ပိဋကတ် သုံးပုံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး 69.160.30.158 (ဆွေးနွေး) ၏ တည်းဖြတ်မူ 622952 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး 69.160.30.158 (ဆွေးနွေး) ၏ တည်းဖြတ်မူ 622951 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၁၀၀ -
 
ပိဋကတော်၏ အင်္ဂါ ၉-ပါး။ ။ ၎င်းသရုပ်ကို (ဓမ္မက္ခန္ဓာ၊ မြတ်အင်္ဂါ၊ ၉-ဖြာဝေဘန်သိ) ဟူသော သုတေသန၌ ရှုပါ။
 
== ပိဋကတော် သင်ယူနည်းမျိုး ၃-ပါး ==
ပိဋကတော် စာပေ သင်ယူနည်းမျိုး ၃-ပါးဟူ၏။
 
(၁) အလဂဒ္ဒူပမာ ပရိယတ္တိ၊ မြွေဖမ်းသူသည် (အဖမ်း မတတ်လျှင်) ထို မြွေကိုက်၍ ဒုက္ခရောက်ရသလို ပရိယတ်တရားကိုလည်း သူတပါးတို့ အယူဝါဒကို ပြစ်တင်ရှုတ်ချရန်, ပြိုင်ဆိုင်ကဲ့ရဲ့ရန်, သူတပါးတို့ မိမိအယူဝါဒကို ပြစ်တင်လာသော် ဖယ်ရှောင်ရှား၍ ချေပနိုင်ရန်, ကျော်စော ထင်ရှား၍ လာစေရန်, ဒကာ ဒကာမ လာဘ်လာဘပေါများ စေရန်, ရည်ရွယ်လျက် သင်ယူလျှင် စိတ်ထား မကောင်းကြောင့် အပါယ်ငရဲကျ-ဆင်းရဲဒုက္ခရ၍ အလဂဒ္ဒူ ပမာ-ပရိယတ္တိဟုခေါ်ဆိုသည်။
 
(၂) နိဿရဏတ္ထ- ပရိယတ္တိ၊ သီလ-သမာဓိ- ပညာ။ ဝိပဿနာ တရားမှန်တို့ကို သိရှိတတ်ကျွမ်း၍ မဂ် ဖိုလ် ရယူနိုင်ရန် ကျင့်ကြံအားထုတ်ရေးအတွက် သင်ယူလျက် မြင့်မြတ်သော စိတ်ထားကြောင့် ဝဋ်ဒုက္ဓမှ ထွက်မြောက်ရာ နိဿရဏတ္ထ- ပရိယတ္တိမျိုးမည်၏။
 
(၃) ဘဏ္ဍာဂါရိက- ပရိယတ္တိ၊ မြတ်စွာဘုရားသခင်၏ ဓမ္မက္ခန္ဓာအပေါင်း တိမ်းစောင်း ပျောက်ပျက်ခြင်း မရှိရအောင် ထိန်းသိမ်း စောင့်ရှောက်ရန် သင်ကြားမှုမျိုးကို မင်း၏ ဘဏ္ဍာစိုးနှင့် တူသောကြောင့် ဘဏ္ဍာဂါရိက ပရိယတ္တိမျိုးမည်၏။
 
မှတ်ချက်။ ။ ပုထုဇဉ်တို့သည်လည်း ထိုကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် ဆင်းရဲ ပင်ပန်းစွာ သင်ကြားထားကြပေသည်၊ သို့သော် မိမိတို့ ကိုယ်တိုင်က သံသရာဝဋ်ဆင်းရဲမှ မလွတ်သေး၍ ဘဏ္ဍာဂါရိက ပရိယတ္တိ မဖြစ်ဘဲ နိဿရဏတ္ထ ပရိယတ္တိ သာဖြစ်လေသည်၊ မှန်၏၊ ပုထုဇဉ်တို့၏ သင်ယူနည်းကား အလဂဒ္ဒူပမာ ပရိယတ္တိသော်၎င်း၊ နိဿရဏတ္ထပရိယတ္တိ သော်၎င်း ဖြစ်ရာ၏၊ ဘဏ္ဍာဂါရိကပရိယတ္တိ ကားမဖြစ်နိုင်ဟု မှတ်ရာသည်။
 
သေက္ခပုဂ္ဂိုလ် ၇-ယောက်တို့၏ သင်ယူနည်းကား နိဿရဏတ္ထ ပရိယတ္တိ သင်ယူနည်းသာဖြစ်၏၊ ရဟန္တာတို့ သင်ယူနည်းသည် ဘဏ္ဍာဂါရိက သင်ယူနည်းအစစ်ဖြစ်၏၊ မင်းဘဏ္ဍာစိုးသည် ရတနာတို့ကို ထိန်းသိမ်း၍ မင်းလိုသောအခါ ထုတ်ပေးရသလို ရဟန္တာအရှင်မြတ်တို့သည်လည်း သင်ယူထိန်းသိမ်းကြကုန်လျက် ဝေနေယျတို့အား ပေးသင့်သောအခါ ထုတ်ဖေါ်ဟောကြား ပေးသနားတော် မူကြကုန်၏ဟု မှတ်ရာသည်။ ဝိနည်း ။ဋ္ဌ။ပ။ ၁၉။ ၂၀။ဒီ။ဋ္ဌ။ ပ။ ၂၁။ မ။ဋ္ဌ။ ဒု-၁၃။ အဘိ။ဋ္ဌ။ပ။ ၁၉။ သာရတ္ထ။ပ။ ၈၁။ တို့၌ ကြည့်ပါကုန်။
 
== ပိဋကသင်္ချာ၊ ရေတွက်ရာ၊ ၁၀-ဖြာဂဏန်း အသို့နည်း ==