လယုန်: တည်းဖြတ်မှု မူကွဲများ

လယုန်တံဆိပ် (မြန်မာနိုင်ငံ)
အရေးမကြီးNo edit summary
စာကြောင်း ၄၈ -
 
=== တရုတ်နိုင်ငံ ===
တရုတ်နိုင်ငံ ဟန်ပြည်နယ်ကာလမှ ရှေးကဗျာဖြစ်သော ''Chu Ci'' အရ လပေါ်တွင်'''[[လ (ကမ္ဘာရံဂြိုဟ်)|လ]]ပေါ်တွင် [[ယုန်]] (hare) ရှိသည်ဟုရှိသည်'''ဟု မှတ်ချက်ချသည်။ အနောက် ဟန်ပြည်နယ်ကာလ ယုန်များကိုတရုတ်နိုင်ငံသို့ မိတ်မဆက်ရသေးသဖြင့် မူရင်းပုံမှာ ယုန် (rabbit) မဟုတ်ဘဲ hare (ယုန်တစ်မျိုး) ဖြစ်ခဲ့သည်။ <ref>{{Cite web|url=https://www.guokr.com/article/437661/|title=月兔的兔,是什么兔?|date=2013-12-03|language=zh}}</ref>
 
[[ဟန်မင်းဆက်]]မှ ကဗျာဆရာများသည် လပေါ်မှ ယုန်ကို Jade Hare (玉兔) သို့မဟုတ် Gold Hare (金兔) ဟုခေါ်ဆိုလေ့ရှိကြသည်။ တန်တရုတ် Tang China မှ နာမည်ကြီးကဗျာဆရာ [[လီပို]]က သူ၏ကဗျာဖြစ်သော The Old Dust တွင် လပေါ်ရှိယုန်အကြောင်း စပ်ဆိုထားခဲ့သည်။ <ref>{{Cite web|url=https://www.poemhunter.com/poem/the-old-dust/|title=The Old Dust Poem by Li Po - Poem Hunter}}</ref>
စာကြောင်း ၆၃ -
[[ဆောင်းဦးရာသီပွဲတော်]] (Mid-Autumn Festival) ကို တရုတ်နှင့် ဗီယက်နမ်တို့တွင်မက အာရှနိုင်ငံအသီးသီးတွင် ကျင်းပလေ့ရှိသည်။ လယုန်ဒဏ္ဍာရီကိုအကြောင်းပြု၍ တရုတ်ပြက္ခဒိန် ၈ လပိုင်း ၁၅ ရက်နေ့<ref>[https://www.chinahighlights.com/festivals/mid-autumn-festival-date.htm Mid-Autumn Festival Dates in 2020, 2021, 2022]</ref> (နှစ်စဉ် '''[[တော်သလင်းလ]]ပြည့်နေ့''') ကျရောက်လျှင် ဆောင်းဦးရာသီပွဲတော်ကို ကျင်းပလေ့ရှိသည်။<ref>[https://www.chinahighlights.com/festivals/mid-autumn-festival-story.htm Mid-Autumn Festival Stories (Top 3 Most Interesting Legends)]</ref> ဂျပန်နိုင်ငံတွင် Tsukimi festival ဟူ၍လည်းကောင်း၊ ကိုရီးယားနိုင်ငံတွင် Chuseok festival ဟူ၍လည်းကောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင် Sampeah Preah Khae (Bon Om Touk) ဟူ၍လည်းကောင်း လယုန်ဒဏ္ဍာရီကို ရည်ညွှန်း၍ အာရှတစ်ဝှမ်း ပွဲတော်များကျင်းပကြသည်။ ဤဒဏ္ဍာရီသည် ဆောင်းဦးရာသီပွဲတော်ကို စိတ်ဝင်စားမှုမြှင့်တင်ပေးသည်ဟု ခေါ်ဆိုနိုင်သည်။
 
[[ဖိုင်:Moon rabbit logo used in Myanmar.jpg|right|thumb|ဆားမုန့်တွင် [[လ (ကမ္ဘာရံဂြိုဟ်)|လ]]နှင့်[[ယုန်]]အား တံဆိပ်အဖြစ် အသုံးပြုထားသည်ကို တွေ့မြင်ရစဉ်]]
ဗီယက်နမ်တွင် လယုန်ဒဏ္ဍာရီရှိသည်။ Chang'e အမည်ရှိ လနတ်သမီးနှင့် Cuội အမည်ရှိ လပေါ်ကလူ တို့နှင့်အတူ [[လ (ကမ္ဘာရံဂြိုဟ်)|လ]]ပေါ်ရှိ Jade Rabbit သည် မကြာခဏလိုက်ပါလေ့ရှိပြီး မှော်ဆန်သော [[ညောင်ပင်]]အောက်တွင် ထိုင်တတ်သည်။ ယခုခေတ်တွင် ထိုအကြောင်းကို အကြောင်းပြု၍ ဗီယက်နမ်နိုင်ငံတွင် ပိတ်ရက်တစ်ရက်ပိတ်ပေးပြီး ကလေးများကို လက်ဆောင်ပေးခြင်း၊ ဖန်မီးအိမ်ပေးခြင်း၊ [[လမုန့်]]ပေးခြင်းတို့ ပြုလုပ်လေ့ရှိသည်။<ref>[https://saigoneer.com/saigon-culture/17395-a-brief-primer-of-asia-s-mid-autumn-mythology-in-3-folk-tales Fairy Tale of Moon Lady in Vietnam]</ref>
 
မြန်မာနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းတစ်ချို့တွင်လည်းကောင်း၊ ဈေးဆိုင်တစ်ချို့တွင်လည်းကောင်း လနှင့်ယုန်အား တံဆိပ်အဖြစ် ဖန်တီးသတ်မှတ်လေ့ရှိသည်ကို တွေ့မြင်နိုင်သည်။ ထိုမျှသာမက လနှင့်ယုန် အကြောင်းပြု၍ "'''ရွှေလမှာယုန်ဝပ်လို့'''" အမည်ရှိ ကဗျာအား [[မြန်မာကလေးချော့ကဗျာများ|မြန်မာကလေးချော့ကဗျာ]]တစ်ပုဒ်အဖြစ် ရေးစပ်ထားသည်။