မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-၀ပမ် +ဝမ်, -ဥ် +ဉ်, -ဩ +ဩ, -ဪ +ဪ, -့် + ့်, -စျ +ဈ, -၀ေ +ဝေ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ို +ဝို, -၀ူ +ဝူ, -၀ဲ +ဝ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁ -
[[File:MyinKone.jpg|thumb|မြင်ကွန်းမင်းသားပုံ]]
မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းသည် ရတနာပုံခေတ်နှောင်းပိုင်းတွင် ထင်ရှားသော နန်းတွင်းလုပ်ကြံမှုကြီး ဖြစ်သည်။ ၁၈၆၆-ခုနှစ်၊ သြဂုတ်လဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် မင်းတုန်းဘုရင်နှင့် တောင်ရွှေရေးဆောင် မိဖုရားတို့က မွေးသော သားတော်ကြီးများဖြစ်သည့် မြင်ကွန်းမင်းသား(သီလဝ)နှင့် မြင်းခုန်တိုင်မင်းသား (ဖိုးထင်) နှစ်ပါးက ဦးဆောင်ပြီး လွှတ်တော်တွင် စည်းဝေးနေသော အိမ်ရှေ ့စံ ကနောင်မင်းသားကြီးကို ဥပါယ်နှင့် လုပ်ကြံခဲ့သည်။ [[ကနောင်မင်းသား]]ကြီးမှာ ပွဲချင်းပြီး ကွယ်လွန်သွားသည်။ မင်းသားများသည် ခမည်းတော်ဖြစ်သော မင်းတုန်းဘုရင်ကိုပါ လုပ်ကြံဖို့ရာမှာ မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဘုရင်ပိုင် ရေနန်းစင်္ကြာ သင်္ဘောနှင့် အောက်ပိုင်း မလွန်အရပ်ကို စုန်ပြီး ပုန်ကန်ခဲ့ပါသည်။ မကြာခင် အရေးနိမ့်သွားသည့်အတွက် အင်္ဂလိပ်သိမ်းထားသော မြန်မာပြည်အောက်ပိုင်းကို ဝင်ရောက်ခိုလှုံသွားပါသည်။<ref>[[နေထွတ်]]၏ ‘မန္တလေးအဘိဓာန်’ စာအုပ်</ref>
 
==အကြောင်းရင်း==
စာကြောင်း ၂၁ -
 
===မင်းသားညီနောင် ဆိုးသွမ်းပုံ===
*မင်းတုန်းမင်းတရားသည် သားတော်ကြီးများ စုံညီစွာခစားမိလှျင် ပြံုးတော်မူလှျက်ပြုံးတော်မူလှျက် `ကိုင်း ငါ့သားများ ခမည်းတော်ဘုရားကို ပွဲတော်ဟင်းများ ကိုယ်ချက်တတ်ရာ သား၊ ငါးများကို ကိုယ်တိုင်ချက်၍ ဆက်ကြစမ်းပါ။ မြိန်ရှက်စွာ ပွဲတော်တည်လိုတယ်´ ဟု စင်စစ်အားဖြင့် ဆန္ဒမရှိသော်လည်း ကျွမ်းဝင်ချစ်ခင်သည်ဟူသော ပရိယာယ်ဖြင့် မိန့်တော်မူလှျင် အချို့သော သားတော်များမှာ ဝမ်းမြောက်စွာဖြင့် မည်သည့်ဟင်းချက်တတ်ကြောင်း၊ ကိုယ်တိုင်ချက်၍ ဆက်သကြသည်။ မြင်ကွန်းမင်းသားအလည့်တွင် `မှန်လှပါ။ ဘုရားသားတော် အမဲသားဟင်း ချက်တတ်ကြောင်းပါဘုရား´ဟု လှျောက်ထားလိုက်သည်။ မင်းတုန်းမင်းသည် အမဲသားဟင်းကို ကိုယ်တိုင်လည်း ပွဲတော်မတည်၊ တိုင်းသူပြည်သား၊ ရဟန်းရှင်လူအားလုံး မစားသောက်ရန် တင်းကျပ်စွာ တားမြစ်ထားရာ ရုတ်တရက် မြင်ကွန်းမင်းသား လျောက်တင်ချက်ကို ကြားသောအခါ `ဟင်´ဟု သာ တစ်လုံးတည်း နှုတ်မှထွက်ကာ မျက်နှာတော်ညို၍ အတွင်းတော်သို့ ဝင်တော်မူသည်။ ထိုအကြောင်းကို ကြားသိရသော ငယ်ကျွန်များက `အရှင်က ဒါတော့ လွန်လွန်းထင်ပါ့ဘုရား´ ပြောရာ မြင်ကွန်းမင်းသားက `မဟုတ်တရုတ် နေရာရှာလို့၊ ငါတို့ကို ဟင်းချက်ခိုင်းနေရသေးတယ်၊ လခပေးထားတဲ့ စားတော်ကဲတွေ အရှိသားနဲ့၊ ဒါနဲ့ ငါကလည်း သူတားမြစ်ထားတဲ့ နွား အမဲသားချက်တတ်ကြောင်း အရွဲ့တိုက်ပြီး သံတော်ဦးတင်လိုက်တာပဲဟေ့´ဟု မိန့်တော်မူသည်။ မြင်ကွန်းမင်းသားသည် တမင်အရွဲ့တိုက်လှျောက်တင်ခြင်း ဖြစ်သည်။
 
 
စာကြောင်း ၄၁ -
 
==ဖြစ်ပွားပုံ==
သက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်(၇)ရက်၊ ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ သြဂုတ်လဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် ရတနာပုံနေပြည်တော် တစ်ခုလုံး အုံးအုံးကျွတ်ကျွတ် ဆူညံသွားစေသည့် အရေးအခင်းကြီးပေါ်လာသည်။ ထိုနေ့တွင် အိမ်ရှေ့စံ ကနောင်မင်းသားသည် ယာယီလွှတ်တော်အနီးရှိ တဲကြီးအတွင်း၌ မြတောင်ဝန်ကြီးဦးမှို၊ ပခန်းဝန်ကြီး ဦးရန်ဝေး တို့နှင့်အတူ သဿမေဓကိစ္စများကို တိုင်ပင်ဆွေးနွေးနေသည်။
 
မင်းတုန်းမင်းတရားကြီးမှာ တောင်နန်းမတော် မိဖုရားနှင့်အတူ မဟာလောကမာရဇိန် ဘုရားပရိဝှဏ်တော်အတွင်း၌ ပါဠိပိဋကတ်တော်များ ကျောက်ထက်အက္ခရာတင်ရာတွင် ကြီးကြပ်ရန် စီစဉ်နေသည်။ မင်းတရားနှင့်အတူ သားတော်မက္ခရာမင်းသား၊ အနောက်ဝန်ရပ်စောက်မြို့စား၊ လှိုင်းတက်မြို့စား၊ ဘုန်းတော်ဖြစ်သေနတ်ဗိုလ်၊ ကိုယ်ရံတော်၊ စားတော်ကွမ်း၊ ရေထီးဓားလက်စွဲ စသည့် နောက်လိုက်ငါးဆယ်ခန့်တို့ လိုက်ပါရန် ပွဲတော်ဆောင်မှ စံနန်းတော်အနောက်တံခါးဆီသို့ ထွက်လာကြသည်။
စာကြောင်း ၅၇ -
မြင်ကွန်း မြင်းခုန်တိုင်ညီနောင်တို့၏ နောက်လိုက်သားများသည် တံခါးနီ နန်းမြေဘုံစံနန်းတော်ကို အတင်းဝင်ကြသည်။ အရှေ့ဝင်းမှူး၊ တောင်ထားဝယ်ဗိုလ်၊ ကင်းဝန်မင်းကြီးတို့သည် စံနန်းတော်သို့ကျူးကျော်လာသော မြင်ကွန်းမင်းသားတို့အား ခုခံတိုက်ခိုက်သည်။ သို့သော်အားခြင်းမမှျ ခုခံသူတို့ အထိအခိုက် အကျအနာများသည်။ အတွင်းဝန် ရေနံချောင်းမြို့စား မင်းကြီး မဟာမင်းလှကျော်ခေါင်ကို ဓားများဖြင့်မိုးကာ ခြိမ်းခြောက်၍ သစ္စာခံစေသည်။ သူရဲဝန် `ရွှေပြည့်ရန်အောင်မြင်းဝန် သတိုးမင်းကြီး မဟာသမိန်ဘေဖြတ်စ´ကိုလည်း ၎င်းနည်းအတိုင်း သစ္စာခံစေရာ သစ္စာမခံငြင်းဆန်သဖြင့် ငဖြူသီးကပင် လုပ်ကြံလိုက်ရာ စံနန်းတော်ပေါ်တွင် ကျဆုံးရ၏။ သူရဲဝန်၏ ကျောက်စီဓားကို ငဖြူသီးက ရလေသည်။ ဗောင်းတော်ဆောင်မာရဘင် တံခါးကိုဖျက်၍ အတင်းဝင်ရောက်လုပ်ကြံကြသဖြင့် တံခါးမှ စောင့်ရှောက်ခုခံသူ တောင်ဒဝယ်ဗိုလ်သည် ရန်သူ့လက်ချက်ဖြင့် ကျဆုံးရလေသည်။
 
မြင်းခုန်တိုင်မင်းသားသည် မင်းတုန်းမင်းရှိရာ ယာယီနန်းတော်သို့ အပြေးလာသောအခါ မင်းတုန်းမင်းအနီး ခစားနေသော ကင်းဝန်မဟာမင်းလှဇေယျသူမှ `ခမည်းတော်ကို မလုပ်ကြံသင့်ပါ ဘုရား´ဟုဆိုကာ ရှေ့မှစီး၍ကာကွယ်သဖြင့် မြင်းခုန်တိုင်မင်းသားလက်ချက်ဖြင့် ကင်းဝန်မဟာမင်းလှဇေယျသူမှာလည်း ကျဆုံးရလေသည်။ မင်းတုန်းမင်းလည်း လုပ်ကြံမည့်ဆဲဆဲ လွတ်မြောက်ခဲ့၍ အခင်းဖြစ်သည်ဆိုသည်နှင့် နန်းတော်သို့ ဝင်ရန်ကြိုးစားသည်။ ဝင်းအပြင်သို့အရောက်တွင် မြင်ကွန်းမင်းသားက လုပ်ကြံရန် တာဝန်ပေးထားသော ရွှေဓားဗိုလ် ငပိုက်ကြီးနှင့် တွေ့သည်။ မင်းတုန်းမင်းသည် သူ့အား လုပ်ကြံရန်စောင့်နေသော ငပိုက်ကြီးကို တွေ့သည်နှင့် `ငပိုက်ကြီး ငါ့ကိုပို့စမ်း´ဟု အမိန့်ပေးသည်။ ငပိုက်ကြီးသည် မင်းတုန်းမင်း၏ အမိန့်ပေးသံကို ကြားသည်နှင့် သူ၏ တာဝန်ကို မေ့လျော့သွားသည်။ သူလုပ်ကြံရမည့် မင်းတုန်းမင်းကို ချီပိုးပြီး နန်းတော်စီသို့ ခတ်သုတ်သုတ်လှျောက်သည်။ မိဖုရားခေါင်ကြီးကို ကုလားပျိုသေနတ်စာရေး မောင်ခြံုကမောင်ခြုံက ချီပိုးပြီး ပို့ရသည်။ မက္ခရာမင်းသားမှာ နောက်လိုက်နောက်ပါများနှင့် အတူ ဖခင်မင်းတရားကို ကာကွယ်ပြီးလိုက်သည်။ လမ်းခရီးတွင် အနောက်ဝန်ဦးတက်တူကို မြင်းနှင့်တွေ့သည်။ မင်းတုန်းမင်းသည် ထိုမြင်းပေါ်သို့ပြောင်းစီးပြီး ခရီးဆက်ကာ နန်းတော်သို့ မြို့တော်မြောက်ဘက် ပန်းဦးတံတားမှ ဘေးကင်းစွာ ဝင်နိုင်ခဲ့သည်။ ဝန်ကြီးဦးရန်ဝေးမှာလည်း တပ်တော်နှင့် တွေ့ပြီး နောက်ကလိုက်ပါလာသည်။
 
မင်းတုန်းမင်း ရွှေနန်းတော်သို့ ဝင်ရောက်သွားချိန်တွင် မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ယာယီနန်းတော်အတွင်း မွှေနှောက်ပြီး ခမည်းတော်ကို လိုက်လံရှာဖွေသည်။ စံနန်းတော်တွင် မတွေ့ရသည့်အခါ နောက်ကြောင်းပြန်လှည့်လာပြီး (ရွှေကျွန်းပိုင်ကျွန်းလွန်ခါမှ ပျိုတားနိုင်ရိုးလား) ဟူသော တပေါင်သီချင်းများကို ဟစ်အော်ကြွေးကြော်ရင်း ရွှေမြို့တော် ဦးထိပ်တံခါးမှ မြို့အတွင်းသို့ ဝင်သည်။ မြို့အတွင်းသို့ရောက်သည်နှင့် ရွေးတော်ယူတံခါးမှ သစ်တပ်အတွင်းသို့ ဝင်ရန်အားထုတ်ကြသည်။ ရွေးတော်ယူတံခါးတွင် နတ်ရှင်ရွေး သေနတ်ဗိုလ် မောင်စို တပ်နှင့် ရင်ဆိုင်တိုက်ခိုက်သည်။ သေနတ်ဗိုလ်တပ်က မြင်ကွန်းတပ်ကို မတားနိုင်သဖြင့် ဆုတ်ခွာရာ ရွေးတော်ယူတံခါး ပွင့်သွား၏။ မြင်ကွန်းမင်းသား၏ အမိန့်နှင့် နောက်လိုက် တပ်သားများက လွှတ်တော်ကို ဝင်စီးသည်။ လွှတ်တော်အတွင်းရှိနေသော မကွေးမြို့စားဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှ သီဟသူ၊ ဝန်ထောက်ကျောက်ရဲ မြို့စားမင်းကြီး မင်းခေါင်သီဟသူ၊ အသည်ဝန်ထောက်မင်းကြီး မဟာသီဟသူရ၊ ဝန်ကြီးဦးကြာနုနှင့် မှူးမတ်များ အဖမ်းခံကြရသည်။
စာကြောင်း ၇၂ -
 
==မလှျော့သောဇွဲ==
ကနောင်မင်းသားကို လုပ်ကြံခဲ့သော မြင်ကွန်းမင်းသားသည် တိုင်းတပါးသို့ ရောက်ရှိနေသော်လည်း အာဏာသိမ်းမည့်အကြံအစည်ကို မလှျော့ဘဲ ဆက်လက် အကောင်အထည် ဖော်နိုင်ရန် ကြိုးစားသည်။ ဗာရာဏသီရှိ အကျယ်ချုပ်ခံထားရသော စံအိမ်မှ မြင်ကွန်းမင်းသားသည် သူ၏ အဝတ်ဟောင်းများကို လာယူလှျော်ဖွတ် ပေးသော ဒိုဘီကြီးကို ဖမ်းစီး၍ ဒိုဘီကြီး၏ အဝတ်များကိုဝတ်ဆင်ပြီး အဝတ်ဟောင်းထုပ်ကို ခေါင်းတွင်ရွက်ကာ ထွက်ပြေးလွတ်မြောက် သွားလေသည်။ ထို့နောက် ကုန်သည်တစ်ယောက်၏ အခိုင်းအစေကူလီအဖြစ် ပြင်သစ်အပိုင် ချန္ဒရာနဂိုမြို့သို့ အရောက်သွားပြီး ပြင်သစ်အစိုးရထံ ခိုလှုံသည်။<ref>ကောင်းထက်၏ စုဖုရားလတ်ရှင်းတမ်းနှင့် ပါတော်မူဖြစ်ရပ်များ(၂၀၀၄၊ သြဂုတ်လ၊ပအကြိမ်ဩဂုတ်လ၊ပအကြိမ်)</ref>
 
ဆရာတော် [[ဦးဥတ္တမ]]သည် ဂျပန်ပြည်မှအပြန် ကိုရီးယား၊ တရုတ်ပြည်တို့မှတစ်ဆင့် အင်ဒိုချိုင်းနားရှိ ဆိုင်ဂုံ (ယခု ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟိုချီမင်းမြို့တော်)သို့ ဝင်ခဲ့သည်။ ဆိုင်ဂုံမြို့တွင် [[မင်းတုန်းမင်း]]တရားကြီး၏ သားတော် မြင်ကွန်းမင်းသားကြီးနှင့် ၎င်း၏ သားတော်နှစ်ပါးတို့ နေထိုင်လျက်ရှိသည်။ မြင်ကွန်းမင်းသားကြီးက ဆရာတော် ဦးဥတ္တမအကြောင်းကို သတင်းစာများမှတစ်ဆင့် ကြားသိပြီး ဖြစ်ရာ အလွန်တွေ့ချင်နေသည်။ ထို့နောက် ဆရာတော် ဦးဥတ္တမ ဆိုင်ဂုံမြို့သို့ ရောက်ရှိနေကြောင်း သိလှျင် သိချင်း မြင်ကွန်းမင်းသားကြီးက ဆရာတော်အားပင့်၍ ဆွမ်းကျွေးခဲ့သည်။ ဆရာတော် ဆွမ်းဘုဉ်းပေးနေစဉ် မြင်ကွန်းမင်းသားကြီးက '''အရှင်ဘုရား၊ တပည့်တော် ရာဇပလ္လင်ပေါ် ဖင်မထိုင်ရသမှျတော့ မြန်မာပြည်ကို မပြန်တော့ဘူး'''ဟု လှျောက်ထားရာ ဆရာတော်က '''ဒကာကြီး၊ ခဲတစ်လုံးကို ရေထဲချက အသံမြည်ပါလိမ့်မည်၊ မြန်မာပြည်ကတော့ အသံမြည်တော့မည် မဟုတ်ပေ''' ဟု မိန့်တော်မူရာ မြင်ကွန်း မင်းသားကြီးမှာ မျက်ရည်များပင် ကျရှာခဲ့သည်ဟု ဆို၏။ <ref>သန်းဝင်းလှိုင်၏ ရုပ်ထုမှပြောသော မြန်မာ့သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ</ref>