ဒီအန်အေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.5.2) (robot Modifying: ar:دنا
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၃၂ -
အထူးသတ်မှတ်ထားသည့် ပရိုတိန်းအား မည်သို့ထုတ်လုပ်ရန် ကလာပ်စည်းအား ဒီအန်အေမှ ညွှန်းကြားသည်။ သက်ရှိ၏ ကလာပ်စည်းများတွင် အလုပ်အားလုံးနည်းပါးကို ပရိုတိန်းများက ဆောင်ရွက်ပေးသည်။ ပရိုတင်းများကို အမီနိုအက်ဆစ်ခေါ် ပိုမိုသေးငယ်သည့် မော်လီကျူးများဖြင့် ဖွဲ့စည်းထားသည်။ ပရိုတိန်းတမျိုး သတ်မှတ်ထားသည့် လုပ်ငန်းကို လုပ်ဆောင်နိုင်ဖို့ ဥပမာအားဖြင့် အသည်းကလာပ်စည်းမှ အသည်း၏ သည်းခြေစစ်ထုတ်ခြင်း၊ အဆိပ်အတောက်များအား ​​​​ခြေဖျက်ခြင်းစသည့် လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် မှန်ကန်တိကျသည့် အမီနိုအက်ဆစ်များ မှန်ကန်တိကျစွာ စီတန်းဖွဲ့စည်းရန် လိုအပ်သည်။ ပရိုတိန်းတမျိုး ထုတ်လုပ်ရန် ညွှန်ကြားချက်ပါသော ဒီအန်အေ အပိုင်းအစကို [[မျိုးရိုးဗီဇ]] ([[:en:gene|gene]]) ဟုခေါ်သည်။
 
ပရိုတိန်းများအား ကလာပ်စည်းအတွင်းရှိ [[ရိုင်ဗိုဇုမ်း]] ([[:en:ribosome|ribosome]]) ခေါ် ယန္တရားဖြင့် ထုတ်လုပ်သည်။ ဘေ့စ်သုံးခုပါ “စာလုံး”များက မည်သည့််အမီနိုအက်ဆစ်ကိုမည်သည့်အမီနိုအက်ဆစ်ကို ဖြည့်ထည့်ရန် ရိုင်ဗိုဇုမ်းအား ညွှန်ကြားသည်။ ရိုင်ဗိုဇုမ်းများအား ကလာပ်စည်း၏ အဓိကကိုယ်ထည်တွင် တွေ့ရသော်လည်း ဒီအန်အေများကိုမူ ကလာပ်စည်း၏ နျူကလိယအတွင်း၌သာ တွေ့ရှိနိုင်သည်။ ကိုဒွန် ([[:en:Genetic Code|codon]])ခေါ် ဘေ့စ်သုံးခုစီပါဝင်သည့် မျိုးဗီဇသင်္ကေတများသည် ဒီအန်အေ၏ တစိတ်တပိုင်းဖြစ်သော်လည်း ဒီအန်အေသည် နျူကလိယအတွင်းမှ ပြင်ပသို့ ထွက်သွားခြင်းမရှိပေ။ ထို့ကြောင့် ကလာပ်စည်းသည် အရွယ်အစား ပိုမိုသေးငယ်သည့် ဒီအန်အေမိတ္တူ ကြိုးမျှင်သစ်ကို ထုတ်လုပ်ပြီး ယင်းတို့သည် နျူကလိယ အမှေးပါးပေါ်ရှိ သေးငယ်သော အပေါက်များကို ဖြတ်ကာ ပရိုတိန်းထုတ်လုပ်မည့် နေရာ ကလာပ်စည်းကိုယ်ထည်အတွင်းသို့ ဝင်ရောက်သည်။
 
ယင်း ဒီအင်အေ တပိုင်းသာပါသည့် ကြိုးတပင်ကို [[အမ်အာအန်အေ]] [[:en:mRNA|mRNA]] ဟုခေါ်သည်။ ရိုင်ဗိုဇုမ်းသည် အမ်အာအန်အေ ကြိုးတလျှောက်မှ အချက်အလက်များအား ဖတ်ယူကာ ပရိုတိန်းဖွဲ့စည်းသည်။ တီအာအန်အေ [[:en:tRNA|tRNA]]ခေါ် အခြား[[:en:RNA|အာအန်အေ]]က ကိုဒွန်တခုချင်းစီအတွက် မှန်ကန်သည့် အမီနိုအက်ဆစ် တွဲဖက်ပေးနိုင်ရန် ကူညီပေးသည်။