ဖရန်ကလင် ပီးယားစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၈ -
|-
|'''ရာထူးသက်တမ်းကာလ'''
|၁၀၊၄၊ ဂျူလိုင်၊မတ်၊ ၁၈၅၀၁၈၅၃- ၄၊ မတ်၊ ၁၈၅၃၁၈၅၇
|-
|'''ဒုတိယ သမ္မတ'''
စာကြောင်း ၄၃ -
|}
 
ကံဆိုးစွာဖြင့် ပြည်တွင်းစစ်ကြီးနီးမှ သမ်မတဖြစ်လာသောသူများအနက် တစ်ဦးအပါအ၀င်ဖြစ်သည့် ဖရန်ကလင် ပီးယားစ်သည် တောင်ပိုင်းသားများအပေါ်တွင် သဘောထားပျော့ပျောင်းသည့် သူတစ်ဦးဖြစ်သည်။ ရုပ်ရည်ရူပကာကောင်းမွန်ပြေပြစ်သူဖြစ်သဖြင့် လူအများကို ဆွဲဆောင်စည်းရုံးရသော မဲဆွယ်အလုပ်တွင် တပန်းသာသဖြင့် သမ်မတဖြစ်လာသူလည်းဖြစ်သည်။ ပိန်ပိန်ပါးပါး၊ ဆံပင်ကောက်ကောက်၊ မျက်နှာထားချိုချိုနှင့်လူချောလေးဟုမှတ်ချက်ပေးကြသည်။ ရွေးကောက်ပွဲအနိုင်ရသော် သူ့ဇာတိဒေသကပင် အံ့ဩရသည်ဟု ဆိုသည်။ [[ရှေ့နေ]]၊ ဥပဒေ၀န်ထမ်းနှင့် [[တရားသူကြီး]] ထိုမှ စစ်ဖက်တွင်လည်း ဗိုလ်မှုးချုပ်ရာထူးအထိ တာ၀န်များထမ်းဆောင်ခဲ့ဖူးသည်။ ထိုနောက် အောက်လွှတ်တော်အမတ်အဖြစ်အရွေးခံရသည်။အောက်လွှတ်တော်အမတ်၊ အထက်လွှတ်တော်အမတ် စသဖြင့် အဆင့်ဆင့်အရွေးကောက်ခံရသည်။
 
သမတဖြစ်လာသည့်နောက်တွင် အမှားအယွင်းများကို စတင်ကျူးလွန်သည်။ ပြည်တွင်းစစ်ကိုရှောင်လွဲလိုသည်ကြောင့် တောင်ပိုင်းသားများကို မျက်နှာသာပေးရန် ကြိုးစားမှုကြောင့် ဝေဖန်ခံလာရသည်။ ၁၈၄၅တွင် ထုတ်ပြန်သော ကန်းဆပ်စ်-နီဘရာစကာ ဥပဒေတွင် ကျွန်စနစ်လက်ခံရေး (သို့) ပယ်ဖျက်ရေးမှာ သက်ဆိုင်ရာပြည်နယ်များ၏ အတွင်းရေးသာဖြစ်ပြီး ဗဟိုအစိုးရအနေဖြင့် ၀င်ရောက် စွပ်ဖက်ခြင်းမပြုဟုဆိုထားသည်။ ထို့အပြင်ထိုနယ်မြေများတွင် ကျွန်စနစ်လိုလားသူများကို အုပ်ချုပ်ရေးဌာနများတွင် ဆက်တိုက်ခန့်ထားသဖြင့် ကျွန်စနစ်ဖျက်သိမ်းလိုသူများ မကျေမနပ်ဖြစ်လာကြသည်။ ထိုမကျေနပ်မှုများကြောင့် ဒေသတွင်း အသေးစားစစ်ပွဲများဖြစ်လာသဖြင့် [[ကန်းဆပ်စ်ပြည်နယ်]]ကို Bloody Kansas ဟုပင်အမည်ပြုကြသည်။ အခင်မင်ဆုံးသော မိတ်ဆွေလည်းဖြစ်သည့် ကာကွယ်ရေး၀န်ကြီး ဂျက်ဖာဆန် ဒေးဗီးစ် ကဆူပူမှုများကို ကြိုးစားနှိမ်နှင်းထိန်းသိမ်းသော်လည်း မနိုင်နင်းတော့ပေ။ (ဂျက်ဖာဆန်ဒေးဗီးစ်သည် နောင်တွင် တောင်ပိုင်းမှ ၀င်တိုက်ပေးခဲ့သည်။)