ရူသာဖို့ဒ် ဘရစ်ချက်ဒ် ဟေးစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၅၈ -
 
==ငွေကြေးပြဿနာ==
သမ္မတဂရန့်လက်ထက်တွင် ဒေါ်လာတစ်ရာတန်များကို ပြန်လည်သိမ်းဆည်းခြင်းဖြင့် ဒေါ်လာကို ရွှေဖြင့်ကျားကန်ပေးထားသည့် ငွေမာအဖြစ်ရောက်ရန် စီမံခဲ့သည်။ အကျိုးဆက်အနေဖြင့် ဈေးကွက်အတွင်း ငွေကြေးရှားပါးလာကာ ကုန်ပစ္စည်းဈေးနှုန်းများ ထုပ်လုပ်မှုစားရိတ်အောက်သို့ ရောက်သွားသဖြင့် ကုန်ထုတ်အင်အားစုများ အထိနာသွားသည်။ ထို့ကြောင့် စိုက်ပျိုးရေးသမားများနှင့် လုပ်ငန်းရှင်များဖက်က ငွေစက္ကူသစ်များ ထပ်မံရိုက်နှိပ်ထုတ်ဝေပေးစေလိုကြသည်။ ဟေးစ်က ငွေကြေးဖောင်းပွမှုကို မလိုလားသဖြင့် ငွေစက္ကူကိုများများစားစားထုတ်မပေးဘဲ နေလိုက်သည်။ ၁၈၇၈တွင် အောက်လွှတ်တော်မှ Bland-Allison ဥပဒေဖြင့် လစဉ် တစ်ဒေါ်လာတန် ဒင်္ဂါးပြားများကို ငွေဖြင့်သွန်းကာ ထုတ်လုပ်ရန် စီစဉ်သည်။ ဟေးစ်က ရွှေဖြင့် ကျောထောက်နောက်ခံမပေးထားသည့် ငွေကြေးသည် ငွေကြေးဖောင်းပွမှု ဖြစ်စေသည်မှတစ်ပါး အကျိုးမများနိုင်ဟု ဆိုကာဗီတိုအာဏာဖြင့် ပယ်ချပြီးတားဆီးသည်း လွှတ်တော်က ဗီတိုကိုကျော်လွှားကာ ဥပဒေကို အသက်သွင်းသဖြင့် ထိုငွေဒင်္ဂါးများကို ဟေးစ်အပါအဝင် နောက်ဆက်ခံသည့် သမ္မတများက ရွှေဖြင့် ကျောထောက်နောက်ခံလုပ်ပေးလိုက်သည်။ အကျိုးဆက်အနေဖြင့် စီးပွားရေးပြန်လည် ဦးမော့လာကာ ဥရောပလယ်ယာထွက်ကုန်များကို အမေရိကမှ ပခုံးခြင်း ယှဉ်လာနိုင်ခြင်းဖြစ်သည်။
 
==စည်းရုံးရေး==
ဟေးစ်သည် ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ဆောင်ရွက်တတ်သူဖြစ်သည်။ ပြည်တွင်းစစ်လက်ကျန်တရားခံများကို ခုံရုံးမတင်စေဘဲ [[လွှတ်ငြိမ်းချမ်းသာခွင့်]] ပေးသည်။ အများကြိုက်ရေးဆွဲထားသည့် ဥပဒေများကိုလည်း နောင်အရှည်အတွက် အကျိုးမရှိဟု ယူဆလျှင် ပယ်ချသည်။ သို့သော် လူထုအကြိုက်တွင် ဟေးစ်အနေဖြင့် ယုတ်လျော့သွားခြင်းမရှိပေ။ လူထုစည်းရုံးရေးအတွက် မကြာခဏ ခရီးလှည့်လည်ကာ မိန့်ခွန်းများပြောတတ်သည်။
 
==အောင်မြင်မှုများ==
 
==ကိုးကား==
အိမ်ဖြူတော်ကို တန်းစီခြင်း- ကြည်မင်း