ဝါရီရူးမင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာကြောင်း ၂၄ -
| father =
| mother =
| birth_date = ၂၀ မတ် ၁၂၅၃ <br /> မြန်မာ သက္ကရာဇ် ၆၁၄၊ နှောင်းတန်ခူးလဆန်းနှောင်း တန်ခူးလဆန်း ရက်၊ ကြာသပတေးနေ့
| birth_place = [[ဒုံဝန်းရွာ]] <br/> [[ပုဂံခေတ်|ပုဂံအင်ပါယာပုဂံ အင်ပါယာ]]
| death_date = {{circa}} ၁၄ ဇန်နဝါရီ ၁၃၀၇ (အသက် ၅၃) <br/> {{circa}} မြန်မာ သက္ကရာဇ် ၆၆၈၊ တပို့တွဲလဆန်း ၁၁ ရက်၊ စနေနေ့
| death_place = [[မုတ္တမမြို့]] <br/> [[ဟံသာဝတီ|မုတ္တမတိုင်းပြည်မုတ္တမ နေပြည်တော်]]
| date of burial =
| place of burial =
စာကြောင်း ၃၄ -
}}
 
[[မဂဒူးမင်းဆက်]] (သို့) ဝါရီရူမင်းဆက်ခေါ် မုတ္တမမြို့၏မင်းဆက် စတင်တည်ထောင်သူ '''ဝါရီရူး'''မင်း (ကောဇာသက္ကရာဇ်၁၂၅၃–၁၃၀၇) ၁၂၅၃-၁၃၀၇)(မြန်မာသက္ကရာဇ် ၆၁၄ - ၆၆၈၆၁၄–၆၆၈)သည် မင်းမျိုးမင်းနွယ် မဟုတ်ပဲ ဆင်းရဲသားဘဝမှ ကြံရည်၊ ဉာဏ်ရည်နှင့် ဝီရိယကြောင့် အထွတ်အထိပ် မင်းအဖြစ်သို့ ရောက်လာသော မွန်ဘုရင်ဖြစ်သည်။ ဤမင်းသည် အောက်မြန်မာနိုင်ငံရှိ မွန်ဒေသအားလုံးကို စိုးပိုင်ခဲ့လေသည်။ ပုဂံတွင် နရသီဟပတေ့ တရုတ်ပြေးမင်းနှင့် သားတော်အငယ် ကျော်စွာတို့ အုပ်စိုးချိန်၌ အောက်မြန်မာနိုင်ငံတွင် ဝါရီရူမင်း အုပ်စိုးလျက်ရှိသည်။ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘဝရောက်နေရာမှ [[ပုဂံ]]အင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည် ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို [[ဗညားဝါရူး]] (ခေါ်) [[ဝါရီရူးမင်း]]က မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူးကိုအစွဲပြုကာ ၎င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟု၎င်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ဝါရီရူးမင်းဆက် ဟု၎င်း ခေါ်ဝေါ်ကြသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိ မင်းပြုကြသည်။
 
== ဘဝအစ ==
သက္ကရာဇ် ၆၁၄ နှောင်း တန်ခူးလဆုတ် ၄ ရက်တွင်ဖွားမြင်ပြီးရက်တွင် (၂၀ မတ် ၁၂၅၃) ဖွားမြင်ပြီး ငယ်အမည်မှာ မဂဒူးဖြစ်⁠ဖြစ်သည်။ ယိုးဒယားရာဇဝင်၌ မိုဂဒိုဟု တွေ့ရသည်။ မဂဒူးက ယခု သထုံနယ်ရှိ ရှေးအခေါ် တကော့ဝန် သို့မဟုတ် ဝန်မြို့ဟုခေါ်သော ဒုံဝန်းရွာ ဇာတိဖြစ်သည်။ အဖဖြစ်သူမှာ မွန်ရှမ်းအနွယ်ဖြစ်၍ ကွမ်းကုန်သည် သုံးကျိပ်နှစ်ယောက်တွင် အကြီးအမှူးဖြစ်၏။ မိဘများမှာ သာမန်လယ်လုပ်သူ နှင့် ကုန်သည်များဖြစ်ကြသည်။ ငယ်စဉ်ကလေးဘဝက မိဘများ လယ်လုပ်သွားချိန်တွင် ခေါ်ဆောင်သွားပြီး ကန်သင်းပေါ်၌ ခမောက်ရှည် (မွန်ဘာသာဖြင့် ဂဒူး) တစ်ခုကို ပက်လက်လှန်ထားပြီး အိပ်စက်စေကာ အခြားခမောက်ရှည်တစ်ခုကို အပေါ်မှ ဖုံးအုပ်ထား ခဲ့သည်။ ကျီးငှက်တစ်ကောင်က ထိုခမောက်ရှည်အတွင်းမှ ကလေးငယ်ကို အစာအမှတ်နှင့် လာရောက်ကိုက်ချီရန်ကြိုးစားရာ အဖုံးဖြစ်သည့် ခမောက်ရှည်က ထိုကျီးငှက်ကို လိုက်လံ ထိုးဆိတ်တိုက်ခိုက်လေသည်။ ထိုကဲ့သို့ထူးဆန်းသည့် အခြင်းအရာကို မြင်သည့် မိဘနှစ်ပါးကလည်း သားဖြစ်သူအား မဂဒူး(မောင်ခမောက်ရှည်)ဟု အမည်ပေး လိုက်ကြသည်။ သားဦးဖြစ်သည့် မဂဒူး တွင် မဂဒါ အမည်ရှိ ညီတစ်ဦးနှင့် နှမဖြစ်သူ နှင်းဥရိုင် တို့ရှိကြသည်။ နောင်တွင် မိဘများ လယ်အလုပ်မှ တကော့ဝန်း (ဒုန်ဝန်းမြို့-ယနေ့ ဝန်မြို့) သို့ပြောင်းကာ ကုန်သည်အလုပ်ဖြင့် စီးပွားရှာကြသည်။ ထိုစဉ်က မဂဒူးတို့ နေထိုင်ရာမှ သောက္ကတဲမြို့သို့ အထမ်းသမား(၃၀)ဦးဖြင့် ကုန်များထမ်းကာ သွားရောက်ကြခြင်း ဖြစ်သည်။ နောင် မိဘများ အိုမင်းကြသော် မဂဒူး အသက် ၂ဝ အရွယ်ရောက်၍ အဖဖြစ်သူအစား ဝင်ရောက်ကာ ကုန်သည်အလုပ်တွင် ဦးစီးလေသည်။ ထိုသို့ ယိုးဒယား ဇင်းမယ်ဘက်ရှိ တကော့ဝန်းနှင့် သောက္ကတဲ နှစ်မြို့ကို ကူးသန်းကာ ကုန်သည်ဘဝဖြင့် ကျင်လည်နေစဉ် တစ်ခေါက်သော [[သောက္ကတဲ]]သို့ ကုန်ပို့ခရီးလမ်းတွင် အထမ်းသမားတစ်ဦး နာဖျားသဖြင့် ထိုသူ၏ဝန်ကို ခေါင်းဆောင်ဖြစ်သူ မဂဒူးထမ်းရသည်။ တောင်ထိပ်တစ်ခုသို့ ရောက်လျှင် အခါမဟုတ် မိုးများအုံ့ဆိုင်းပြီး မဂဒူး ထမ်းလာသည့် ဝန်ထုပ်ကို မိုးကြိုးပစ်ချလေသည်။ မဂဒူးလည်း အတန်ကြာမေ့မြောသွားပြီး ပြန်လည်သတိရ၍ မျက်စိဖွင့်ကြည့်လေသော် တိမ်တိုက်များကြားမှ အရှေ့အရပ်တွင် အရောင်အလျံတောက်ပသည့် နန်းပြသာဒ်တစ်ဆောင်ကို မြင်ရပြီး ထိုနန်းပြသာဒ်၏ အရောင်ကြောင့် အနောက်ဖက်တွင်လည်း နန်းပြသာဒ်တစ်ဆောင်ကို မြင်ရပြန်သည်။ ထိုအခါ မဂဒူးလည်း ထူးခြားသည့်နိမိတ်ကို မှတ်သား၍ အနီးရှိရွာသို့ရောက်လျှင် ထိုရွာမှ နိမိတ်ဖတ်ဆရာအား သွားရောက်မေးလေသည်။ နိမိတ်ဖတ်ဆရာလည်း ကြီးကျယ်သော နိမိတ်ဖြစ်သဖြင့် မဂဒူးအရပ်နှင့်ညီသည့် ငွေကိုပူဇော်မှသာ ဖတ်နိုင်မည်ဟုဆိုသဖြင့် မဂဒူးသည်အနီးရှိ မိမိအရပ်နှင့် မကွာလှသော ခြတောင်ပို့ပေါ်တွင် ငွေပြား ၃၀ ကိုတင်ကာပူဇော်ပြီး နိမိတ်ဖတ်စေသည်။ ထိုအခါနိမိတ်ဖတ်ဆရာလည်း မဂဒူး၏ ဉာဏ်စွမ်းကို အသိအမှတ်ပြု၍ အရှေ့ဖက်တွင်ရှိသည့် အကြီးဆုံးသတ္တဝါကို ခစားရန် နှင့် ထိုအရှေ့ဖက်ရှိ ဘုန်းကြီးသည့် မင်း၏အကူအညီကြောင့် အနောက်အရပ်တွင် မင်းဖြစ်ရမည်ဟု ဆိုလေသည်။
 
 
စာကြောင်း ၄၈ -
== မုတ္တမကိုသိမ်းယူခြင်း ==
မဂဒူး တကော့ဝန်းတွင် နန်းစံနေစဉ် မုတ္တမတွင် မင်းပြုနေသူမှာ ပုဂံ မှခန့်အပ်ထားသည့် အလိမ်မာမင်းဖြစ်သည်။ ပုဂံအုပ်ချုပ်မှုလျော့ရဲလာ၍ မုတ္တမတွင် တစ်ထီးတစ်နန်းထောင်နေသူဖြစ်သည်။ မဂဒူးလည်း အလိမ်မာမင်းအား မိမိနှမဖြစ်သူ နှင်းဥရွန်အား ဆက်သကာ မဟာမိတ်ပြုမည့်အကြောင်း ပရိယာရ်ဖြင့် ဖိတ်ခေါ်ကာ လုပ်ကြံပြီး မုတ္တမ သို့ပြောင်းရွေ့သိမ်းပိုက်၍မင်းပြုလေသည်။ မုတ္တမကိုရလျှင် အမတ်ကြီး ဗြပုန်ကို မိမိယောက္ခမတော်သည့် သောက္ကတဲမင်းထံသို့ သံတမန်အဖြစ်စေလွှတ်ကာ မိမိ မုတ္တမတွင် မင်းပြုနိုင်ရန် ဘွဲ့အမည်နှင့် ၊ မင်းမြောက်တန်ဆာ ငါးပါးတို့ကို ပေးသနားရန် လျှောက်ထားသည်။ သောက္ကတဲမင်းလည်း အားရဝမ်းသာလွန်းသဖြင့် မိမိသားမက်အား "ဗညားဝါရူး" ဟူ၍ဘွဲ့ပေးကာ မင်းမြောက်တန်ဆာ ငါးပါးကိုလည်း ချီးမြှင့်ပေးလေသည်။ သို့သော်မွန်တို့က ထိုဘွဲ့ထက် မွန်အသံထွက်အတိုင်း ဝါရီရူး ဟုသာ ခေါ်ကြသည်။ မုတ္တမ တွင် နန်းသစ်တည်ရန် ကြဌာန်းတိုင် ထူရာ ကိုယ်ဝန်သည်မိန်းမတစ်ဦးသည် လင်ဖြစ်သူနှင့် ရန်များကာ စကားမြည်တွန်ဆူပူလျက် ထိုကြဌာန်းတိုင်ထူမည့်နေရာသို့ ရောက်လာသော် အခါပေးဆရာတို့က အချိန်ကျပြီ ဟုဆိုကာ ထိုကိုယ်ဝန်သည်မိန်းမကို တွင်းထဲသို့တွန်းချကာ ကြဌာန်းတိုင် ထူကြသည်။ မိန်းမကိုယ်ဝန်ကွဲကာ သွေးတို့စင်တက်လာရာ မြွေ ၈ ကောင်လည်း ပါလာသည်။ ၇ ကောင်မှာနေရာတွင်ပင်သေကြပြီး ၁ ကောင်မှာ အနောက်အရပ်သို့သွားပြီးမှ သေသည်။ ထိုအရာကိုမြင်သော် နိမိတ်ဆရာတို့က ဤမြို့သည် ရန်စစ်အနည်းငယ်ရှိမည်၊ မင်း ၈ ဆက်နန်းစံသည့်အနက် ၇ ဆက်မှာ ဤမြို့၌ပင်လွန်ပြီး ၈ ဆက်မြောက်မင်းမှာမူ အနောက်ဖက်သို့သွားကာ လွန်မည်ဟု နိမိတ်ဖတ်ကြသည်။ မုတ္တမ နှင့် မဝေးသော ကဗ္ဗလာနီမင်း ဆင်ရံထွက်သည့်သတင်းကိုကြားလျှင် နောက်လိုက်များခေါ်ဆောင်ကာ ထိုမြို့ရှိ လူသူလက်နက်၊ စည်းစိမ်များနှင့် သမီးတော်ကိုပါ မုတ္တမသို့ ခေါ်ဆောင်လာသည်။ ထိုကဗ္ဗလာနီမင်း ပြန်ရောက်၍ သိသော်အမျက်ပြင်းစွာထွက်သည့်အတွက် အင်အားရသလောက်စုစည်းကာ မုတ္တမသို့ချီတက်လာသည်။ မဂဒူးလည်း ကဗ္ဗလာနီမင်းအား သမီးတော်အား မိဖုရားကြီးအဖြစ် တင်မြောက်မည့်အကြောင်း၊ မိမိတို့ဆွေမျိုးရင့်ဖြစ်သည့်အတွက် မိမိသိမ်းယူလာသည့် လူသူလက်နက်၊ စည်းစိမ် အားလုံးကို ပြန်အပ်မည့်အကြောင်း ယုံကြည်လောက်အောင် လှည့်ဖျားပြီး အဆိပ်ခပ်ကာလုပ်ကြံသော် ကဗ္ဗလာနီမင်း သေသည်။ သို့ဖြင့် အရှေ့ဖက် မုတ္တမ တစ်လွှားတွင် မဂဒူးမင်း သည်ပြိုင်ဖက်မရှိ အုပ်စိုးနေနိုင်ခဲ့သည်။
[[File:Map-of-southeast-asia 1400 CE.png]]
 
== ပဲခူးအားသိမ်းပိုက်ခြင်း ==