လျှပ်စစ်ဂစ်တာ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
No edit summary |
||
စာကြောင်း ၂ -
==လျှပ်စစ်ဂစ်တာ(ELECTRIC GUITAR)==
လျှပ်စစ်[[ဂစ်တာ]]သည် လွန်ခဲ့သော ၈၃-နှစ်ခန့်က စတင်ပေါ်ပေါက်လာသည်ဟု ဆိုရမည်။ ၁၉၂၃ ခုနှစ်တွင် ဂစ်ဘ်ဆန်ဂစ်တာ ကုမ္ပဏီမှ အင်ဂျင်နီယာ တစ်ဦးဖြစ်သူ Lioyd Loar ဆိုသူက အခြေခံတည်ဆောက်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။ ၄င်း၏ ဉာဏ်ကွန့်မြူးမှုကြောင့် ကြိုးတပ်တူရိယာပစ္စည်းများအတွက် ဒီဇိုင်းတော်လှန်ရေးဟု ဆိုရလောက်သော ပြောင်းလဲမှုကြီး ဖြစ်လာရသည်။ ပထမဆုံး
ပေါ်ထွက်လာသော တူရိယာ ပစ္စည်းမှာ ဂစ်ဆွမ် အက်ဖ်-၅ Gibson - F 5 အမည်ရှိ [[မယ်ဒလင်]]များပင်ဖြစ်၏။
Loarသည် ၎င်း၏ ဂစ်ဆွမ် အက်ဖ်-၅ နှင့်ပင် ကျေနပ်မှုမရှိဘဲ ဆက်လက်၍ ဉာဏ်ကွန့်မြူးမှု အသစ်များကို ကြိုးစားဆောင်ရွက်ယူခဲ့သည်။ ထိုအချိန်တွင် ၎င်း၏တူရိယာကြောင့် အခြားအသံများကို လွှမ်းမိုးသွားရသည်ဟု ဂစ်တာတီးသမားများက ကန့်ကွက်ပြစ်တင်မှုများ ပေါ်ပေါက်သွားရသည်။ သို့အတွက် Loar အနေဖြင့် အီလက်ထရောနစ်ဂစ်တာနည်းပညာ၏ ပဓာနကျသော electro static device တစ်ခုကို တီထွင်ယူခဲ့သည်။ ၎င်းကို pickupဟု ဂစ်တာသမားများ နားလည်ထားကြ၏။ ကြိုးတီးခတ်မှုကြောင့် ဖြစ်ပေါ်လာသောအသံကို လျှပ်စစ် တုန်နှုန်းအဖြစ် ပြောင်းပစ် ပေးကာ အသံချဲ့စက် တဆင့် စပီကာသို့ ပေးပို့ယူသောစနစ်ကို တီထွင်ပေးလိုက်သည်။ သို့သော် ရှုပ်ထွေးပွေလီသော မူလပုံစံကြီး အပေါ် ဂစ်ဘ်ဆန်ကုမ္ပဏီပိုင်ရှင်က စိတ်ဝင်စားမှုမရှိသဖြင့် မကျေမလည်ဖြစ်ကာ ၁၉၂၄ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီမှ Loar အလုပ် ထွက်လိုက်သည်။ ၎င်းသည် ကိုယ်ပိုင်ကုမ္ပဏီ တစ်ခုတည်ထောင်ကာ
တစ်ပြိုင်တည်း ဆိုသလို ဂစ်ဘ်ဆန်အပါအဝင် အခြားကုမ္ပဏီများကလည်း လျှပ်စစ်ဂစ်တာများ ကိုယ်ပိုင်ဖန်တီး ထုတ်လုပ်လာကြပြန်သည်။ ၁၉၃၆ ခုနှစ်ရောက်သော် Benny Goodman Sextet နှင့်အတူ ဂစ်တာသမား Charlie Christion က ဂစ်ဆွမ် အက်ဖ်-၅-၁၅၀ အမည်ရှိ လျှပ်စစ်ဂစ်တာကို အသုံးပြု၍ တီးခတ်ဖျော်ဖြေမှုကြောင့် တစ်မုဟုတ်ချင်း ပေါ်ပြူလာ ဖြစ်သွားရသည်။ ၁၉၅ဝ ပြည့်နှစ်တွင်မူ ရော့ခ်အင်ရိုးတေး ဂီတ ပေါ်ထွန်းလာမှုကြောင့် လျှပ်စစ်ဂစ်တာထုတ်လုပ်သူအများအပြား ပေါ်ပေါက်လာပြီး သုံးစွဲသူလည်း အမြောက်အမြားရှိလာတော့သည်။ နောက်ပိုင်းတွင် ဂစ်တာသမား Les Paul နှင့် Jimi Herdrie တို့လျှပ်စစ်ဂစ်တာ နည်းပညာကို အသုံးချကာ အခြားနိုင်ငံများသို့ သွားရောက် ဖျော်ဖြေရင်း လျှပ်စစ်ဂစ်တာကို ကမ္ဘာတစ်လွှား မသိသူမရှိ သလောက် ဖြစ်လာရပေသည်။ ဤသည်မှာ Loar's Legacy ဟု ခေါ်လျှင် မှားနိုင်မည်မဟုတ်ပေ။
|