ဆိုကရေးတီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Adding: mrj:Сократ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၄ -
 
သို့သော်လူတို့၏ စကားများမှာ ပရိယာယ်ကြွယ်ဝသလောက်အနှစ်သာရကင်းမဲ့လေသည်။ ဆိုကရေးတီးက ဤသို့ အပေါ်ယံရွှေမှုန်ကြဲသည့် ပညာမျိုးသည် လူတို့အားပညာအလင်းရောင်မပေးသည်သာမက၊ ယုံမှားသံသယ ဖြစ်စေပြီးလျှင်၊ ပို၍ရှုပ်ထွေးစေသည်ဟု ယူဆသဖြင့်
ယင်းကိုရှောင်ကြဉ်လေသည်။ ဆိုကရေးတီး၏ဝါဒသည်ကား၊မိမိ၏ ကိုယ်ကျင့်တရားကို လေ့လာစိစစ်ခြင်းဖြင့် အမှန်တရားကို ရှာဖွေခြင်းပင် ဖြစ်ပေသည်။ ဆိုကရေးတီး၏သြဝါဒမှာဆိုကရေးတီး၏ဩဝါဒမှာ မိမိကိုယ်ကို မိမိသိအောင် ဆန်းစစ်ကြည့်ခြင်းပင်ဖြစ်၏။ ဆိုကရေးတီး၏အလို၌ ပညာရှိလျှင်
သီလရှိသည်ဟူ၏။ ပညာရှိသူသည် အစစအရာရာ၌ ခြိုးခြံ၍၊ မဇ္ဈိမပဋိပဒါတည်းဟူသော အလယ်အလတ်လမ်းကို လိုက်သည်။ မယုတ်မလွန် ကျင့်ခြင်းပင်လျှင် စိတ်၏တည်ငြိမ်ချမ်းသာမှုကို ရနိုင်သည်ဟု ဆိုကရေးတီးသည် ယူဆခဲ့၏။ ထိုခေတ်အခါက လူတို့၏ ပြုမူကျင့်ကြံပုံတို့သည်
မည်မျှလမ်းလွဲနေသည်ကို ထုတ်ဖေါ်ပြသခဲ့သည်။ သူကိုယ်တိုင်လည်း မတရားမှုကို စိုးစဉ်းမျှမပြု၊ တရားသောအမှုအတွက်ကား အသက်ကိုပင် စွန့်လွှတ်ရန် ဝန်လေးသူမဟုတ်ချေ။ စင်စစ်လူတို့သည် ပင်ကိုယ်ကဆိုးသွမ်း သော မျိုးစေ့ရှိကြသည်မဟုတ်၊ မသိနားမလည်မှုပေါ်တွင် အခြေခံ၍ ဆိုးသွမ်းမှုဖြစ်ကြ၏။ ပညာဗဟုသုတစ်ပေါ်တွင် အခြေတည်သောအခါ ကိုယ်ကျင့်တရား ကောင်းမွန်လာကြသည်ဟု ဆိုကရေးတီးသည် ယုံကြည်၏။
 
ဆိုကရေးတီးသည် သူ၏အယူအဆများကို စာဖြင့်တစ်လုံးတစ်ပါဒမျှ မရေးသားခဲ့ချေ။ သူ၏တပည့်များဖြစ်ကြသော သမိုင်းဆရာကြီး ဇင်းနိုဖန်နှင့် ပညာရှိကြီး ပလေးတိုတို့က မိမိတို့ဆရာ၏ သြဝါဒကထာကိုဩဝါဒကထာကို နောင်လာ နောင်သားတို့ လေ့လာနိုင်စေရန် မှတ်တမ်းတင်ခဲ့ခြင်းသာ ရှိ လေသည်၊ ထိုသူနှစ်ဦးကြောင့် ဆိုကရေးတီး၏ အယူအဆ အတွေးအခေါ်နှင့် သြဝါဒတို့သည်ဩဝါဒတို့သည် ဂရိတို့၏ ယဉ်ကျေးမှုကို ထင်ရှားကျော်စောစေခဲ့သည်။
 
ဆိုကရေးတီးသည် အက်သင်းမြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်၌ မွေးဖွား၍၊ သူ၏ဖခင်မှာ ပန်းပုဆရာဖြစ်သည်။ပန်းပု ပညာကို သင်ကြားလေ့လာစဉ်က ပညာကိုကောင်းစွာမသင်ခဲ့ရချေ။ ဖခင်၏ ပန်းပုပညာကို သင်ယူလျက်၊ ပန်းပုဆရာအဖြစ် လုပ်ကိုင်ပြီးနောက် ထိုအလုပ်ကို စွန့်လွှတ်၍ အမှန်တရားကို စဉ်းစားကြံဆခြင်းဖြင့် ပျော်ပိုက်နေလေသည်။သူသည်နေရေး စားရေးအတွက် မပူပင်ချေ။ ရောင့်ရဲလွယ်သောစိတ်ဓာတ်ရှိ၏။ ကြံ့ခိုင်သောကိုယ်ခါကြောင့် ခံနိုင်ရည်ရှိလေသည်။အတန်ငယ် စားရုံအိပ်ရုံနှင့် နေနိုင်သော သတ္တိရှိရကား စီးပွားရှားဖွေခြင်းကို မပြုဘဲ အမှန်တရား ကိုသာ ရှာဖွေခြင်းဖြင့် အချိန်ကုန်လွန်စေခဲ့သည်။
စာကြောင်း ၁၉ -
လူတို့သည် ဆိုကရေးတီး၏ စကားများကို နာယူမှတ်သား ကြသည်။ အနှစ်သာရကင်းမဲ့သော အယူအဆများသည် ဆိုကရေးတီး၏ တိကျပြတ်သားသော အရိုးခံတရားနှင့် မယှဉ်နိုင်သဖြင့် ပျောက်ကွယ်ကြရသည်။ ရှေးကလူတို့၏ တွေးတော ယူဆချက်များကို ဆိုကရေးတီးသည် အမှန်သို့ရောက်အောင်ဟောပြေါခဲ့သည်။
 
ဆိုကရေးတီး၏ သြဝါဒကိုဩဝါဒကို မင်းမျိုးမင်းနွယ်တို့၏ သားသမီးများပင် ဆည်းကပ်နည်းယူကြရသည်။ထိုအခါကစစ်သေနာပတိတစ်ဦးဖြစ်သူ အယ်လစီဗိုင်းအားဒီးသည်ဆိုကရေးတီးကို ကြည်ညိုသူဖြစ်ရာ သူ့ဆရာအကြောင်းကို ဆိုကရေးတီး၏ စိတ်မှာ အံ့သြဖွယ်ကောင်းအောင်အံ့ဩဖွယ်ကောင်းအောင် မွန်မြတ်လှ၍၊ သူ၏ဟောပြေါချက်တို့သည် အာဏာစက်ကဲ့သို့ မနာခံဘဲ မနေနိုင်အောင် ဖြစ်တော့သည်ဟူ၍ မှတ်တမ်းတင်ခဲ့သည်။
 
ဆိုကရေးတီးသည် ပင်ပန်းညောင်းညာမှုကို ဂရုထားသူ မဟုတ်ချေ။ နံနက်စောစောကစ၍ တစ်နေရာတွင်ရပ်ကာတစ်စုံ တစ်ခုကို စဉ်းစားနေလျှင် သူမည်မျှကြာမည်ကိုစောင့်ကြည့်ကြသော လူများသာ ညောင်းညာနှုန်းရိပေသည်။အိပ်လျက် စောင့်ကြရပေမည်။ သို့ရာတွင် ဆိုကရေးတီးကား ထိုနေရာမှ ရွေ့ရှားလိမ့်မည် မဟုတ်ချေ။ ဆိုကရေးတီး၌ ဤကဲ့သို့ အမူအကျင့်ရှိ သော်လည်း သူသည် အပေါင်းအသင်းဝင်ဆံ့၍ မိတ်ဆွေများအိမ်၌ကျင်းပသော ထမင်းစားပွဲများတွင် ရယ်စရာပျက်လုံးများနှင့်လည်း သောတတ်သည်။ ပညာရှိပီပီ နက်နဲသော အယူအဆ ပြဿနာများကိုလည်း ဆွေးနွေးတတ်သည်။ ဆိုကရေးတီးသည် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း၊ အနှောင့်အရှက်ပေးခြင်းတို့ကို လုံးဝမှုသူမဟုတ်ချေ။ ယင်းသို့ စိတ်အနှောင့်အရှက်ကို ခံနိုင်ရည်ရှိခြင်းမှာ သူ၏နှုတ်သီးကောင်း သဘောဆိုးသော ဇနီးပီး၏