စိန်ဝင်း၊ ဗိုလ်ချုပ်၊ ဝန်ကြီးချုပ်ဟောင်း: တည်းဖြတ်မှု မူကွဲများ

→‎ငယ်စဉ်ဘဝ: စာလုံးပေါင်း လွဲနေသဖြင့်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ဥ ဉ
စာကြောင်း ၄၄ -
 
=== ဘီဒီအေ တွင် တာဝန်ထမ်းခြင်း ===
ကိုစိန်ဝင်းသည် ၁၉၄၂ခုနှစ်တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို [[ဗမာ့ကာကွယ်ရေးတပ်မတော်]] (ဘီ-ဒီ-အေ)အဖြစ် ပြောင်းလဲ ဖွဲ့စည်းသောအခါ ဘီ-ဒီ-အေတပ်ရင်း(၃) စက်သေနတ်ကြီး တပ်စု တပ်စုမှူး တာဝန် ထမ်းဆောင်သည်။ တပ်ရင်းများရှိ အရာရှိ(၁၀)ဦးစီ လူပေါင်း(၃၀)၊ မင်္ဂလာဒုံ- ဗိုလ်သင်တန်းကျောင်း၊ ပထမပတ် သင်တန်း တက်နေသူများ နှင့်အတူ ရွေးချယ်ခံယူ၍ သွားရောက်စစ်ပညာ သင်ယူရန်ဖြစ်သည်။ ရွေးချယ်ထားသည့် အရာရှိများကို တပ်ရင်းများတွင် စစ်ပညာများ သင်ကြားပေးလျက် ရှိသည်။ ဂျပန် အကြံပေး အရာရှိ '''ဒိုးအိ''' မှာ သူ တာဝန်ယူ ရသည့် တပ်ရင်း (၂)မှ အရာရှိ(၁၀)ဦးကို ပညာသင် အဖြစ် အားလုံး အရွေးချယ် ခံရစေချင်သည်။ စစ်ပညာများကို တပ်ရင်းတွင် ပြင်းပြင်းထန်ထန် သင်ကြားပေးခဲ့သည်။ အရာရှိများမှာ ဘီ-အိုင်-အေတွင် တပ်မှူး။ ဘီ-ဒီ-အေ၌ သုံးလိုင်းတစ်ပွင့် ပြန်တမ်းဝင် အရာရှိ အဖြစ် ခန့်အပ်ခြင်း ခံရသူများကို ဂျပန် အကြံပေး အရာရှိများမှ ဂျပန်ပြည်သို့ စစ်ပညာ သင်ယူရန် စေလွှတ် လိုကြသည်။ နိုင်ငံတော် လွတ်လပ်ရေး မရရှိသေးပေ။ နံနက်ပိုင်း စစ်ပညာ သင်တန်း ပြီးသည့်အခါ နေ့လယ်တွင် သင်တန်းသား အရာရှိ ၃၀ မှ [[ပျဉ်းမနား]] ဗမာ့ကာကွယ်ရေး တပ်မတော် စစ်ဌာနချုပ်၌ ဂျပန်စာ သင်ယူခဲ့ရသည်။ ဗိုလ်ကြီး စိန်ဝင်းသည် သင်တန်းသား ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ဂျပန်စာ သင်ကြား ပို့ချပေးသူမှာ ဗိုလ်မှူးအဆင့်ရှိ ဂျပန်ကြံပေးအရာရှိဖြစ်သည်။ ပျဉ်းမနားမြို့တွင် စစ်သင်တန်းများ ပြီးသည့်အခါ တပ်ရင်း (၂) ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ရသည်။ ရန်ကုန်မြို့၊ သိမ်ဖြူလမ်း [[ဝန်ကြီးများရုံး (ရန်ကုန်)|ဝန်ကြီးများရုံး]] နှင့် မျက်နှာချင်းဆိုင် အထက်တန်းကျောင်း အဆောက်အအုံရှိ ''ဦးဉတ္တမဦးဥတ္တမ - ဂတ်ကော'' ဂျပန်ဘာသာ စာသင် ကျောင်းကြီးတွင် အရာရှိ ၃၀ အား အထူး အစီအစဉ် အရ ထိုကျောင်းကြီးတွင် ဂျပန်စာ အချိန်ပြည့်သင်ခဲ့ရသည်။ <ref>မကွေးမြင့်မောင် တပ်မတော် စစ်သည်တစ်ဦး၏ မှတ်တမ်းများ။ (ရန်ကုန်၊ ဝင်းစာပေ၊ ၁၉၉၉) စာ ၂၄၂။</ref> တပ်ရင်း(၂)မှ တပ်ခွဲမှူး မှာ ဖက်ဆစ်တော်လှန်ရေးတွင် အထက်ဗမာပြည်တိုင်းမှူး၊ ရှမ်းပြည်နယ်တောင်ပိုင်း၌ ကျဆုံးသွားသူ အောင်ပန်းမြို့တွင် အထိန်းအမှတ်ကျောက်တိုင် စိုက်ထူ ဂုဏ်ပြုခံရသူ၊ စစ်ကျောင်းကြီးများ ရှိနေ သည့်တပ်နယ်ကို ဗထူးတပ်မြို့ ဟု သတ်မှတ် ဂုဏ်ပြုခံရသော [[ဗထူး၊ ဗိုလ်မှူးကြီး|ဗိုလ်မှူး ဗထူး]] ဖြစ်သည်။ ဗိုလ်ကြီး စိန်ဝင်းသည် ထိုပုဂ္ဂိုလ် နှင့် ဗမာ့ လွတ်လပ်ရေး တပ်မတော် တွင် ထားဝယ်မြို့ မှ လိုက်ပါ လာခဲ့သည်။
 
ပျဉ်းမနား မြို့တွင် သင်တန်း တက်ပြီးနောက် ရခိုင်ရိုးမ သို့ ပြည်မြို့ မှ တစ်ဆင့် တပ်ရင်း တစ်ခုလုံး ချီတက်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၄၄ ခုနှစ် တွင် ပျဉ်းမနားမြို့ ၌ ဘီ-ဒီ-အေ တပ်ရင်း(၆) ဖွဲ့စည်းခဲ့ရာ စက်ကလေး သေနတ်ကြီး တပ်ခွဲ တပ်ခွဲမှူး အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ ၁၉၄၅ခုနှစ်တွင် တပ်ရင်းမှူး အဖြစ် တိုးမြှင့် ထမ်းဆောင်ပြီး ပျဉ်းမနားမြို့ မှ [[သရက်]]မြို့ သို့ တပ်ရင်း ပြောင်းရွေ့သည်။ သရက် အနောက်ခြမ်း ကမ္မ၊ သရက်၊ [[မင်းလှမြို့၊ သရက်ခရိုင်|မင်းလှ]]၊ မင်းတုန်းမြို့များတွင် ဖက်ဆစ် တော်လှန်ရေး အတွက် စည်းရုံး လှုပ်ရှားမှု များပြုလုပ်သည်။
စာကြောင်း ၆၁ -
 
=== ၁၉၄၈-၁၉၆၂ အတွင်းကြိုးပမ်းမှု ===
ဦးစိန်ဝင်းသည် ၁၉၄၈ခုနှစ်၊ လွတ်လပ်ရေးရပြီး ခြေလျင်တပ်များ ဖွဲ့စည်းသောအခါ [[မင်္ဂလာဒုံ]]ရှိ ခြေလျင်တပ်ရင်း(၁)တွင် ဗိုလ်မှူးအဆင့်ဖြင့် ဒုတပ်ရင်းမှူး တာဝန် ပေးအပ်ခြင်းခံရသည်။ ကရင် သောင်းကျန်းသူ များ ထကြွ ပုန်ကန်ချိန်တွင် [[အင်းစိန်တိုက်ပွဲ]]၊ [[စာဗူးတောင်းတိုက်ပွဲ]] များ၌ ပါဝင် တိုက်ခိုက်ခဲ့သည်။ ၁၉၄၈ခုနှစ်တွင်ပင် ဒုဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်ခြင်းခံရပြီး ခြေလျင်တပ်ရင်း(၁) တပ်ရင်းမှူးတာဝန် ဆက်လက် ထမ်းဆောင်သည်။ ၁၉၅၀ပြည့်နှစ်၊ ဇန်နဝါရိလ ၂၀ ရရက်နေ့တွင် [[ပထမအကြိမ် တပ်မှူးများညီလာခံ]] ၌ တပ်ရင်းမှူး တာဝန်ထမ်းဆောင်စဉ် တက်ရောက်ခဲ့သည်။<ref>မြန်မာနိုင်ငံ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော် မော်ကွန်းတိုက်၊ တပ်မတော်သမိုင်း(စတုတ္ထတွဲ)၊ ၁၉၄၈ − ၁၉၆၂ (ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ၁၉၉၆) စာ ၁၃၃။ </ref> ၁၉၅၁ခုနှစ် တွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ၌ စစ်ဦးစီးမှူး (ပထမတန်း) အဖြစ် လည်းကောင်း၊ ၁၉၅၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ခြေမြန် တပ်မဟာ(၃)မှူးအဖြစ်လည်းကောင်း တပ်မှူးညီလာခံသို့ တက်ရောက် ခဲ့သည်။၁၉၅၂တွင် တန်းမြင့် အရာရှိ သင်တန်းတက်ရန် [[အင်္ဂလန်]] နိုင်ငံသို့ သွားရောက်ခဲ့ သည်။ ၁၉၅၃ခုနှစ်တွင် ဗိုလ်မှူးကြီး အဆင့်သို့ တိုးမြှင့်ခံရပြီး တပ်မဟာ(၂)တပ်မဟာမှူး တာဝန် ထမ်းဆောင်သည်။ ၁၉၅၆ ခုနှစ် တွင် ပိုင်းလော့ သင်တန်းတက်ရန် [[ထိုင်းနိုင်ငံ]] သို့ သွားရောက်ခဲ့သည်။ ၁၉၅၇ခုနှစ်တွင် တပ်မဟာ(၄) တပ်မဟာမှူးအဖြစ်လည်းကောင်း၊ ၁၉၅၈ခုနှစ်တွင် စစ်ရုံးချုပ်၌ တွဲဖက် စစ်ထောက်ချုပ် အဖြစ်လည်းကောင်း ထမ်းဆောင်သည်။ ဦးစိန်ဝင်းသည် ၁၉၅၈ခုနှစ်၊ [[အိမ်စောင့်အစိုးရ]] လက်ထက်တွင် အိုးအိမ်ဌာန၊ လမ်းဌာနနှင့် ပြန်လည်ထူထောင်ရေးဌာနများ၌ ဒုတိယ ဉက္ကဌဥက္ကဌ တာဝန် ထမ်းဆောင် ခဲ့သည့်အပြင် စစ်ပစ္စည်းကြီးကြပ် ရေးအဖွဲ့ဉက္ကဌရေးအဖွဲ့ဥက္ကဌ နှင့် တွဲဖက် စစ်ထောက်ချုပ် တာဝန်များ ကိုပါ ပူးတွဲထမ်းဆောင်ခဲ့ရသည်။ ၁၉၆၁ ခုနှစ် တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ထမ်းဆောင် နေရာမှ ဗိုလ်မှူးချုပ် အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ စစ်တိုင်းများ ပြန်လည်ဖွဲ့စည်းသောခါ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်သည်။
 
=== ၁၉၆၂-၁၉၇၁ အတွင်းကြိုးပမ်းမှု ===
၁၉၆၂ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီက နိုင်ငံတော် အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်း တာဝန်ယူသောအခါ [[တော်လှန်ရေး ကောင်စီ]]အဖွဲ့ဝင် ဖြစ်လာသည်။<ref>မြဝင်း၊ တပ်မတော် ခေါင်းဆောင်များ သမိုင်းအကျဉ်း (၁၉၄၁ မှ ၁၉၉၀ ပြည့်နှစ်အထိ)။ ၃ကြိမ် ရန်ကုန်၊ သတင်း နှင့် စာနယ်ဇင်းလုပ်ငန်း ၊ ၁၉၉၂။ စာ ၃၁။ </ref> ၁၉၆၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် အလယ်ပိုင်းတိုင်း တိုင်းမှူးအနေဖြင့် တပ်မှူး ညီလာခံတက်ရောက်ခဲ့သည်။<ref>မြန်မာနိုင်ငံ စစ်သမိုင်း ပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်၊ တပ်မတော်သမိုင်း(ပဉ္စမတွဲ)၊ ၁၉၆၂ − ၁၉၇၄ (ရန်ကုန်၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၊ ၁၉၉၉) စာ ၁၂၃။</ref> ၁၉၆၃ ခုနှစ် တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ ပါတီစည်းကမ်း ထိန်းသိမ်းရေး ကော်မတီဝင် တာဝန်ကိုပါ ပူးတွဲထမ်းဆောင်သည်။ ၁၉၆၄ခုနှစ်တွင် တော်လှန်ရေး အစိုးရအဖွဲ့ ပြည်သူ့လုပ်ငန်း နှင့်အိမ်ရာ ဆောက်လုပ်ရေး ဌာန တာဝန်ခံ(ဝန်ကြီး)အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသည်။ ၁၉၇၁ခုနှစ်၊ ပထမအကြိမ် ပါတီ ညီလာခံ တွင် ပါတီ လုပ်ငန်း စိစစ်ရေး ကော်မတီ ဉက္ကဌဥက္ကဌ အဖြစ် ထပ်မံ ရွေးချယ် တင်မြှောက်ခြင်းခံရသည်။
 
=== နိုင်ငံတော် ဝန်ကြီးချုပ် ===