အောင်မြတ်၊ ဦး (ဝန်းသိုစော်ဘွားကြီး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၅၇ -
ဦးအောင်မြတ်သည် မည်သူ့အားမျှ အပူမကပ်ဘဲ ရသမျှဖြင့် တင်းတိမ် ရောင်ရဲစွာ လောကုတ္တရာဘက်တွင်သာ အားထုတ် နေထိုင်ခဲ့သည်။ ညောင်ရွှေစော်ဘွား စပ်ရွှေသိုက်ကလည်း ဆက်လက် ထောက်ပံ့ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ဖြစ်၍ မြန်မာနိုင်ငံသို့ ဂျပန်များ ဝင်လာသော အခါ၌လည်း အင်္ဂလိပ် အစိုးရကဲ့သို့ပင် တလလျှင်ငွေ ၁ဝဝိ ထောက်ပံ့ခဲ့ရာ ဂျပန်တို့ ထွက်ပြေးသည့် အချိန်အထိ ဖြစ်သည်။
 
ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသည့် နောက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရသောအခါ ခရစ် ၁၉၅ဝ ပြည့်နှစ်၊ အောက်တိုဘာလမှ စ၍ ဝန်းသို စော်ဘွားကြီးနှင့် သခင်ကိုယ်တော်မှိုင်းတို့အား မြန်မာအစိုးရက ကျေးဇူးဆပ်သည့့်ကျေးဇူးဆပ်သည့် အနေဖြင့် တလလျှင် ထောက်ပံ့ကြေးငွေ ၅ဝဝိ ကျပ်စီ ပေးခဲ့သည်။
 
ဝန်းသို စော်ဘွားကြီး ဦးအောင်မြတ်သည် မြန်မာ သက္ကရာဇ် ၁၃၂၆ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်နေ့ (ခရစ် နှစ် ၁၉၆၅ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်) နေ့တွင် တောင်ကြီးမြို့၌ အသက် ၁ဝ၃ နှစ်တွင် ကွယ်လွန် အနိစ္စရောက်သည်။ ယင်းနှစ် ပြာသိုလဆန်း ၉ ရက်နေ့တွင် စော်ဘွားကြီး၏ ရုပ်ကလာပ်ကို တောင်ကြီးမြို့ ရပ်တော်မူကုန်း မြောက်ဘက်ရှိ စီစဉ် ရွေးချယ် သတ်မှတ်ထားသော မြေနေရာသို့ ယူဆောင်ကာ ရှေးထုံးစဉ်လာ အတိုင်း ဂူသွင်း သဂြုႋုဟ်ကြသည်။ အာဏာသိမ်း တော်လှန်ရေး စစ်ကောင်စီကလည်း စော်ဘွားကြီး၏ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သည့် ဂုဏ်ကျေးဇူးကို ဆပ်သည့် အနေဖြင့် မသာစရိတ်ငွေ ၅,ဝဝဝိ ထောက်ပံ့ခဲ့သည်။