ယဉ်ကျေးမှု တော်လှန်ရေး: တည်းဖြတ်မှု မူကွဲများ

လေးဦးဂိုဏ်း
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အကြောင်းအရင်း
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၀ -
[[Category:တရုတ်ပြည်သူ့သမ္မတနိုင်ငံ]]
[[Category:တရုတ်နိုင်ငံ၏ နိုင်ငံရေး]]
 
== အကြောင်းအရင်းခံ ==
 
ယဉ်ကျေးမှုတော်လှန်ရေး
 
တရုတ် : 文化大革命
 
တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကိုတော့ အားလုံး ကြားဖူးပြီးသား ဖြစ်ပါလိမ့်မယ်။ ယဉ်ကျေးမှုတော်လှန်ရေး အကြောင်းဟာ အလွန်ကျယ်ပြန့်တဲ့အတွက် အဓိကအချက်တွေကိုသာ ရေးသားဖော်ပြပေးပါ့မယ်။
 
ယဉ်ကျေးမှုတော်လှန်ရေးကြီးကို ၁၉၆၆ ခုနှစ်၌ စတင်ခဲ့ပြီး ၁၉၇၆ ခုနှစ်အထိ ၁၀ နှစ် ကြာမြင့်ခဲ့သည်။ ထိုတော်လှန်ရေးကြီးသည် တရုတ်ပြည်၏ အမှောင်မိုက်ဆုံးနေ့ရက်များဟုပင် တင်စားခဲ့ရသည်အထိ အရိုင်းဆန်ခဲ့လေသည်။
 
၁။ ယဉ်ကျေးမှုတော်လှန်ရေး Cultural Revolution ကို မဟာပစ္စည်းမဲ့လူတန်းစားတို့၏ ယဉ်ကျေးမှုတော်လှန်ရေး Great Proletarian Cultural Revolution ဟု တရားဝင်ခေါ်ဆိုခဲ့ကြသည်။ ထိုတော်လှန်ရေးသည် လူတန်းစားကို အကြောင်းပြုကာ နိုင်ငံရေးလှုပ်ရှားမှုတစ်ရပ်ဟု ဆိုကြသည်။ ယဉ်ကျေးမှုတော်လှန်ရေးဆိုသည့် အမည်နှင့်အညီ တရုတ်ရိုးရာယဉ်ကျေးမှုများကို ဖြိုချပြီး မော်စီတုန်းအတွေးအခေါ်နှင့် လမ်းစဉ်များကို အစားထိုးခဲ့ကြသည်။
 
၂။ မော်စီတုန်းသည် ကွန်မြူနစ်ပါတီဥက္ကဋ္ဌအဖြစ် ၁၉၄၉ ခုနှစ်မှ သူသေဆုံးသည့်အချိန်အထိ (၁၉၇၆ ခုနှစ်) ထိုနေရာကို ကိုင်စွဲသွားခဲ့သည်။ ၁၉၅၈ ခုနှစ် မဟာခုန်ပျံကျော်လွှားလှုပ်ရှားမှု ကျရှုံးသွားပြီးနောက် မော်စီတုန်း၏ ပါတီနှင့် နိုင်ငံအတွင်း နိုင်ငံရေးသြဇာအာဏာမှာ ကျဆင်းသွားခဲ့ရသည်။ ထို့ကြောင့် ပါတီနှင့် နိုင်ငံအတွင်း ကျဆင်းနေသော သူ၏ သြဇာအာဏာကို တဖန်ပြန်လည်တည်ဆောက်ရန် ၁၉၆၆ ခုနှစ် မေလတွင် ယဉ်ကျေးမှုတော်လှန်ရေးကို ပါတီနှင့် နိုင်ငံတစ်ဝှမ်းတွင် စတင်လှုပ်ရှားခဲ့သည်။
 
၃။ ယဉ်ကျေးမှုတော်လှန်ရေးကို မေလ ၁၆ ရက်နေ့ ၁၉၆၆ ခုနှစ်တွင် အစပျိူးခဲ့သည်ဟု ဆိုရမည်။ ထိုနေ့တွင် မော်စီတုန်းက "အရင်းရှင်လူတန်းစားတွေဟာ ပါတီ၊ အစိုးရအဖွဲ့နဲ့ စစ်တပ်အတွင်းကို ခိုးကြောင်ခိုးဝှက်နဲ့ စိမ့်ဝင်လာခဲ့ကြတယ်။ ဒါ့ကြောင့် ဒါတွေကို တန်ပြန်တော်လှန်ရေးလုပ်ပြီး ပြန်လည်ပြင်ဆင်ကြရမယ်။" ဟု ဆိုသည်။ ထို့အပြင် ကျောင်းများ၊ ဘာသာရေးများတွင်လည်း မော်စီတုန်း၏ အတွေအခေါ်ကို မဖြစ်မနေ ဖြည့်စွက်ကာ သင်ကြားရတော့သည်။ ထို့အပြင် ပြည်သူအားလုံးသည် စာအုပ်နီဟု ခေါ်ဆိုသည့် မော်စီတုန်း၏ သြဝါဒမိန့်ခွန်းများကို ရေးသားထားသည့် စာအုပ်ငယ်လေးများကို ကိုယ်နှင့်မကွာ ဆောင်ထားကြရသည်။ ထိုစာအုပ်ကို အုပ်ရေပေါင်း သန်း ၃၀၀ ထက်မနည်း ရိုက်နှိပ်ထုတ်ဝေခဲ့ကြသည်။
 
၄။ ၁၉၆၆ ခုနှစ်တွင် အလယ်တန်းမှ တက္ကသိုလ်အထိ ကျောင်းသားအုပ်စုများစွာသည် အကြမ်းဖက်တပ်ဖွဲ့များအသွင်အဖြစ် ပြောင်းလဲပြီး နိုင်ငံအနှံ့အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။ ထိုတပ်ဖွဲ့များကို Red Guards အစောင့်နီတပ်ဖွဲ့များဟု လူသိများကြသည်။ နိုင်ငံအနှံ့ ဆူပူသောင်းကျန်းမှုများ ပြုလုပ်နေကြသည့် ထိုတပ်ဖွဲ့များကို မော်စီတုန်းက တန်ပြန်တော်လှန်ရေး၏ စစ်မှန်သော လက္ခဏာတစ်ရပ်ဟု ဆိုလေသည်။ စကားပြောနဲ့ပဲ ပြောတော့မယ်နော့်။ စာသံပေသံက ရေးရခက်လို့ပါ။ ဘယ်လောက်ထိ ဆိုးသလဲဆို ဒီတပ်ဖွဲ့တွေက ဆရာတွေ၊ ဘိုးဘေးမိဘတွေကိုပါ ပြစ်တင်ဝေဖန်ရှုံချရေးတွေ လုပ်ကြတယ်။ ရိုးရာဓလေ့ကို တော်လှန်ရမယ်ဆိုပြီး မိဘ၊ ဆရာတွေကို ကြိုးတုပ်ပြီး လမ်းလယ်ခေါင်မှာ ရိုက်နှက်တာတွေ၊ ဆဲဆိုတာတွေ လုပ်ကြတယ်။ ဒီထက်ဆိုးတာတွေလဲ ရှ်ိသေးတာပေါ့။ တစ်ချိူ့ကတော့ ဒီဒဏ်တွေ မခံစားနိုင်တော့လို့၊ ရှက်လွန်းလို့ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားကြတယ်။
 
၅။ မော်စီတုန်းနှင့် သူ၏ မဟာမိတ်များဖြစ်ကြသော ၄ ဦးဂိုဏ်း အဖွဲ့တို့သည် ရှေးရိုးစွဲဓလေ့ ၄ မျိူးကို ဖျက်ဆီးကြဟု ကြွေးကြော်ကာ ရှေးဟောင်းဓလေ့ထုံးတမ်း၊ ရှေးဟောင်းယဉ်ကျေးမှု၊ ရှေးရိုးစွဲအလေ့အကျင့်နှင့် ရှေးဟောင်းအတွေးအခေါ်များကို များစွာဖျက်ဆီးပစ်ခဲ့ကြသည်။ ၂ လအတွင်း အစောင့်နီတပ်ဖွဲ့တို့၏ လက်ချက်ဖြင့် အိမ်ပေါင်းများစွာ လုယက်ဖျက်ဆီးခံခဲ့ရသည်။ ဆွေစဉ်မျိူးဆက်ဇယားများ မီးရှို့ဖျက်ဆီးခံရသည်။ ရှေးဟောင်းအဖိုးတန်ပစ္စည်များ ထုခွဲဖျက်ဆီးခံရသည်။ ထို့အပြင် ဘာသာရေး အဆောက်အအုံများ၊ အယူအဆများကို ဖျက်ဆီးကြသည်။ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များကို ဝေဖန်ပြစ်တင်ရှုံချကြသည်။ (ဘာသာရေးဆိုသည့်နေရာတွင် တရုတ်ရိုးရာနတ်၊ မဟာယန၊ ထေရဝါဒ၊ ခရစ်ယာန်၊ အစ္စလာမ် စသည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဘာသာအားလုံး ပါဝင်သည်။) ရှေးဟောင်းစာကြည့်တိုက်များ၊ ယဉ်ကျေးအမွေအနှစ် အဆောက်အအုံများ၊ သမိုင်းဝင်အမွေအနှစ်များစွာ ပျက်ဆီးကုန်သည်။ ကွန်ဖြူးရှပ်၏ အတွေးအခေါ်စာပေများစွာကို ပြန်လည်ပြင်ဆင်ရေးသားပစ်ကြပြီး ဂူဗိမာန်ကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ မင်မင်းဆက် ဝမ်လိဧကရာဇ်နှင့် သူ၏ မိဖုရားတို့အား မြှုပ်နှံထားသည့် ဂူဗိမာန်၊ မယ်တော်ကြီး စီးရှီ၏ ဂူဗိမာန်နှင့် သမိုင်းဝင်နေရာများ ဖျက်ဆီးခံရသည်။ နောက်ဆုံး တားမြစ်နန်းတော်အား ဝင်ရောက်မီးရှို့မည်ဟု ကြွေးကြော်နေစဉ် ချူအင်လိုင်းက စစ်တပ်များကို စေလွှတ်ပြီး ပစ်မိန့်ပေးကာ နန်းတော်အား ကာကွယ်စောင့်ရှောက်စေသည်။ ထိုအခါမှ အစောင့်နီတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
 
၆။ အစောင့်နီတပ်ဖွဲ့များသည် အဆောက်အအုံ၊ ပစ္စည်းများကို ဖျက်ဆီးပစ်ရုံသာမက ပြည်သူများ၊ သူတို့၏ ဆရာ၊ မိဘ၊ ဆွေမျိူးများကိုပင် ဖောက်ပြန်သူ၊ တန်ပြန်တော်လှန်ရေးသမားဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။ ၁၉၆၆ ခုနှစ် သြဂုတ်မှ စက်တင်ဘာလအတွင်း ပေကျင်းမြို့တွင် လူပေါင်း ၂၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ ရှန်ဟိုင်းမြို့တွင်လည်း စုစုပေါင်း အယောက် ၁၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီး အများစုမှာ စိတ်နာကျည်းချက်များဖြင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြသည်ဟု ဆိုသည်။ ဆွဲကြိုးချအဆုံးစီရင်သူဦးရေပေါင်း ၇၀၀ ကျော်အထိ ရှိခဲ့ပြီး ၅၀၀ ကျော်ခန့်မှာ အစောင့်တပ်နီတို့၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ထိုသေဆုံးခဲ့ရသည့် ရုပ်အလောင်းများကို လမ်းမီးတိုင်များ၊ လမ်းထောင့်များတွင် ချိတ်ဆွဲထားကြပြီး လူသတ်မှုကို စိတ်ကြိုက်ပြုလုပ်နေကြသည်။ ထိုသို့ပြုလုပ်နိုင်ခြင်းမှာလည်း မော်စီတုန်းက တန်ပြန်တော်လှန်ရေးကျောင်းသားများ၏ လှုပ်ရှားမှုဟု ခေါင်းစဉ်တပ်ထားခြင်းကြောင့် ရဲတပ်ဖွဲ့များမှာ မဖမ်းဆီးဝံ့ချေ။ ဖမ်းဆီးပါက သူတို့ကိုယ်တိုင်ပင် ဖောက်ပြန်သူ (သို့မဟုတ်) တန်ပြန်တော်လှန်ရေးသမား ဖြစ်သွားနိုင်ပေသည်။ မော်စီတုန်းကိုယ်တိုင်ကလည်း တားဆီးခွင့်၊ ဖမ်းဆီးခွင့်ကို မပေးထားချေ။ ထို့ကြောင့် စိတ်ကြိုက် ထင်တိုင်းကြဲနေကြသည်။
 
၇။ ယဉ်ကျေးမှုတော်လှန်ရေးအတွင်း အများစု ဖိနှိပ်ခံခဲ့ရသည်မှာ နိုင်ငံရေးသမားများ၊ စာပေပညာရှင်များ ဖြစ်ကြသည်။ အများစုမှာ ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခြင်း ခံခဲ့ရသည့်အပြင် အလောင်းများကို လမ်းပေါ်တွင် ချိတ်ဆွဲခံရသည်အထိ ရက်စက်ခဲ့ကြသည်။ လူပေါင်း ၇ သောင်းခွဲနီးပါးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုများကြောင့် တဝက်ကျော်မှာ သေဆုံးခဲ့ရပြီး လွတ်မြောက်လာသူများမှာ ကိုယ်လက်အင်္ဂါမသန်စွမ်းဘဝသို့ ရောက်ရရှာလေသည်။ တိန့်ရှောင်ဖိန်မှာလည်း နေအိမ်အကျယ်ချူပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည်။ ကျိူးအန်းလိုင်မှာ ဖမ်းဆီးခြင်းမခံရသော်လည်း ၄ ဦးဂိုဏ်းဝင် ကျန့်ချင်း (မော်စီတုန်း၏ ဇနီး) လက်ချက်ဖြင့် ကျိူးအန်းလိုင် (ချူအင်းလိုင်) ၏ မွေးစားသမီးမှာ ထောင်တွင်း၌ ကျန့်ချင်း၏ အမိန့်ကြောင့် ရက်ရက်စက်စက် အကြိမ်ကြိမ် မုဒိန်းကျင့်အသတ်ခံခဲ့ရသည်။ တိန့်ရှောင်ဖိန်၏ သားမှာလည်း ဖမ်းဆီးခံခဲ့ရကာ နှိပ်စက်မှုဒဏ်ကို မခံနိုင်သဖြင့် ၄ ထပ်တိုက်ပေါ်မှ ကိုယ့်ကိုယ်ကို အဆုံးစီရင်ရာ၊ အသက်မသေသော်လည်း တစ်သက်လုံး ဒုက္ခိတဘဝသို့ ရောက်သွားခဲ့ရသည်။ သမ္မတကြီး လျိူစောက်ချီကိုလည်း ရာထူးများမှ ပယ်ရှားပြီး ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကာ ဖောက်ပြန်သူ၊ အရင်းရှင်ဝါဒီဟု စွပ်စွဲအရေးယူလေသည်။ လျိူစောက်ချီသည် ထောင်အတွင်း၌ အများဆုံး နှိပ်စက်မှုဒဏ်ကို ခံခဲ့ရသူဟု တွေ့ကြုံခဲ့သူများက ပြန်လည်ပြောပြကြသည်။ လျိူစောက်ချီအား နေ့စဉ် ရိုက်နှက်စစ်ဆေးပြီး မေးမြန်းလေ့သည်။ နှိပ်စက်နည်းများကား ရက်စက်လွန်းသဖြင့် ပြော၍ပင် မထွက်ချေ။ ထိုဒဏ်ရာများဖြင့် ထောင်အတွင်း၌ပင် ကွယ်လွန်ခဲ့ရရှာလေသည်။ ယခုလက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖင်း၏ ဖခင်မှာလည်း ဖောက်ပြန်သူဟု စွပ်စွဲခံရကာ အလုပ်ကြမ်းစခန်းသို့ ပို့ဆောင်ခြင်း ခံရလေသည်။ ထိုမျှမကသေး ရှီကျင့်ဖင်းတို့ ညီအစ်ကိုများကိုလည်း ပြန်လည်ပြုပြင်ရေးစခန်းကို ပို့ဆောင်ကာ မစင်ကျူံးရသည့်နေရာတွင် အလုပ်ကြမ်း လုပ်ခဲ့ရသေးသည်။
 
၈။ ထိုသို့ဖြင့် နိုင်ငံတခုလုံး ဗရမ်းဗတာ အခြေအနေ၊ အကြမ်းဖက်မှုများ နေရာအနှံ့ဖြစ်ပွားနေသည့် အခြေအနေကို အစိုးရအနေဖြင့် မထိန်းသိမ်းနိုင်တော့ချေ။ မော်စီတုန်းလည်း သူမွေးခဲ့သည့် မျောက်များကို သူမထိန်းနိုင်သည့်အခါ လင်ပြောင်ကို တာဝန်ပေးပြီး စစ်တပ်ဖြင့် နှိမ်နင်းစေသည်။ အစောင့်တပ်နီတို့၏ သောင်းကျန်းမှုကြောင့် လူပေါင်း ၁.၅ သန်းမှ ၄ သန်းနီးပါး သေဆုံးခဲ့ရသည်ဟု ခန့်မှန်းရပြီး ၁၇ သန်းကျော်မှာ ဟောင်ကောင်နှင့် ပြည်ပနိုင်ငံများသို့ ထွက်ပြေးကြရသည်။ ထိုအချိန် ၁၉၆၉ ခုနှစ်သို့ရောက်သော် မော်စီတုန်းမှာ ကျန်းမာရေးမကောင်းသဖြင့် လင်ပြောင်၏ အာဏာမှာ အထွဋ်အထိပ်သို့ ရောက်လာခဲ့သည်။ လင်ပြောင်သည် လစ်လပ်သွားသော လျိူရှောက်ချီ၏ သမ္မတနေရာကို ယူလိုသည်။ သို့သော် မော်စီတုန်းက လင်ပြောင်ကို ထိုနေရာ၌ မထားလိုချေ။ လင်ပြောင်သည် တရုတ်ပြည်ကို ပြုပြင်ပြောင်းလဲလိုသည်။ သို့ရာတွင် မော်စီတုန်းရှိနေသ၍ ပြောင်းလဲလို့ မရနိုင်ကြောင်း လင်ပြောင် သိခဲ့ရသည်။ ထို့ကြောင့် မော်စီတုန်းကို အပြတ်ရှင်းထုတ်ရမည် ဖြစ်သည်။ ထိုနေရာတွင် ဝန်ကြီးချူပ်ဖြစ်သူ ချူအင်းလိုင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ ရာထူးအာဏလည်း မမက်ပေ။ ထို့ကြောင့် သူ့အား ရှင်းလင်းရန် မလိုအပ်ဟု လင်ပြောင်က ယူဆခဲ့သည်။ ချူအင်းလိုင်သည်လဲ ပါတီအတွင်း သူသည် နောင်တချိန် မော်စီတုန်း၏ အရိုက်အရာ ဆက်ခံရမည့်သူဟု ထင်ကြေးပေးခံရမည့် အဖြစ်မှ အတတ်နိုင်ဆုံး ရှောင်ရှားသည်။ မော်စီတုန်း လုပ်သမျှကို သူက လိုက်ထိန်းနေရသည်။ ဥပမာ ယဉ်ကျေးမှုတော်လှန်ရေး ကာလအတွင်း တရုတ်ပြည်ရှိ ယဉ်ကျေးမှုအမွေအနှစ်များစွာ ဖျက်ဆီးခံခဲ့ရသည်။ နောက်ဆုံး "တားမြစ်နန်းတော်" မြို့ကိုပါ မီးရှို့ဖျက်ဆီးမည်ဟု မော်စီတုန်း လူငယ်အဖွဲ့များ အတင်းဝင်ရောက်ကြရာ ချူအင်လိုင်းက စစ်တပ်စေလွှတ်၍ တားဆီးစေခဲ့သည်။ မော်စီတုန်းလဲ သူမှားမှန်းသိနေသဖြင့် ချူအင်းလိုင်ကို ဘာမှမပြောပေ။
 
ထိုသို့ ဆိုးရွားလာသော အခြေအနေများတွင် လင်ပြောင်သည် သမ္မတနေရာကို လိုချင်လာပြန်သည်။ နိုင်ငံကို ပြုပြင်ပြောင်းလဲရန် မော်စီတုန်းကို အရင်လုပ်ကြံမှရမည်ဟု ဆိုကာ မော်စီတုန်းကို လုပ်ကြံရန်အတွက် စီစဉ်ခဲ့သည်။ သိုသော် ချူအင်လိုင်းက ရိပ်မိသဖြင့် တားဆီးနိုင်ခဲ့သည်။ လင်ပြောင်လဲ မော်စီတုန်းလုပ်ကြံရေး မအောင်မြင်သောအခါ တရုတ်ပြည်မှ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော်လည်း ပြည်ပသို့ မရောက်မှီ လင်ပြောင်လိုက်ပါလာသော လေယာဉ် ပျက်ကျခဲ့သဖြင့် တမိသားစုလုံး သေဆုံးခဲ့ရသည်။
 
၉။ ကျိူးအန်းလိုင် တရုတ်ပြည်၏ အခြေအနေကို အမြန်ဆုံး တည်ငြိမ်အောင် လုပ်ဆောင်ရတော့သည်။ ၁၉၇၂ ခုနှစ်တွင် မော်စီတုန်း၏ ကျန်းမာရေးမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ထိုနှစ်ထဲတွင် ဆရာဝန်က ကျိူးအန်းလိုင်၌ ကင်ဆာရောဂါ ရှိနေသည်ကို သိရှိခဲ့သည်။ သို့သော်လည်း ခွဲစိတ်ကုသမှု ခံယူပါက ပျောက်ကင်းနိုင်ရန် ၈၀% အထိ သေချာကြောင်း၊ ထိုသို့ ခွဲစိတ်မှုလုပ်ရာတွင် မော်စီတုန်း၏ ခွင့်ပြုချက်လိုကြောင်း ပြောလေသည်။ ထိုအခါ မော်စီတုန်းက သူ၏ ဇနီးဖြစ်သူ ကျန့်ချင်းကို ထိန်းနိုင်သည်မှာ ကျိူးအန်းလိုင်ဖြစ်ကြောင်း သိထားသည့်အတွက် ကျိူးအန်းလိုင်မရှိလို့ မဖြစ်ဟု ဆိုတာ ခွင့်မပြုခဲ့ပေ။ ထို့အပြင် ကျိူးအန်းလိုင်၏ ရောဂါဝေဒနာအား မည်သူ့ကိုမျှ မပြောပြရန် သတင်းကိုပါ အမှောင်ချထားခဲ့သည်။ ဤသို့ဖြင့် ကျိူးအန်းလိုင်၏ ကင်ဆာဝေဒနာမှာ ၁၉၇၄ ခုနှစ်တွင် ပိုမိုပြင်းထန်လာခဲ့ပြီး ဆီးသွားတိုင်း သွေးပါလာသည်အထိ ဆိုးရွားလာခဲ့သည်။ အခြေအနေမကောင်းတော့သဖြင့် နောက်တစ်နှစ်၌ ခွဲစိတ်ကုသမှု ခံယူရန် စေလွှတ်သော်လည်း ကုသရန်ဆေးမမှီတော့ပေ။ ထိုအခါ ကျိူးအန်းလိုင်က မော်စီတုန်းထံ တိန့်ရှောင်ဖိန်အား ပြန်လည်ခေါ်ယူပေးဖို့ တောင်းဆ်ိုရာ မော်စီတုန်းလဲ ခွင့်ပြုပေးလိုက်သည်။ ကျိူးအန်းလိုင်သည် ဆေးရုံတက်နေစဉ် တိန့်ရှောင်ဖိန်နှင့်အတူ ပြည်တွင်းရေးများကို စီမံခန့်ခွဲပေးသည်။ တိန့်ရှောင်ဖိန်ကိုလည်း မှာကြားစရာရှိသည်များကို နေ့စဉ်မပြတ် မှာကြားခဲ့သည်။ ၁၉၇၆ ခုနှစ် ဧပြီလသို့ ရောက်သော် ကျိူးအန်းလိုင်မှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ရသည်။ ကျိူးအန်းလိုင်၏ အသုဘအခမ်းအနားအတွင်း အရေးအခင်းများ ဖြစ်သည့်အပေါ် ၄ ဦးဂိုဏ်းဝင်များက တိန့်ရှောင်ဖိန်ကြောင့်ဟု စွပ်စွဲကာ လက်စဖျောက်ပစ်ရန် ကြံလေသည်။ ထိုအခါ မော်စီတုန်းလည်း တိန့်ရှောင်ဖိန်ကို ၄ ဦးဂိုဏ်းဝင်များ လက်လှမ်းမမှီသည့် နေရာသို့ ပို့ထားရသည်။ ၁၉၇၆ ခုနှစ် စက်တင်ဘာလတွင် မော်စီတုန်းလည်း ကွယ်လွန်သွားခဲ့ပြန်သည်။ မော်စီတုန်းကွယ်လွန်ပြီးနောက် ယဉ်ကျေးမှုတော်လှန်ရေးမှာလည်း ပြီးဆုံးသွားခဲ့လေသည်။ ထို့နောက် ဟွာကော်ဖုန်း တက်လာပြီး ၄ ဦးဂိုဏ်းဝင်များကို ဖမ်းဆီးအရေးယူခြင်းနှင့်အတူ ယဉ်ကျေးမှုတော်လှန်ရေးမှာ ဆုံးခန်းတိုင်ခဲ့လေသည်။
 
၁၉၇၈ ခုနှစ်တွင် တိန့်ရှောင်ဖိန် အာဏာရလာခဲ့ပြီးနောက် နှစ်ပေါင်း ၂၀ အတွင်း တရုတ်ပြည်မှာလည်း ပြောင်းလဲသွားခဲ့သည်။ သို့သော် အတိတ်က ဖြစ်ရပ်များမှာ ယနေ့ထက်တိုင် သင်ခန်းစာယူရန် အမြဲလိုလို ခြောက်လန့်နေစမြဲပင် ဖြစ်သည်။
 
#林圛朙(天下第一)
 
ယဉ်ကျေးတော်လှန်ရေး ဖြစ်ပွားရသည့် အကြောင်းအရင်းများစွာရှိသော်လည်း အဓိကဖြစ်သွားခဲ့ရသည်မှာ ပါတီနှင့် နိုင်ငံရေးအတွင်း အာဏာလွန်ဆွဲမှုကြောင့်သာ ဖြစ်သည်ဟု ဆိုနိုင်သည်။
 
==လေးဦးဂိုဏ်း==