ဟိန္ဒူဘာသာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၉ -
ဗုဒ္ဓအယူဝါဒ၊ ခရစ်ယန် အယူဝါဒ စသည်တို့ကဲ့သို့ စတင်တည်ထောင်သူ၏ အမည်နာမကိုစွဲ၍ တွင်နေသော အမည်နာမမျိုး မဟုတ်ပေ။
 
အမှန် စင်စစ် ဟိန္ဒူ ဆိုသည့် စကားလုံးကို မည်သည့် ဝေဒကျမ်း နှင့် အခြား ကျမ်းစာတွင်မျှ တွေ့ရှိရမည် မဟုတ်ပါ။ အိန္ဒူ မြစ်၏ တစ်ဖက်ကမ်းတွင် နေသူများကို ဟိုဘက်မှ သူများက ခေါ်ဆိုရာမှ ဟိန္ဒူ ဟု ဖြစ်တည် ခဲ့ခြင်း ဖြစ်သည် ဟု သမိုင်းပညာရှင် အချို့ဆိုကြပါသည်။
 
ဟိန္ဒူအယူဝါဒ၏ အရင်းအမြစ်ကို စိစစ်လေ့လာကြည့်လျှင်
စာကြောင်း ၁၂၆ -
ဝေဒကျမ်းများ၌ အခြေခံခဲ့သော ဟိန္ဒူ=ဗြဟ္မဏ ဘာသာသည် နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့ရသဖြင့် ယခုခေတ် ဟိန္ဒူတို့ ယုံကြည်ကိုးကွယ်သော ဟိန္ဒူဘာသာသည် [[ဝေဒခေတ်]] ဘာသာတရားနှင့် အတော်ကြီး ခြားနားနေပြီ ဖြစ်၏။ ဝေဒခေတ်၌ ဣန္ဒြ၊ အဂ္ဂနိ၊ ၀ရုဏ စသော နတ်တို့အား ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းကို အလေးပေးထားသော်လည်း ဥပနိသျှဒ် စသော နောက်ပေါ် ဘာသာရေးကျမ်းများက ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်းသည် အရေးမကြီး။ ဗြဟ္မာ=အတ္တကို မြင်အောင် ကြည့်နိုင်ဖို့သာ အရေးကြီးကြောင်း၊ ယဇ်ပူဇော်ခြင်း၊ ဂါထာရွတ်ခြင်း၊ ယဇ်သီချင်း ဆိုခြင်းဖြင့် မွန်မြတ်လှသော အတ္တကို မတွေ့နိုင် မမြင်နိုင်ကြောင်း ဖော်ပြကြ၏။
 
 
== ဘဂဝဒ်ဂီတ ==
'''<big>ဘဂဝဒ်ဂီသာကျမ်း (Bhagavad Gita)</big>'''
မဟာဘာရတ၏ အစိတ်အပိုင်း ဖြစ်သော ဘဂဝဒ်ဂီတကျမ်း၌လည်း အတ္တ၏ သဘော သဘာဝကို ပို၍ပေါ်လွင်အောင် နည်းအမျိုးမျိုးဖြင့် ရှင်းလင်းဖွင့်ဆို ထား၏။ အမွှန်းတင်ထား၏။ ထိုကြောင့် ဘဂဝဒ်ဂီတကဗျာကျမ်းသည် ယခုခေတ် ဟိန္ဒူဘာသာဝင်တို့ အရိုသေဆုံး အမြတ်နိုးဆုံး ဦးထိပ်ထက် ပန်ဆင်ထားသော ကျမ်းဖြစ်၏။
 
ဘဂဝဒ်ဂီသာကျမ်းကို ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ကျမ်းဟု ဆိုကြသည်။ ဘဂဝဒ်ဂီသာကျမ်းကို ဥပနီသျှဒ် ကျမ်းတို့၏ အနှစ်သာရ အဖြစ် ဂီသိုးပနီသျှဒ် ဟုလည်း ခေါ်သည်။ ဘဂဝဒ်ဂီသာကျမ်းကို ဘုရားရှင် ကရိသ်ျှဏ က ဘီစီ ၃၅၃၄ ခန့်က ကူရူသျှေသရ ဟူသော စစ်မြေပြင်တွင် မိမိတာဝန်ကို သံယောဇဉ်ကြောင့် ထမ်းဆောင်ရန်  ချီတုံချတုံ ဖြစ်နေသော စစ်ဗိုလ်ချုပ်ကြီး အရ်ဂျုန မူတည်ထားပြီး လောကလူသား အားလုံး အတွက် ဟောကြားခဲ့သော ကျမ်းဖြစ်သည်။ ဘဂဝဒ်ဂီသာကျမ်းသည် ဘာသာတစ်ခု လူမျိုး တစ်မျိုး အတွက် မဟုတ်ဘဲ လူသားအားလုံး အတွက် ကျမ်းဖြစ်သည်။
 
ဘဂဝဒ်ဂီသာကျမ်းသည် ပါဒပေါင်း ၇၀၀ ရှိပြီး ယင်းကို အခန်း ၁၈ ခန်း ဖြင့် ပိုင်းခြားထားသည်။ ဘဂဝဒ်ဂီသာကျမ်း တွင် အောက်ပါ အကြောင်းတရား ငါးပါး ကို ဆွေးနွေးထားပေသည်။
 
'''၁။ ဘုရား ( အီသျွှရ)'''
 
လောကတွင် ဘုရားရှိသလား၊ ဘုရားသည် သက်ရှိထင်ရှား ရှိသလား၊ ဘုရားရှင်၏ ဂုဏ်တော် များကား အဘယ်နည်း၊ ဘုရားရှင်နှင့် သက်ရှိတို့အကြား မည်သို့ ဆက်စပ်မှု ရှိသနည်း။ ဘုရားကို ဆုတောင်လျှင် ရသလား၊ ဘုရားရှင်အား ဆွမ်းပန်းရေချမ်း၊ ဆီမီး စသည်တို့ ဆက်ကပ်လျှင် အကျိုးရှိမရှိ၊ သံသရာမှ လွတ်မြောက်ခြင်း တွင် ဘုရားရှင်၏ အကူအညီ လို မလို၊ ဘုရားရှင်သည် ကိုးကွယ်ရုံသက်သက်လော။ သို့မဟုတ် ဘုရားရှင်သည် ချစ်မြတ်နိုးရသော ပုဂ္ဂိုလ်လော စသည့် အကြောင်းအရာ ပေါင်းများစွာကို ဆွေးနွေးထားသည်။
 
'''၂။ သက်ရှီ ( ဂျီ၀)'''
 
သက်ရှိ ဆိုသည်မှာ မိမိဖြစ်သည်။ ထိုမိမိသည် ရုပ်ခန္ဓာကိုယ်လော။ စိတ်လော၊သို့မဟုတ် ရုပ်နှင့် နာမ်လွန်ရာ ဖြစ်သလော၊ လူတစ်ယောက် သေဆုံးသည် ဆိုပါက မည်သူ သေဆုံးသနည်း ၊ နောင်ဘ၀ ကူးသည် ဟုပြောသော အခါ မည်သူက ကူးသနည်း။ ခန္ဓာကိုယ် စဉ်ဆက်မပြတ် ပြောင်းလဲနေသော်လည်း မိ်မိဟု သိနေသော မပြောင်းလဲသည့် အရာသည် မည်သူနည်း။ ထိုသက်ရှိသည် မည်သူနည်း။ ဘုရားရှင် နှင့် ဆက်စပ်မှု ရှိပါသလား။ သံသရာမှ လွတ်မြောက်သော အခါ သက်ရှိသည် ဘယ်ကို ရောက်သွားသနည်း။ စသော လေးနက်သည့် အကြောင်းအရာ များကို ဆွေးနွေး ထားပေသည်။
 
'''၃။ ပ်ရ ကရိသီး ( သဘာဝတရား)'''
 
ရုပ်လောက သဘာဝတရား ဆိုသည် မှာ အဘယ်နည်း ၊ ယင်းသည် အသက်ရှိလော၊ အသက်မဲ့လော။ စကြဝဠာ ၏ ဆန်းကြယ်မှု အားလုံးသည် သူ့ ဖာသာ တိုက်ဆိုင်ပြီး ဖြစ်ပေါ်လာသည်လား။ သဘာဝတရား ၏ မှန်ကန် တိကျသော ဖြစ်စဉ်များအပေါ်တွင် သက်ရှိ၏ လွှမ်းမိုးမှု ရှိသည်လား။ ခြောက်ပေ ပင် မပြည့်သော၊ သက်တမ်း ၁၀၀ ပင်မရှိသော  လူသားများက အလွန်ကြီးမားသော လေယာဉ်ပျံများ ဂြိုလ်တုများ ကွန်ပြုတာများ စမတ်ဖုံးများ ကို ထွင်နိုင်သည် ဟုဆိုလျှင် လူထက် အဆ ၁၀၀ ကြီးသော ၊ အသိဥာဏ် အဆ ၁၀၀ များသော အခြားသတ္တဝါများ စကြဝဠာ တွင် မရှိနိုင်ပြီလော၊ လူ့ထက် အဆပေါင်း မှန်းဆ၍ မရန်ိုင်သော ဘုရား သည် စကြဝဠာကို ထိန်းချုပ်န်ိုင်ဟု ဆိုလျှင် ဖြစ်နိုင်ပါမည် လော။ စသည့် မေးခွန်းပေါင်းများစွာ ၏ အဖြေကို လည်း သိရမည် ဖြစ်သည်။
 
'''၄။ ကားလ ( အချိန်)'''
 
ဘဂဝဒ်ဂီသာကျမ်းတွင် နောက်ထပ်ဆွေးနွေးထားသည့် အကြောင်းအရာ သည် အချိန် ဖြစ်သည်။ ထို အချိန်ကို ကာလ်ဟု ဖေါ်ပြသည်။ အချိန်သည့် ဘယ်က စခဲ့သနည်း ။ ဘယ်မှာ ဆုံးမည်နည်း။ စကြဝဠာ အချိန်၊ လူ့အချိန် ၊ နတ်အချိန် ၊ တိရစ္ဆာတို့၏ အချိန် စသည်တို့အကြား မည်မျှ ခြားနားသနည်း။ စကြဝဠာ၏ သက်တမ်းနှင့် လူ့သက်တမ်း၊ အချိန်မရှိသော နေရာ။ လူ့ဘ၀၏ အရေးကြီးဆုံး အချိန်သည် မည်သည့် အချိန် ဖြစ်မည်နည်း။ အဘယ့်ကြောင့်နည်း။ စသည့် အကြောင်းအရာများကို တွေ့ရမည် ဖြစ်သည်။
 
'''၅။ ကရ်မ ( ကံနှင့် ကံ၏အကျိုး)''' ဟူ၍ ဖြစ်သည်။
 
ကံနှင့် ကံအကျိုး သည် မည်သို့ စတင်ဖြစ်ပေါ်လာသနည်း။ ကောင်းသော ကံနှင့် မကောင်းသော ကံ အကြောင်း၊ ကံသုံးမျိုး ကရ်မ၊ ဝိကရ်မ နှင့် အကရ်မ ဆိုသည်မှာ အဘယ်နည်း ။အလုပ်လုပ်သော်လည်း အလုပ်မမြောက်သော အလုပ် ဆိုသည်မှာ အဘယ်နည်း။ ကံနှင့် ကံ၏ အကျိုးမှ ကင်းသွားနိုင်သော နည်းလမ်းများ ရှိပါသလား။ ညံ့နေသော ကံကို ကောင်းအောင် လုပ်နိုင်ပါသလား။ ဘုရားရှင် အားကိုးကွယ်ဆည်း ကပ်ခြင်းဖြင့် ကံနှင့် ကံ၏ အကျိူးမှ လုံး၀ ကင်းပြတ်သွားပြီး သံသရာမှ လွတ်နိုင်သလား။ ကောင်းမှု လုပ်ရုံဖြင့် သံသရာမှ လွတ်မြောက်မည်လား။ စသည့် အကြောင်းအရာ များစွာကို တွေ့ရှိရမည် ဖြစ်သည်။  
 
== တစ်ဆူတည်းမှ ကိုယ်ပွါးသုံးဆူ ==