ဦးပုည: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂ -
==ငယ်ဘဝ==
ဦးပုညသည် မြို့စားရွာစားမျိုးဖြစ်သည့် အဖဦးမြတ်စံ အမိဒေါ်လှရင်တို့မှ မြန်မာနှစ် ၁၁၇၄-ခု၊ ဝါခေါင်လဆန်း ၁၃ ရက် ကြာသပတေးနေ့ (ခရစ်နှစ် ၁၈၁၂ ခု ဩဂုတ်လ ၂၀ရက်) ဖွားမြင်၍ ငယ်စဉ်က [[သာယာဝတီမင်း]]တရားကြီး အိမ်တော်ရောက်ခိုက် စည်ကိုပုတ်၍ကစားသောကြောင့် “မောင်ပုတ်စည်” ဟု မင်းတရားကြီးကိုယ်တိုင် အမည်ပေးသောကြောင့် မောင်ပုတ်စည် ဟုခေါ်တွင်သည်။
<ref>၁၉၆၂-ခု၊ သြဂုတ်လထုတ် သူရိယ မဂ္ဂဇင်း၊ ဦးအို၏ ဆောင်းပါး</ref>
 
*ငယ်နာမည်မှာ မောင်ထူး ဟူ၍ အချို့က ဆိုကြသည်။
*စလေမြို့ သူကြီးရိုး၊ ပုညသမန်းမျိုး၌ သက္ကရာဇ် မြန်မာနှစ် ၁၁၇၄-ခု၊ ကဆုန်လဆန်း (၁၃)ရက်၊ ကြာသပတေးနေ့တွင် [[သာယာဝတီမင်း]]၏ အကြီးတော် အရာရှိဖြစ်သော (အဖ)ဦးမြတ်ထွား၊ (အမိ) ဒေါ်ဆုံတို့မှ ဖွားမြင်လေသည်။ ဦးပုညအား မွေးဖွားချိန် ထိုနေ့၌ မုံရွေးဆရာတော်၊ ကြက်သွန်ခင်းဆရာတော်တို့ ရွှေစက်တော်က အပြန် ဦးမြတ်ထွားအိမ်ကို ဝင်တော်မူကြခိုက်၊ ကြုံကြိုက်သဖြင့် ထိုသူငယ်သည် လောကီရေးရာတွင် ကျော်ဇောထင်ရှားလတ်မည်။ ဥပစ္ဆေဒကကံနှင့်မူ မကင်းလွတ်တတ် ဟူ၍ ရှေ့ပြေးနိမိတ် ဖတ်ကြားတော်မူကြကြောင်း အချို့ဆရာတို့က ဆိုကြသည်။
*ဦးမြတ်ထွားနှင့် ဒေါ်ဆုံတို့သည်ကား မောင်နှမဝမ်းကွဲ တော်စပ်သည်ဟု ဆို၏။ <ref>ဦးပုည ဝတ္ထုပေါင်းချုပ်၊ သုဓမ္မဝတီ ကျောင်းသုံးစာအုပ် ထုတ်ဝေသော ဌာန၊ ၁၉၄၀၊ စာ-(င)</ref>
*(ဦးပုညဖွားသောနှစ်မှာ အမှတ်အသားမတူကြပါ။ အချို့က ၁၁၇၄၁၁၆၉-ခု၊ အချို့က ၁၁၇၃-ခု၊ အချို့က ၁၁၇၈-ခုဟူ၍လည်း ကွဲပြားကြသေးသည်။)