ဗီတာမင်ကေ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၈ -
ကလေးနို့မှုန့် ဖော်မြူလာများမှာ ဗီတာမင်ကေကို ထည့်သွင်း ဖော်စပ် ထားကြသော်လည်း နို့မှုန့်တိုက်ကျွေးခြင်းခံရသော ကလေးငယ်များမှာ ဗီတာမင်ကေဓာတ် အင်မတန် နည်းပါးကြပါတယ်။ ဗီတာမင်ကေ နည်းပါးလျှင် သွေးယိုစီးမှု (bleeding) ဖြစ်စေနိုင်ပြီး စိုးရိမ်ဖွယ် အန္တရာယ်ရှိပါတယ်။ တကယ်လို့များ သွေးယိုစီးမှုက ဦးနှောက်ဆီကို ရောက်သွားလျှင် ဦးနှောက်ပျက်စီးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလို သွေးယိုစီးမှုမျိုးကို haemorrhagic disease of the newborn (HDN) လို့ခေါ်ပါတယ်။
 
အခုဆိုလျှင် မွေးကင်းစ ကလေးငယ်များကို ဗီတာမင်ကေ ထိုးဆေး ထိုးပေးပြီး ဗီတာမင်ကေဓာတ် ရရှိစေတာဟာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ဒီနည်းဟာ အင်မတန် ကောင်းမွန်ပြီး မွေးကင်းစများမှာ HDN ရောဂါဖြစ်ပွားခြင်း ယနေ့ခေတ်မှာ မရှိတော့သလောက် ဖြစ်သွားပါပြီ။ ဆေးထိုးပေးခြင်း အစီအစဉ်များ ရှိနေသော်လည်း မိဘအများစုက မသိကြပါဘူး။ သတင်းပေးသူ မရှိတာကြောင့်ဖြစ်စေ ၊ ဗီတာမင်ကေနဲ့ပတ်သက်လို့ ဗဟုသုတ မသိထားတာကြောင့် ဖြစ်စေ သတင်းမရရှိတဲ့အတွက် မသိလိုက်ဘဲ ရှိတတ်ပါတယ်။ မကြာသေးမီကလူအချို့သည်အရိုးပွရောဂါနှင့်စတီးရွိုက်များကြောင့်အရိုးဆုံးရှုံးခြင်းကိုကုသရန်ဗီတာမင် K2 ကိုလေ့လာခဲ့ကြသော်လည်းသုတေသနသည်ကွဲလွဲနေသည်။ ယခုအချိန်တွင်အရိုးပွရောဂါအတွက်ဗီတာမင် K2 ကိုအသုံးပြုရန်အကြံပြုရန်အချက်အလက်များမရှိပါ။
 
သတင်းစာ ၊ ဂျာနယ်များ မှာ ဗီတာမင်ကေ ဆေးထိုးခြင်း အစီအစဉ်များဟာ စိတ်ချရကြောင်း ၊ အကျိုးကျေးဇူးများကြောင်း ကို ထည့်သွင်း ဖော်ပြထား သော်လည်း ဘာ့ကြောင့် ဗီတာမင်ကေဟာ ကလေးများအတွက် လိုအပ်တယ် ဆိုတာကို မိဘများကို လုံလောက်တဲ့ သတင်းပေးနိုင်ခြင်း နည်းပါးနေပါသေး ပါတယ်။