တဏှာ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၈ -
စင်စစ်အားဖြင့် ဆိုပါက မျက်စိတ်၌ အဆင်းရူပါရုံ ထင်မြင်လာ၏၊ ထိုအခါ စက္ခုဝိညာဏ်ဟု ဆိုအပ်သော အမြင်စိတ် ဖြစ်ပေါ်လာ၏။ ဤသုံးပါးပေါင်းစု၍ ကြိတ်နယ်သကဲ့သို့ ဖြစ်သော "ဖဿ" ဖြစ်ပေါ်၍ လာ၏။ ဖဿကြိတ်နယ်မှုကြောင့် အာရုံ၏ အရသာကို "ဝေဒနာ" ခံစား၏။ ထိုဝေဒနာကို "တဏှာ" က သာယာ၏။ ဝေဒနာသည် တဏှာ၏ အစာအာဟာရ ဖြစ်၏။ သို့ရာတွင် ဝေဒနာကို သာယာသော်လည်း ရူပါရုံကို သာယာသည်ဟု အဓိပ္ပါယ်ရောက်နေသောကြောင့် "ရူပတဏှာ" ဟူ၍ ဆိုသည်။
 
တိုက်ရိုက်အားဖြင့် ဆိုပါက စက္ခုဒွါရ၌ ဖြစ်ပေါ်သော တဏှာသည် စက္ခုသမ္ဖဿဇာဝေဒနာကို သာယာ၏။ ရူပါရုံသည် တဏှာကြိုက်နှစ်သက်တတ်သော ဝေဒနာတို့ကို တဏှာအရှင်အား ဆက်သွင်းလေ၏၊ ရူပါရုံက ဆက်သွင်းသော ဝေဒနာတို့ကို တဏှာက သိမ်းပိုက်သာယာ၏။ ရူပါရုံသည် တဏှာသခင်၏ လိုသမျှကို ဆက်သွင်းနိုင်သော သူဋ္ဌေးကြီးနှင့် တူသည်။

အခြားသော သဒ္ဒတဏှာ စသည့်တဏှာများသည်လည်း ဤနည်းအတိုင်း ဖြစ်သည်။
 
==တဏှာအပြား==
"https://my.wikipedia.org/wiki/တဏှာ" မှ ရယူရန်