"ဟိန္ဒူဘာသာ" ၏ တည်းဖြတ်မှု မူကွဲများ

၉၆၇၇ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
 
 
'''<big>ဘဂဝဒ်ဂီသာကျမ်း (Bhagavad Gita)</big>'''
 
== တစ်ဆူတည်းမှ ကိုယ်ပွါးသုံးဆူ ==
ဘဂဝဒ်ဂီသာကျမ်းကို ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ကျမ်းဟု ဆိုကြသည်။ ဘဂဝဒ်ဂီသာကျမ်းကို ဥပနီသျှဒ် ကျမ်းတို့၏ အနှစ်သာရ အဖြစ် ဂီသိုးပနီသျှဒ် ဟုလည်း ခေါ်သည်။ ဘဂဝဒ်ဂီသာကျမ်းကို ဘုရားရှင် ကရိသ်ျှဏ က ဘီစီ ၃၅၃၄ ခန့်က ကူရူသျှေသရ ဟူသော စစ်မြေပြင်တွင် မိမိတာဝန်ကို သံယောဇဉ်ကြောင့် ထမ်းဆောင်ရန်  ချီတုံချတုံ ဖြစ်နေသော စစ်ဗိုလ်ချုပ်ကြီး အရ်ဂျုန မူတည်ထားပြီး လောကလူသား အားလုံး အတွက် ဟောကြားခဲ့သော ကျမ်းဖြစ်သည်။ ဘဂဝဒ်ဂီသာကျမ်းသည် ဘာသာတစ်ခု လူမျိုး တစ်မျိုး အတွက် မဟုတ်ဘဲ လူသားအားလုံး အတွက် ကျမ်းဖြစ်သည်။
 
ဘဂဝဒ်ဂီသာကျမ်းသည် ပါဒပေါင်း ၇၀၀ ရှိပြီး ယင်းကို အခန်း ၁၈ ခန်း ဖြင့် ပိုင်းခြားထားသည်။ ဘဂဝဒ်ဂီသာကျမ်း တွင် အောက်ပါ အကြောင်းတရား ငါးပါး ကို ဆွေးနွေးထားပေသည်။
 
* '''၁။ ဘုရား ( အီသျွှရ)'''
** လောကတွင် ဘုရားရှိသလား၊ ဘုရားသည် သက်ရှိထင်ရှား ရှိသလား၊ ဘုရားရှင်၏ ဂုဏ်တော် များကား အဘယ်နည်း၊ ဘုရားရှင်နှင့် သက်ရှိတို့အကြား မည်သို့ ဆက်စပ်မှု ရှိသနည်း။ ဘုရားကို ဆုတောင်လျှင် ရသလား၊ ဘုရားရှင်အား ဆွမ်းပန်းရေချမ်း၊ ဆီမီး စသည်တို့ ဆက်ကပ်လျှင် အကျိုးရှိမရှိ၊ သံသရာမှ လွတ်မြောက်ခြင်း တွင် ဘုရားရှင်၏ အကူအညီ လို မလို၊ ဘုရားရှင်သည် ကိုးကွယ်ရုံသက်သက်လော။ သို့မဟုတ် ဘုရားရှင်သည် ချစ်မြတ်နိုးရသော ပုဂ္ဂိုလ်လော စသည့် အကြောင်းအရာ ပေါင်းများစွာကို ဆွေးနွေးထားသည်။
* '''၂။ သက်ရှီ ( ဂျီ၀)'''
** သက်ရှိ ဆိုသည်မှာ မိမိဖြစ်သည်။ ထိုမိမိသည် ရုပ်ခန္ဓာကိုယ်လော။ စိတ်လော၊သို့မဟုတ် ရုပ်နှင့် နာမ်လွန်ရာ ဖြစ်သလော၊ လူတစ်ယောက် သေဆုံးသည် ဆိုပါက မည်သူ သေဆုံးသနည်း ၊ နောင်ဘ၀ ကူးသည် ဟုပြောသော အခါ မည်သူက ကူးသနည်း။ ခန္ဓာကိုယ် စဉ်ဆက်မပြတ် ပြောင်းလဲနေသော်လည်း မိ်မိဟု သိနေသော မပြောင်းလဲသည့် အရာသည် မည်သူနည်း။ ထိုသက်ရှိသည် မည်သူနည်း။ ဘုရားရှင် နှင့် ဆက်စပ်မှု ရှိပါသလား။ သံသရာမှ လွတ်မြောက်သော အခါ သက်ရှိသည် ဘယ်ကို ရောက်သွားသနည်း။ စသော လေးနက်သည့် အကြောင်းအရာ များကို ဆွေးနွေး ထားပေသည်။
* '''၃။ ပ်ရ ကရိသီး ( သဘာဝတရား)'''
** ရုပ်လောက သဘာဝတရား ဆိုသည် မှာ အဘယ်နည်း ၊ ယင်းသည် အသက်ရှိလော၊ အသက်မဲ့လော။ စကြဝဠာ ၏ ဆန်းကြယ်မှု အားလုံးသည် သူ့ ဖာသာ တိုက်ဆိုင်ပြီး ဖြစ်ပေါ်လာသည်လား။ သဘာဝတရား ၏ မှန်ကန် တိကျသော ဖြစ်စဉ်များအပေါ်တွင် သက်ရှိ၏ လွှမ်းမိုးမှု ရှိသည်လား။ ခြောက်ပေ ပင် မပြည့်သော၊ သက်တမ်း ၁၀၀ ပင်မရှိသော  လူသားများက အလွန်ကြီးမားသော လေယာဉ်ပျံများ ဂြိုလ်တုများ ကွန်ပြုတာများ စမတ်ဖုံးများ ကို ထွင်နိုင်သည် ဟုဆိုလျှင် လူထက် အဆ ၁၀၀ ကြီးသော ၊ အသိဥာဏ် အဆ ၁၀၀ များသော အခြားသတ္တဝါများ စကြဝဠာ တွင် မရှိနိုင်ပြီလော၊ လူ့ထက် အဆပေါင်း မှန်းဆ၍ မရန်ိုင်သော ဘုရား သည် စကြဝဠာကို ထိန်းချုပ်န်ိုင်ဟု ဆိုလျှင် ဖြစ်နိုင်ပါမည် လော။ စသည့် မေးခွန်းပေါင်းများစွာ ၏ အဖြေကို လည်း သိရမည် ဖြစ်သည်။
* '''၄။ ကားလ ( အချိန်)'''
** ဘဂဝဒ်ဂီသာကျမ်းတွင် နောက်ထပ်ဆွေးနွေးထားသည့် အကြောင်းအရာ သည် အချိန် ဖြစ်သည်။ ထို အချိန်ကို ကာလ်ဟု ဖေါ်ပြသည်။ အချိန်သည့် ဘယ်က စခဲ့သနည်း ။ ဘယ်မှာ ဆုံးမည်နည်း။ စကြဝဠာ အချိန်၊ လူ့အချိန် ၊ နတ်အချိန် ၊ တိရစ္ဆာတို့၏ အချိန် စသည်တို့အကြား မည်မျှ ခြားနားသနည်း။ စကြဝဠာ၏ သက်တမ်းနှင့် လူ့သက်တမ်း၊ အချိန်မရှိသော နေရာ။ လူ့ဘ၀၏ အရေးကြီးဆုံး အချိန်သည် မည်သည့် အချိန် ဖြစ်မည်နည်း။ အဘယ့်ကြောင့်နည်း။ စသည့် အကြောင်းအရာများကို တွေ့ရမည် ဖြစ်သည်။
* '''၅။ ကရ်မ ( ကံနှင့် ကံ၏အကျိုး)''' ဟူ၍ ဖြစ်သည်။
** ကံနှင့် ကံအကျိုး သည် မည်သို့ စတင်ဖြစ်ပေါ်လာသနည်း။ ကောင်းသော ကံနှင့် မကောင်းသော ကံ အကြောင်း၊ ကံသုံးမျိုး ကရ်မ၊ ဝိကရ်မ နှင့် အကရ်မ ဆိုသည်မှာ အဘယ်နည်း ။အလုပ်လုပ်သော်လည်း အလုပ်မမြောက်သော အလုပ် ဆိုသည်မှာ အဘယ်နည်း။ ကံနှင့် ကံ၏ အကျိုးမှ ကင်းသွားနိုင်သော နည်းလမ်းများ ရှိပါသလား။ ညံ့နေသော ကံကို ကောင်းအောင် လုပ်နိုင်ပါသလား။ ဘုရားရှင် အားကိုးကွယ်ဆည်း ကပ်ခြင်းဖြင့် ကံနှင့် ကံ၏ အကျိူးမှ လုံး၀ ကင်းပြတ်သွားပြီး သံသရာမှ လွတ်နိုင်သလား။ ကောင်းမှု လုပ်ရုံဖြင့် သံသရာမှ လွတ်မြောက်မည်လား။ စသည့် အကြောင်းအရာ များစွာကို တွေ့ရှိရမည် ဖြစ်သည်။  ( အသေးစိတ် သိရှိဖတ်ရှုလိုပါက အပြည်ပြည်ဆိုင်ရာ ကရိသ်ျှဏ အနုဿတိ အသင်း (မြန်မာနိုင်ငံ) ISKCON (Myanmar) မှ ထုတ်ဝေထားသော ဘဂဝဒ်ဂီသာကျမ်း(မြန်မာပြန်) ကို ဖတ်ရှု လေ့လာ နိုင်ပါသည်)
 
== တစ်ဆူတည်းမှ ကိုယ်ပွါးသုံးဆူ ==
ဝေဒကျမ်းများ၌ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့သည် အလွန်ကြီး အရေးမပါကြ။ တလုံးတစည်းတည်းလည်း မဟုတ်ကြပေ။ ခရစ်ပေါ်ပြီးနောက် နှစ်ပေါင်း၄၀၀ခန့်၌ ပေါ်ထွန်းလာသော [[ဂုတ္တမင်းဆက်]] မှစ၍ ဗိဿနိုး၊ သိဝ၊ ဗြဟ္မာ တို့ကို တလုံးတစည်းတည်း ပေါင်းစည်း ကိုးကွယ်လာရုံမျှမက တစ်ဆူတည်းသော တန်ခိုးရှင် ဘုရားကြီး၏ ကိုယ်ပွါးသုံးဆူ ဟုပင် ယုံကြည်လာကြ၏။ လက်ဦးတွင် ဖန်ဆင်းရှင် ဗြဟ္မာကို ပို၍ အလေးအမြတ်ထားရာမှ ခေတ်အဆက်ဆက် ဖြတ်သန်းလာရာက တဖြည်းဖြည်း ဗြဟ္မာ၏ အခန်းကဏ္ဍ မှေးမှိန်လာကာ ဗိဿနိုးကို အမြတ်ဆုံး ကိုးကွယ်လာကြ၏။ ရာမာယနကျမ်း ပေါ်လာပြီး နောက်၌မူ ဗိဿနိုးသည် လူ့လောက အတွင်းသို့ ဘုရားဝင်စား အဖြစ် အသွင်အမျိုးမျိုးဖြင့် ဝင်ကာ လောကအကျိုးကို ဆောင်လာသည်အထိ ယုံကြည်ကြ၏။
 

တည်းဖြတ်မှုများ