အသုံးပြုသူ:သူထွန်း/sandbox: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၃၅ -
 
==အခန်း(၃) အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ==
#ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်း၍ ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ခြင်း၊
#နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များ ဆွေးနွှေးအတည်ပြုနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်များ နှင့် အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ လက်တွဲဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ခြင်း၊
#ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (Charter)ကို ရေးဆွဲအတည်ပြုခြင်း၊
#ဤပဋိညာဉ် (Charter) နှင့်အညီ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ '''(Interim National Unity Government)''' ဖွဲ့စည်းခြင်း၊ ဥပဒေပြုရေးနှင့် တရားရေးမဏ္ဍိုင်ဆိုင်ရာ အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်း၊
#အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
#တိုင်းပြုပြည်ပြုညီလာခံ '''(Constitutional Convention)''' ခေါ်ယူကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုခြင်း၊
#တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခြင်း၊
#အတည်ပြုပြဋ္ဌာန်းလိုက်သည် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ဖွဲ့စည်းပြီး '''ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism)''' အရ လိုက်နာကျင့်သုံးခြင်း၊
စသည့် ချက်များဖြစ်သည်။
 
==အခန်း(၄) ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးစွဲခြင်း==