောင်း ဘုရားဟုခေါ်၏။ပါဠိဘာသာ ဣသီ-ရသေ့ရဟန်းနှင့် ရှေးဟောင်းဗမာဘာသာ သျောင်ဟူသော ဝေါဟာရနှစ်မျိုးပေါင်းပြီး ဣသီသျောင်ဘုရား၊ ဣသီယောင်ဘုရားဟု သမုတ်ကြလေသည်။ မွန်တို့ကမူ ယင်းတို႔ဘာသာဖြင့် ကျိုက်ဣသိယိုဟု သမုတ်ခေါ်ဝေါ်ကြလေသည်။ နောင်ကာလကြာလတ်သော် ကျိုက်ဣသိရိုးမှ ကျိုက်ထီးရိုးဟု စကားရွေ့လျောလာလေသည်။ ကျန်ဆံတော် ၂ ဆူကိုလည်း သိကြားမင်းက ဒိုးခလွန်တောင်နှင့် ကုသိနာရုံတောင်များတွင် အသီးသီးဌာပနာပေးခဲ့ကြောင်းကို သမိုင်းများတွင် ဆိုသည်။ ထိုစေတီတော်များမှာ ကေလာသနှင့် ကုသိနာရုံဟု ထင်ရှားသည်။
 
== ယနေ့ခေတ်အမြင် ==