ဖိုးပါကြီး: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ |
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ |
||
စာကြောင်း ၄ -
ဖိုးပါကြီးသည် စင်စစ်အားဖြင့် လူတစ်ဖက်သားကို
တစ်ခါက အဖေ သိသွား၍ သူ့ကို အဖေ ဖြစ်သူက ဒေါသတကြီး ပါးချ လိုက်သည့် အထိ ရင်နာစရာ ဖြစ်ခဲ့ရ၏။ အဖေနှင့် နေစဉ် စီးပွားရေး ကြပ်တည်း လွန်းသဖြင့် လမ်းမတော် ပန်းချီဆရာ ဘထံ၌ လည်းကောင်း၊ ဘားမားအတ် ကျောင်း၌ ပန်းချီ ဒီဇိုင်း ပညာများကို အကူ အလုပ်သင် အဖြစ်နှင့် ဆည်းပူး တတ်မြောက်ခဲ့သည်။ နောက်ရုပ်ရှင် ဘက်၌ ပန်းချီ ရေးဆွဲရန် ကြိုးပမ်းခဲ့ရာ ၁၉၂၉ ခုနှစ်တွင် “မိန်းမတံခွန်” ဇာတ်ကား ရိုက်ကူး နေသည်နှင့်
ထိုအဆက်အသွယ်နှင့် ရန်ကုန်ရုပ်ရှင် ကုမ္ပဏီခြံသို့ ရောက်ရှိလာကာ ယင်းကုမ္ပဏီတွင် အလုပ် ရခဲ့သည်။ သူလုပ်ရသော အလုပ်မှာ ရုပ်ရှင် ကင်မရာထမ်း ဘဝ ဖြစ်သလို မင်းသား ဘတင့်နှင့် ထိုစဉ်က စူပါစတား ဟာသ သရုပ်ဆောင် ဆားဘထွန်းတို့ထံ တပည့်ခံ၍ အောက်ခြေသိမ်း လုပ်ပေးရသည် သာမက ကုမ္ပဏီတွင် ကားဆက်ရခြင်း၊ ပန်းချီ ဆွဲရခြင်း စတဲ့ ခိုင်းသမှျကို လုပ်ပေး ခဲ့ရတယ်ဟု ဆို၏။ ရန်ကုန်ရုပ်ရှင် ကုမ္ပဏီက ရိုက်ကူးတဲ့ “ခိုင်ရွှေဝါ” အသံတိတ် ကားတွင် ရာဇဝတ်အုပ် အခန်း တစ်ခန်းတွင် ပါဝင်ခွင့် ရခဲ့သလို၊ “ရွှေဝါတောင်”၊ “မြိုင်ယံခြား”၊ “ချစ်တော့မယ်” စသည့် အသံတိတ် ကားတို့တွင် မထင်မရှား လူဆိုးဆိုက်ပတ် အခန်းမှ ပါဝင်ခွင့် ရခဲ့သည်။ လက်တွန်းလှည်းဖြင့် ရုပ်ရှင် ကြော်ငြာ လှည့်ရခြင်း၊ ရုပ်ရှင် ပိုစတာများ ကပ်ရခြင်း၊ ယင်းကုမ္ပဏီမှ ဇာတ်ကား ရုံတင်လှျင် ရုံပေါက် စောင်ရခြင်း စသည်တို့ကို လုပ်ကိုင် ခဲ့ရသည်။
ထိုကဲ့သို့ ပင်ပန်း ဆင်းရဲခံခဲ့ ရသော်လည်း မှျော်မှန်း ထားသလို အဆင့်ကို ရောက်မလာသဖြင့် စိတ်ပျက်ပြီး သူသည် ဟင်္သာတသို့ ပြန်သွားတော့သည်။ ဂျပန်ခေတ်တွင် ရုပ်ရှင် လုပ်ငန်းကြီး ရပ်ဆိုင်း သွား၍၊ ရုပ်ရှင် ပညာသည်များက လူဘိုင်စကုတ် အဖြစ် နယ်တကာ လှည့်၍ ပြဇာတ် ကပြနေကြရာ ဟင်္သာတမြို့သို့ ဒါရိုက်တာ ဆရာခန့်တို့ အဖွဲ့ ရောက်လာသည်။ သူ့ကို တွေ့တော့ ဆရာခန့်က “ဟေ့ သူငယ်၊ မင်း ပြဇာတ် လူရွှင်တော် လုပ်မလား” ဟု မေး၍ သူက မဆိုင်းမတွပင် “ဟာ ဆရာကလည်း ကွျန်တော် လုပ်မှာပေါ့”ဟု ပြန်ပြောလိုက်၍ ပြဇာတ် နောက်သို့ ပါသည့် အဖြစ် ရောက်ရလေတော့သည်။ ပြဇာတ်စင်သို့ ပထမဆုံး ပါဝင်ခဲ့ရတဲ့
ကုသိုလ်ကံ ခွျန်ချင်တော့ ကျုပ်ဒီလို ကသိကအောက် ကြောက်ဒူး တုန်ပြီး ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတာကိုပဲ ပရိသတ်က အလိုလို ပွဲကျနေတယ်။ သူတို့က ဒီလို ပွဲကျလေ၊ ကျုပ် သူတို့ကို ကြောက်လေ၊ သူတို့က ကျုပ်ကို ပွဲကျလေ ဖြစ်တာပါပဲဗျာ။ နောက်ဆုံးတော့ ကြောက်လန့်ပြီး ကားကြားထဲ ဝင်ပြေးတာပေါ့။ ကားကြားထဲက ဆရာခန့်ကြီးကလည်း ကျုပ်ကို ဆီးပြီး ကန်ထုတ် လိုက်တာနဲ့ ကျုပ်လည်း ဇာတ်ခုံ အလယ်ကို ချာလည် ပတ်လည်နှင့် ပြန်ရောက်သွားတော့ တစ်ရုံလုံး ပရိသတ်က အုံကြွမတတ် ပွဲကျလို့ ရယ်နေကြတော့တာပါပဲဗျာ။ အဲဒီလို ပွဲကျတာကိုပဲ ဆရာခန့်ကြီးက နောက်မြို့တွေမှာ ဒီလိုပဲ ခိုင်းစေပြန်တာပဲ။ အဲဒီက စပြီး ကျုပ်လည်း လူရွှင်တော် ဖြစ်မှန်း မသိ ဖြစ်လာတယ် ဆိုပါတော့ဗျာ”
စာကြောင်း ၁၈ -
ဖိုးပါကြီး ဟူသော အမည်ကို ရုပ်ရှင်ထဲ ရောက်မှ ဒါရိုက်တာ ဆရာခန့်က ပေးခဲ့ခြင်း ဖြစ်ရာ ငယ်နာမည် အပါ နောက်တွင်“ကြီး”တစ်လုံး ဖြည့်ခိုင်းသည်။ ရုပ်ရှင် လောကတွင် အပါကြီး အမည်နှင့် ရှိပြီး ဖြစ်နေ၍ ဒါဆို ရှေ့မှာ“ဖိုး”တစ်လုံး တတ်လိုက်ပေါ့ဟု ပြောချက်အရ“ဖိုးပါ ကြီး”ဖြစ်လာရတယ်ဟု ဆို၏။
သူအိပ်မက်ခဲ့သော ရုပ်ရှင် လောကကို ၁၉၄၈ ခုနှစ်မှ စတင်ကာ ရန်ကုန် ရုပ်ရှင်၏ မြေတောင် မြှောက်ပေးမှုဖြင့် လူရွှင်တော် ဇာတ်လိုက် မင်းသား ဖစ်လာသည်။ ပြဇာတ်ခုံပေါ်တွင် သူသည် နာမည် ရနေသော လူရွှင်တော် ဖြစ်၍ မြန်မာ့ ရုပ်ရှင် လောက၌ ရှားပါး လှလွန်းသော လူရွှင်တော် မင်းသား Comeday Actor အဖြစ် မွေးဖွားပေးခြင်း ဖြစ်တယ်ဟု ဒါရိုက်တာ ရွှေဘော်၏ ပြောပြချက်အရ သိရသည်။ ရန်ကုန် ရုပ်ရှင်မှ အရဲစွန့်၍ ဖိုးပါကြီးအား လူရွှင်တော် မင်းသားအဖြစ် မေချစ်၊ ကြူကြူတို့နှင့် (လူပျိုသိုး) အသံတိတ်ကို ဖန်တီးပြီး ၂၃-၁-၄၈ ရက်နေ့တွင် ရီဂဲလ်ရုံမှာ တင်ဆက်ရာ ဝင်ငွေ ၂၅၀၀ဝ ကျပ်ရခဲ့သဖြင့် မှျော်မှန်းသည်ထက် ပရိသတ် ကြိုက်နှစ်သက်၍ ဟိုးလေးတကျော် ဖြစ်ခဲ့ရပြီး လူပျိုသိုးမှ ဖိုးပါကြီး၏ ဟားကွက် သရုပ်ဆောင်မှုတို့သည် အခြားသော မင်းသားတို့၏ သရုပ်ဆောင်မှုများထက် တစ်မျိုးတစ်ဖုံ ထူးခြားခဲ့သဖြင့် နာမည် ကျော်သွားခြငး် ဖြစ်သည်ဟု ဒါရိုက်တာ ရွှေဘော်က ဆို၏။ အဆိုပါ ဇာတ်ကား လူကြိုက်များ၍ ဝင်ငွေ ကောင်းခဲ့သဖြင့် ဖိုးပါကြီးအား ဇာတ်ကား ၁ဝကားအတွက် စာချုပ်ချုပ်ခဲ့သည်။ ထိုအချိန်က ဝင်းဝင်းရုံနှင့် ကာဌေးရုံများ၌ ပြဇာတ်များ ခေတ်စားလျက်ရှိပေရာ ပြဇာတ်ဗီဇရှိသော ဖိုးပါကြီးအဖို့ ပြဇာတ် ကလို စိတ်မှာ ဦးနှောက်ထဲသို့ ထိုးဖောက် ဝင်ခဲ့ပြန်သည်။ သို့သော် ရန်ကုန် ရုပ်ရှင်နှင့် စာချုပ်မိ နေသဖြင့်
[[File:kyin03.jpg|thumb|left]]
ထို့နောက် ဒုတိယဇာတ်ကားအဖြစ် ရန်ကုန် ရုပ်ရှင်မှ ဒါရိုက်တာ ဦးစိုးမောင်က ဖိုးပါကြီး၊ ကြူကြူတို့နှင့် (လူ့လောက) အသံတိတ်ကား ကို ရိုက်ကူးပြီး ၂၈-၁-၄၈ တွင် သွင်ရုံမှာ ပြခဲ့သည်။ သူ၏ တတိယ မြောက် ဇာတ်ကားမှာ အမျိုးသား ရုပ်ရှင် လုပ်ငန်းကြီးတွင် ပထမဆုံး ခြေလှမ်းအဖြစ် စက္ခုအာရုံ အမြင်သစ်ဖြင့် ရှုစားနိုင်ရန် အတွက် ရန်ကုန် ရုပ်ရှင်မှ ဒါရိုက်တာ ရွှေဘော်က ဖိုးပါကြီး၊ ကြူကြူ၊ ဖိုးပါလေး၊ တင်မောင်ကြီး၊ ဦးမောင်လေးတို့နှင့် (ချစ်သွေးညီ) အသံတိတ် ၁၆ မမေ ဆးရောင်စုံဖြင့် ရိုက်ကူးကာ ၁၉-၆-၄၈ တွင် ဘုရင့်ရုံ၌ တင်ဆက်ရာ အသံတိတ် ကား၏ စူပါဝင်ငွေ ၃၅၀၀ဝ ကျပ်ရခဲ့၏။ ထို့နောက် ဖိုးပါကြီး၊ ဖိုးပါလေး၊ ကြူကြူတို့နှင့် ဒါရိုက်တာ ရွှေဘော်ကပင် (ရွှေမျက်မှန်) အသံတိတ်ကို ရိုက်ကူးပြီး ၄-၆-၄၉ တွင် ဘုရင့်ရုံမှာ တင်ဆက် သွားတယ်။
ရန်ကုန် ရုပ်ရှင်သည် နောက်ထပ် ဆေးရောင်စုံ ၁၆ မမ အသံတိတ် နှစ်ကား ထပ်မံ ရိုက်ကူးသွားရာ ယင်းတို့မှာ ဒါရိုက်တာ ရွှေဘော်က ဖိုးပါကြီး၊ ဖိုးပါလေး၊ မေချစ်တို့နှင့် (ရှက်လွန်းလို့) ကို ဖန်တီးကာ ၁၂-၈-၄၉ တွင် သွင်ရုံမှာ ပြရာ ဝင်ငွေ ၁၅၀၀ဝ ကျပ်ရခဲ့သည်။ ဒါရိုက် တာ တင်မြင့်အမည်ခံ ဖိုးပါလေးက ဖိုးပါကြီး၊ ကြူကြူ၊ ဖိုးပါလေးတို့နှင့် (ပျို့ချစ်လင်) ကို ရိုက်ကူး၍ ၂၀-၁-၅ဝတွင် ဘုရင့်ရုံမှာ တင်ဆက်ရာ ဝင်ငွေ ၅၅၀ဝ ကျပ်ရခဲ့သည်။ ထို့နောက် ဆက်တိုက်ပင် (
သူ၏ ပွဲဦးထွက် အသံထွက် ဇာတ်ကား မှာပဲ ရော့ဖလင်မှပင် ဒါရိုက်တာ ဦးမောင်ကြီးက ဇေယျ၊ တင်ညွန့်၊ မေချစ်၊ ခင်မေသန့်တို့နှင့် တွဲဖက်စေပြီး (အသွင်မတူ) ကို ရိုက်ကူးကာ ၂၅-၉-၅၃ တွင် အိတ်ဆယ်စီရာ ရုံ၌ တင်ဆက် သွားသည်။ သူ၏ ဒုတိယမြောက် အသံထွက် ဇာတ်ကားဖြစ်သော ဗြိတိသှျဘားမား ရုပ်ရှင် အတွက် ဒါရိုက်တာ စာရေးဆရာ ဦးသုခ၏ ဇေယျ၊ ဖိုးပါကြီး၊ မြင့်မြင့်ခင်၊ ဦးကျော်သောင်း၊ ချစ်တင်၊ ဒေါ်ဖွားနှစ်၊ တင်နုမေ၊ မနု၊ ဦးဘိုးထွားတို့နှင့် (
ထိုမာနထားမှု တို့ကြောင့် မိမိကိုယ်၌ အကျိုး ဖြစ်ထွန်းဖွယ် တို့ကို မဖြစ်ထွန်း ဆုတ်ယုတ် ပျက်ပြား တတ်ပုံကို တင်ပြသွားခြင်း ဖြစ်သည်။ ဖော်ပြပါ ဇာတ်ကားတွင် ပါဝင်ခဲ့သော ဖိုးပါကြီးကို ထိုစဉ်က ပရိသတ်ကြီးက ရှာမှ ရှားသော ဟာသထိပ်သီး ဇာတ်ကောင် တစ်ဦးပါပေဟု ချီးကျူးခဲ့သည်ကို မှတ်သား မိသလို စူပါရုပ်ရှင် ဝေဖန်ရေး ဆရာစံရှား (ရုပ်ရှင်မျက်မှန်) က ဤသို့ ရေးသားခဲ့၏။
ဆရာဝန် ဒေါက်တာဇေယျနှင့် အတူ နေထိုင်သော တပည့်ကျော် အဖြစ် ပါဝင်ခဲ့ရသည်။ တစ်ဇာတ်ကားလုံးတွင် မင်းသား မင်းသမီးများ အဖို့ သူကသာ အသက် သွင်းပေးခဲ့ပြီး တစ်ဇာတ်လုံး စိုပြေလာအောင် ကြည့်သူတိုင်း မရယ်ဘဲ မနေနိုင်အောင် ပြောင်မြောက်လှသော အမူအရာတို့မှာ ဖိုးပါကြီးမှ ဖိုးပါကြီး ဖြစ်ခဲ့ရသည်။ မြန်မာပြည်တွင် သူ့လို လူရွှင်တော် ဇာတ်လိုက် သူ့အပြင် မရှိသလောက် ရှားပါးပေသည်။ ယခု
ဒါရိုက်တာ စာရေးဆရာ သုခ၏ ပြောင်မြောက်လှသော စကားလုံးများကို အမူအရာ အပိုအလိုမရှိ ပိပိရိရိ မိမိရရ သရုပ် ဆောင်နိုင်ခဲ့ သူလည်း ဖြစ်ခဲ့ပေသည်။ ဤ ဇာတ်ကား တစ်ကားလုံးတွင် အကောင်းဆုံး လူများ ရွေးချယ်ရာ၌ ဖိုးပါကြီးကို နံပါတ်(၁)ပထမ ရွေးချယ်ရမည် ဖြစ်ကြောင်း။
ထိုသို့
[[File:kyin01.jpg|thumb]]
အမျိုးသား ရုပ်ရှင် လုပ်ငန်း သမိုင်းတွင် လွတ်လပ်ရေး ရပြီးချိန်မှ အသံထွက် ခေတ်သို့ ကူးပြောင်းပြီး နောက်ပိုင်း တိုင်အောင်အထိ ဇာတ်လိုက်မင်းသား အချို့ကို ပရိသတ်က သက်ဆိုင်ရာ ဇာတ်လမ်း၏ ဇာတ်ကောင်စရိုက် တစ်ခုခုတွင် ပါဝင်သရုပ်ဆောင် စေရာ၌ အထူးအံဝင် ၈ွင်ကျ ဖြစ်ပြီး ယင်းဇာတ်ကောင် စရိုက် ပုံနှင့် လိုက်ဖက် ညီနေသည် သာမက အကောင်းဆုံး ပီပြင်စွာ ရုပ်လုံး ဖော်နိုင်သဖြင့် နောက်ထပ်ကားများတွင် ထိုဇာတ်ကောင်အား အလားတူ အခန်းမျိုးချည်း ပါဝင် သရုပ်ဆောင် ခိုင်းတတ်သည့် သာဓက ရှိခဲ့သည်။ တစ်နည်းအားဖြင့် ပြောရလှျင် ပုံသေ ဇာတ်ကောင်Type Casting ဟု ခေါ်ဆိုခြင်းဖြစ်၏။
ရုပ်ရှင်ကြည့် ပရိသတ်ကြီးကလည်း ထိုဇာတ်ကောင်အား မူလ ရိုက်ကူးစဉ်က သူမတူအောင် လုပ်ပြနိုင်သည့် ဇာတ်ကောင် စရိုက်မျိုးကိုသာ ဆက်လက် ကြည့်ရှုအားပေး လိုသော ဆန္ဒ ရှိကြသည်။ ထိုကြောင့် ရုပ်ရှင် ကုမ္ပဏီများက ဖိုးပါကြီးကို လူရွှင်တော် မင်းသား၊ လူရွှင်တော် ဇာတ်ပို့ စရိုက်နှင့် လိုက်ဖက်သည်ဟု သတ်မှတ်ထား သူတို့ ရှိခဲ့ကြသည်။ သို့သော် ဖိုးပါကြီးသည် ပုံသေ ဇာတ်ကောင်စရိုက် မဟုတ်ဘဲ၊ စွယ်စုံ ရသော အနုပညာသည် တစ်ယောက် ဖြစ်ကြောင်းကို သူ အကယ်ဒမီ ရရှိခဲ့သော ဇာတ်ကားက သက်သေ ခံခဲ့သည်။ ယင်းမှာ ရွှေဝယ်သီရိ ရုပ်ရှင် အတွက် ဒါရိုက်တာ ဦးမြမောင်က ဇေယျ၊ ဖိုးပါကြီး၊ တင်တင်မူ၊ ဝင်းမာ၊ ဦးဘချစ်၊ ဒေါ်ဂျမ်းစိန်၊ ဒေါ်မြ လေး၊ ဒေါ်ပုတို့ အပြင် ကျော်ဝင်း၊ ခင်မောင်မြင့်၊ အေးကြူ၊ မေမြ၊ မြင့်မြင့်ဌေး၊ မေရီမြ၊ ချစ်မောင်၊ ဖိုးပါလေးတို့ကလည်း ဧည့်သည်များ အဖြစ် မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ခဲ့သော (
ယင်းဇာတ်ကား၏ ဇာတ်လမ်းမှာ ပြဇာတ် လောကသားများ၏ အတွင်းရေးနှင့် ယင်းလောက သားများ၏ ဖြစ်လေ့ ဖြစ်ထရှိသော အောင်မြင် ကျော်ကြားမှု ရရှိ၍ နာမည်တစ်လုံး ရရှိလာချိန်တွင် မိမိ ဘာကို ဆန်းစစ်ခြင်း မပြုတော့ဘဲ ဖောက်ပြန်လာတတ်ပြီး အပေါင်းအသင်းများဖြင့် သောက်စား မူးယစ်ကာ အောက်ခြေလွတ် ထင်ရာ စိုင်းတတ်သော လူ့သဘာဝကို သရုပ် ဖော်ပြထားသည် သာမက မိမိ၏ ဘဝဆိုးထဲ ရောက်ရှိလာ သည့် မိမိ၏ ရင်သွေးငယ် ဘဝကိုပါ ပျက်စီး နစ်မွန်း သွားနိုင်သည်တို့ကို တင်စားချက်များဖြင့် ရိုက်ကူးထားခြင်း ဖြစ်သည်။ ဖော်ပြပါ ဇာတ်ကားတွင် ဖိုးပါကြီး၏ အကောင်းဆုံး သရုပ်ဆောင်ချက် တစ်ခန်းမှာ သားဖြစ်သူအား သူ့ကို စိတ်နာသွားရန် ရင်ထဲမှ မချိသော်လည်း သူ့ထံတွင် မနေရန် မောင်းထုတ်သော အခန်း၌ “မသွားပါ ရစေနဲ့ ဖေဖေရယ်၊ မသွားပါရစေနဲ့၊ ကွျန်တော် ထမင်း မစားတော့ပါဘူး” ဟု အပါအဖြစ် သရုပ်ဆောင်သော ဝင်းမာက သနားစရာ မျက်ရည်စက်လက် ကလေးဖြင့် ဖခင်ဖြစ်သူ ယစ်ထုပ်ကြီး ပြဇာတ် လူရွှင်တော်
ထိုကြောင့် ၁၉၅၅ ခုနှစ် အတွက် အကောင်းဆုံး အမျိုးသား ပညာသည်ဆုကို
(
ယင်းဇာတ်ကားကလည်း ထိုစဉ်က ပရိသတ် စိတ်ဝင်စားရန် သတင်း စကား ပေးခဲ့ပုံတို့မှာ တဏှာ . . .တဏှာ . . .တဏှာ ပိုးမျိုးရွပိုး ထိုးခဲ့သကိုး။ ဒီလောက် သောင်းကျန်းတဲ့ တဏှာရူး လောကကြီးမှာ ဥမ္မာ ဆိုတဲ့ ကောင်မလေး တစ်ယောက်တော့ သူမို့လည်း မကြောက်တတ် ပလေတယ်။ ဘာကြောင့် ဒါလောက်တောင် လှဂုဏ် မြောက်နေရတာလဲ ဥမ္မာရယ်၊ ဘာကြောင့် ဒါလောက်လှရသလဲ။ ဟူ၍ တစ်နည်း။
စာကြောင်း ၅၁ -
ဥမ္မာဒန္တီကို ထိုစဉ်က ရုပ်ရှင်ဝေ ဖန်ရေးဆရာ (၂)ဦးတို့ ကအောက်ပါအတိုင်း ရေးသားချီးကျူး မှတ်ချက် ပေးခဲ့
၏ ဥမ္မာဒန္တီ၏ စာဖွဲ့ရန် ခဲယဉ်းသော ရုပ်အလှ ကြောင့် ယစ်မူးတွေ ဝေကာ နေမထိ၊ ထိုင်မထိ ဖြစ်သွားသော သိဝိ ဘုရင် အဖြစ် ဖိုးပါကြီးကို သုံးထားကြောင်း တွေ့ ရ သည်။ ဖိုးပါကြီးကား မြန်မာရုပ်ရှင် လောကထဲမှာ နိုင်ငံခြားရုပ်ရှင် လူရွှင်တော်များ စံချိန်ကို မှီအောင်လိုက် နိုင်သူ ပညာသည်တစ်ဦးဖြစ်ရာ ဥမ္မာဒန္တီဇာတ်ထဲ သိဝိမင်းအဖြစ် ဖိုးပါကြီး ကိုမြင်ရသော် ပရိသတ်နှလုံးကို
ခင်မောင်ညို (မန်း)
|