အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း မော်လမြိုင်: တည်းဖြတ်မှု မူကွဲများ

ဓူဝံ (စာရေးဆရာ) ပညာရှိ အရေးပိုင် ဦးကျော်ထွန်း
စာကြောင်း ၃၁ -
 
== သမိုင်းကြောင်း ==
[[ဂျီစီဘီအေ]] မြန်မာအသင်းချုပ်ကြီး၏ ဥက္ကဋ္ဌ [[ချစ်လှိုင်|ဦးချစ်လှိုင်၏]] ဖခင် မော်လမြိုင်မြို့သစ်ကုန်သည် သူဌေး ဦးသာညှင်းက ကျောင်းဆောက်လုပ်ရေးအတွက် ငွေကြေး မ တည် လှူဒါန်းခဲ့သည်။ ကျောင်းကို စတင် တည်ထောင်သူများတွင် ပညာရှိ အရေးပိုင် [[ကျော်ထွန်း၊ ဦး (အရေးပိုင်)|ဦးကျော်ထွန်း]] (နောင်တွင် ကျက်သရေဆောင် ရွှေစလွယ်ရ အရေးပိုင်မင်း)သည် တဦး အပါအဝင် ဖြစ်သည်။ ဦးကျော်ထွန်းသည် ထိုရှင်မဟာဗုဒ္ဓဃောသကျောင်း စတင် ဖွင့်လှစ်သောနေ့တွင် ဖတ်ကြားရန် အတွက် ရတုကိုပင် ရေးသားစီကုံး ပေးခဲ့သည်ဟု ဆိုသည်။
 
ဝိုင်အမ်ဘီအေ (YMBA) ခေါ် [[ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း]] ကို စတင်တည်ထောင်သူ [[မေအောင်၊ ဦး (စွယ်စုံပညာရှင်)|ဦးမေအောင်]] (၁၈၈၀ - ၁၉၂၆)က ရှင်မဟာဗုဒ္ဓဃောသ အမျိုးသားအထက်တန်းကျောင်း ကျောင်းအုပ် အဖြစ် ၁၈၉၉ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ ကျောင်းသုံး မြန်မာ ရာဇဝင် ရေးသော [[ဘသန်း၊ ဦး (ရာဇဝင်ဆရာ)|ရာဇဝင်ဆရာ ဦးဘသန်း]] သည် ရှင်မဟာဗုဒ္ဓဃောသ ကျောင်းအုပ်ဆရာကြီး အဖြစ် လုပ်ကိုင်စဉ် ''ဘီအေ မောင်ဘလွင်'' ဝတ္ထုကို ရေးခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်ဟု ဆိုသည်။