အကြောက်လွန်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၂၂ -
* '''တိရစ္ဆာန်အကြောက်လွန်ခြင်း (animal phobia)''' များသောအားဖြင့် မြွေနှင့်ပင့်ကူတို့ကို လန့်ကြသည်။ အချို့က ခွေး၊ ကြောင်နှင့် ငှက်ကိုပင် ကြောက်တတ်ကြသည်။ အချို့ဆို ပိုးဟပ်မြင်၍ မေ့လဲသွားသည်လည်းကောင်း၊ တီကောင်ကိုင်မိ၍ ဆွေ့ဆွေ့ခုန်နေသည်လည်းကောင်း ဖြစ်တတ်သည်။<ref name="mmtimes" /> တိရိစ္ဆာန်အကြောက်လွန်ခြင်းမှာမူ ကလေးဘဝကပင် စွဲကပ်တတ်သည့် သဘောရှိသည်။
* '''လူမှုရေးအကြောက်လွန်ခြင်း (social phobia)''' သည် စိတ်ကျဉ်းကျပ်ခြင်း၊ ရှက်ရွံ့ခြင်းတို့ကြောင့် ထိတ်လန့်နေခြင်း ဖြစ်သည်။ လူအများနှင့် ပေါင်းသင်းဆက်ဆံရမည်ကို ကြောက်ရွံ့ခြင်း (လူကြောက်ခြင်း)၊ ပရိသတ်ရှေ့၌ စကားမပြောရဲခြင်းမျိုး ဖြစ်သည်။ အချို့က လူအများရှေ့၌ မစားရဲကြချေ။ အချို့ကမူ တစ်စုံတစ်ယောက်၏ ရှေ့မှောက်၌ လက်မှတ်မထိုးရဲချေ။
* '''ရောဂါကြောက်ခြင်း''' (illness phobia)''' ဆိုသည်မှာ ရောဂါတစ်ခုအကြောင်း သိမှတ်ဖတ်ရှုခြင်း များလာသောအခါ မိမိမှာ ထိုရောဂါရှိနေပြီလားဟူ၍ ရောဂါအကြောင်းတွေးရင်း အကြောက်လွန်သည်ကို ဆိုလိုသည်။
* '''စွဲလမ်းလွန်ကြောက်ခြင်း (obsessional phobia)''' ဆိုသည်မှာ ပစ္စည်း အရာဝတ္ထုကို တိုက်ရိုက်ကြောက်ရွံ့ခြင်းမဟုတ်ပဲ ၎င်းမှတစ်ဆင့် နောက်ဆက်တွဲဖြစ်နိုင်သောအကျိုးဆက်ကိုသာ ကြောက်ရွံ့ခြင်းဖြစ်သည်။ ဉပမာတစ်ခုပြရသော်ဥပမာတစ်ခုပြရသော် ခွေးကို မကြောက်လန့်ပဲ ခွေး (သို့မဟုတ်) ခွေးသွားရည်နှင့်ထိ၍ ရောဂါကူးစက်ခံရနိုင်သည်ဟု တွေးရင်း ခွေးကိုရှောင်ကြဉ်သည်ကို ဆိုလိုသည်။<ref name="mmtimes" />
* '''သွေးထွက်သံယိုအကြောက်လွန်ခြင်း'''တွင် သွေးမြင်လျှင် လန့်ခြင်း၊ နာမည်ကိုတွေး၍ လန့်ခြင်း၊ ဆေးကုသခံရမည့်အရေး၊ ခံတွင်းနှင့်သွားဆရာဝန်ထံ ပြသရမည့်အရေးကို ထိတ်လန့်ခြင်းတို့ပါ အကျုံးဝင်သည်။
* အရှုပ်အထွေးဆုံး ကြောက်လွန်ဝေဒနာပုံသဏ္ဌာန်ဖြစ်သည့် '''လေဟာကြောက်လွန်ခြင်း (Agoraphobia)''' ဖြစ်သည်။ အန္တရာယ်မရှိသော လူတစ်ဦး သို့မဟုတ် နေရာတစ်နေရာမှ ခွဲခွာ၍ သွားရမည်ကို စိုးရွံ့ခြင်းဖြစ်သည်။ ဗလာဟင်းလင်းပြင်ကွက်လပ်ကြီးထဲတွင် ကြောက်လန့်နေတတ်သည်။ အချို့သည် နှစ်ပေါင်းများစွာ အိမ်တွင်းအောင်းနေတတ်သည်။ အချို့သည် ကျောင်းသို့ စတင်ပို့ခံရသည့် ပထမဆုံးနေ့က သူငယ်တန်းကလေးငယ်ပမာ ခင်ပွန်းသည်ကိုဖြစ်စေ၊ အားထားစရာ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ တွယ်ကပ်နေတတ်သည်။ အကြောက်လွန်ခြင်းအားလုံးတို့နှင့် ဆက်စပ်နေသော ဝေဒနာတစ်မျိုးမှာ ပိတ်လှောင်ကြောက်လွန်ခြင်းဖြစ်သည်။
 
လူမှုရေး အကြောက်လွန်ခြင်းမှအပ အခြားအကြောက်လွန် ဝေဒနာအားလုံးတို့သည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုစွဲကပ်တတ်သည်။ အကြောက်လွန်ဝေဒနာတို့သည် အရွယ်မရွေး စွဲကပ်တတ်သော်လည်း အများစုသည် အသက် ၁၅ နှစ်မှ ၃ဝ ထိ အပိုင်းအခြား၌ စတင်စွဲကပ်တတ်သည်။
 
== ကုသနည်းများ ==