အတပတ္တုဝလောဝ: တည်းဖြတ်မှု မူကွဲများ

"အတပတ္တုဝလောဝ သ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၄:၀၃၊ ၁၂ မေ ၂၀၂၁ ရက်နေ့က မူ

အတပတ္တုဝလောဝ သည် သီရိလင်္ကာနိုင်ငံ၊ Galle, Walwawatta, အောက်ဒစ်ဆန်လမ်း, ၃၅ တွင် တည်ရှိသည့် ကိုလိုနီခေတ် ကြီးမားသည့် အိမ်တစ်လုံးဖြစ်သည်။ ဝလောဝကို ၁၇၄၂ ခုနှစ်တွင် Mudaliyar Don Bastian Gooneratne က တည်ဆောက်ခဲ့သည်။ အထပ်နှစ်ခုပါရှိပြီး ၇၄၃ စတုရန်းမီတာ (၈၀၀၀ စတုရန်းပေ) ရှိသည့် အဆောက်အဦ ဖြစ်သည်။ အကျယ် ၀.၆ ဟက်တာ (၁.၅ ဧက) ကျယ်သည့် ဥယျာဉ်ထဲတွင် တည်ရှိသည်။ ခန့်မှန်းခြေအားဖြင့် Galle မြို့လယ်မှ ၀.၅ ကီလိုမီတာ (၀.၃၁ မိုင်) အကွာတွင် တည်ရှိသည်။ ဝလောဝ သည် Gooneratne မိသားစု၏ ဘိုးဘွားပိုင်အိမ်တစ်လုံးဖြစ်သည်။ Gooneratne မိသားစုသည် ဗြိတိသျှနှင့် ဒတ်ချ်ကိုလိုနီခေတ်ကာလက အုပ်ချုပ်သူလူတန်းစားများ ဖြစ်ကြသည်။ ထင်ရှားသည့် ယခင်က နေထိုင်သွားသူများတွင် Mudaliyar Edmund Rowland Gooneratne နှင့် ၎င်း၏ သားဖြစ်သူ Mark Gooneratne တို့ ပါဝင်သည်။ ယခုအခါ ထိုအိမ်ကို အခန်းငယ် ခုနစ်ခန်းပါဝင်သည့် ဖက်ရှင်ဟိုတယ်တစ်ခုအဖြစ် အသုံးပြုလျက်ရှိသည်။

၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အစိုးရက ထိန်းသိမ်းစောင့်ရှောက်ရမည့် အဆောက်အဦတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

ကိုးကား