ရွှေစာရံ စေတီတော် (မန္တလေး): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၅၀ -
 
==ရာဇဝင်ထဲက ရွှေစာရံ==
အေဒီ ၁၀၅၈ မှာ ပုဂံပြည့်ရှင် အနော် ရထာမင်းစောဟာ နန်ချောင်မြို့တော် တာလီမှာ စွယ်တော်သွားပင့်ရာ စွယ်တော်မရရှိခဲ့ဘဲ သိကြားမင်းပေးအပ်တဲ့ မြဆင်းတုတော်ကို ပင့်ပြီးအပြန် ရှမ်းပြည်အရောက်မှာ ကမော္ဘဇ ပြည့်ရှင်ကမ္ဘောဇပြည့်ရှင် မောဝ်ကိုးပြည်ထောင်ကို အစိုးရတဲ့ စော်ဘွားစောလုံ ဟုမ်မိန်းက ရှမ်းမြန်မာ နှစ်ပြည်ထောင်ချစ်ကြည်ရေးအတွက် အချော အလှသမီးတော်စောမွန်လှကို ပုဂံဘုရင်ထံ ဆက်သခဲ့ပါတယ်။ အနော်ရထာမင်းစောဟာ ရှမ်းမင်းသမီးကို မြတ်နိုးတော် မူလှတဲ့အတွက် မိဖုရားအချင်းချင်း မနာလိုမုန်းတီး မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။မိဖုရားစောမွန်လှရဲ့ပေါ်ပေါက်ခဲ့ပါတယ်။ မိဖုရားစောမွန်လှရဲ့ နားတောင်းတော်မှာ မွေတော် ကိန်းဝပ်တော်မူပြီး ရောင်ခြည်တော် ကွန့်မြူးတာကို စုန်းကဝေလို့ စွပ်စွဲပြီး မင်းကြီးထံ မဟုတ်မမှန် လှျောက်တင်လျှောက်တင် ကြတဲ့အတွက် နဖူးစာရေစက် ဒီတင်ပြတ်တာမို့ အနော်ရထာမင်းမြတ် ယုံစား သက်ဝင်တော်မူပြီး မိဖုရားစောမွန်လှကို ဇာတိမြေ ရှမ်းပြည်သို့ ပြန်စေခဲ့ပါတယ်။
 
ပုဂံနေပြည်တော်မှ မိုင်းမောဝ်အပြန်လမ်း ခရီးမှာ မြတ်စွာဘုရားရှင်ရဲ့ မွေတော်ဓာတ်တော် ကိန်းတဲ့ စောမွန်လှရဲ့ နားတောင်းတော်ဟာ မြတ်စွာဘုရား အလောင်းတော် မြွေငန်းခုနစ်ကြိမ် ဖြစ်ခဲ့ဖူးတယ်လို့အဆိုရှိတဲ့ လက်ရှိစေတီ တည်ရာနေရာနဲ့ တစ်မိုင်အကွာ ပန်းချောင်းအတွင်း ဖြတ်ကူးစဉ်မှာ နားမှ ကွျတ်ပြီးကျွတ်ပြီး ကောင်းကင်မှာ စာဝတီးငှက်များ ရံလျက်တည် ရှိတာကို အကြောင်းပြုလို့ ထိုအရပ်ကို ရွှေစာရံ လို့ ခေါ်တွင်ခဲ့ပြီး ပန်းချောင်းကိုလည်း နားတောင်းကျချောင်းရယ်လို့ ယနေ့ထက်တိုင် ခေါ်တွင်ခဲ့ကြပါတယ်။ခရစ်နှစ် ၄၁၆ ခုနှစ်မှာ ရွှေစာရံအမည် သမုတ်တဲ့ ဆယ့်တစ်မီးငြိမ်း စေတီကို ဘုရားဒါယိကာမစောမွန်လှဟာ နားတောင်းတော်ကို ဌာပနာလို့ ကမာ္ဘတည်ကမ္ဘာတည် သရွေ့ ထေရဝါဒဗုဒ္ဓဘာသာ အရှည်တည်တံ့ စေရန်အလို့ငှာ ငါးတောင်ပြည့် တည်ထားခဲ့ ပါတယ်။ မိဖုရား ဘုရားတည်တယ်လို့ ကြား သိတော်မူတဲ့ကြားသိတော်မူတဲ့ အနော်ရထာမင်းမြတ်ဟာ မင်းချင်းတွေကို စေလွှတ်လို့ ထောက်လှမ်းစေပါတယ်။
 
ဘုရားအမဟာ ငါးတောင်ပြည့်ရွှေစာရံ စေတီငယ်ကို မြတဘက်နဲ့ ပတ်ပြီး သစ္စာပြု ဆုတောင်းကာ မုခ်ဝကို ရှမ်းပြည်မှ ပုဂံပြည်ရှိရာဘက်သို့ ဆွဲလှည့်ခဲ့တယ်လို့ အဆိုရှိပါတယ်။ မင်းကြီး အမျက်ပြေတော်မူပြီး အသက်ချမ်းသာရာရခဲ့ပေမဲ့ သီပေါမြို့၊ ဘော်ကြို ဘုရားအရောက်မှာ အကြိုထောက်တဲ့ ပေါ့ (ဖခင်)စော်ဘွားကြီး စောလုံဟုမ်မိန်းနဲ့ မောင်တော် ခွန်ကော်လန်းတို့နဲ့ တွေ့ဆုံပြီးတဲ့ နောက် စိတ်ရောလူပါပင်ပန်းဆင်းရဲပြီး မမာ မကျန်းတဲ့ဒဏ်ကြောင့် နတ်ရွာလားခဲ့ရပါတယ်။ ပေါ့(အဖေကြိုတဲ့ဘုရား) ပေါ့ကြို ကနေ ဘော်ကြိုဘုရားအမည်တွင်ခဲ့တယ်လို့ ဆိုပါတယ်။ စော်ဘွားကြီးနဲ့ သားတော်တို့ဟာ စောမွန်လှရဲ့ စိတ်နဲ့နှလုံးကြေကွဲလို့ သေပွဲဝင်ခဲ့ကြတဲ့အတွက် စော်ဘွားမျိုးဆက် ခေတ္တပြတ်ခဲ့ရတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
 
==ရွှေစာရံစေတီထူး ဖူးခွင့်ရယ်ကြုံ==