အက်တမ်: တည်းဖြတ်မှု မူကွဲများ

→‎အက်တမ်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎အက်တမ်: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၃ -
အဏုမြူ၏ ဖွဲ့စည်းပုံမှာ ထိုအဏုမြူ၏ အလယ်ဗဟိုတွင် နျူကလီးယပ်ခေါ် ဝတ်ဆံ (Nucleus) ရှိပြီး ထို ဝတ်ဆံအား [[အီလက်ထရွန်]] သို့ ဓာတ်မမှုန်များက လှည့်ပါတ်နေပါသည်။ အဏုမြူ၏ အလယ်ဗဟိုတွင်ရှိသော ဝတ်ဆံထဲတွင် [[လျှပ်စစ်]]အဖိုဂုဏ်သတ္တိ ရှိသည့် [[ပရိုတွန်]] ခေါ် ဓာတ်ဖိုမှုန်နှင့် မည်သည့် လျှပ်စစ်ဂုဏ်သတ္တိမှ မဆောင်သော [[နျူထရွန်]] ခေါ် ဓာတ်မဲ့မှုန် ရှိပါသည်။ ထို့ကြောင့် အဏုမြူ ဗဟိုထု (သို့) ဝတ်ဆံသည် လျှပ်စစ်အဖို ဂုဏ်သတ္တိအား ပိုင်ဆိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဓါတ်ဖိုမှုန်နှင့် ဓါတ်မဲ့မှုန် ရှိသည့်အနက် ဓါတ်မဲ့မှုန်မှာ မည်သည့် ဂုဏ်သတ္တိမှ မပိုင်ဆိုင်သောကြောင့် အဖို ဂုဏ်သတ္တိ ရှိသော ဓါတ်ဖိုမှုန်က ကြီးစိုးသောကြောင့် ဝတ်ဆံတွင် အပေါင်း (သို့) လျှပ်စစ်အဖို ဂုဏ်သတ္တိ ရှိပါသည်။ ထို ဝတ်ဆံ အား လှည့်ပါတ်နေသော ဓါတ်မမှုန် တွင် လျှပ်စစ်အမ ဂုဏ်သတ္တိ ရှိပါသည်။ အဏုမြူ တစ်ခုလုံးအနေနှင့် မည်သည့် လျှပ်စစ် ဂုဏ်သတ္တိကို မှ မဆောင် ပါ။ အဘယ်ကြောင့် ဆိုသော် အဏုမြူ၏ အလယ်ဗဟို တွင် ရှိသောဝတ်ဆံ၏ လျှပ်စစ်ဓာတ်ဖို အရေအတွက်နှင့် ထို ဝတ်ဆံအား လှည့်ပါတ်နေသော ဓါတ်မမှုန်များ၏ လျှပ်စစ်ဓာတ်မ အရေအတွက် ညီသောကြောင့် အဖို နှင့် အမ ဓာတ်ပြုပြီး အဏုမြူအမှုန်သည် မည်သည့်လျှပ်စစ်ဂုဏ်သတ္တိမှ မရှိခြင်း ဖြစ်ပါသည်။
 
==အဏုမြူ==
==အက်တမ်==
ဤလောကကြီးအတွင်း၌ ရှိကြကုန်သော အရာဝတ္ထုဟူသမျှတို့သည် ပကတိမျက်စိဖြင့် မမြင်စွမ်းနိုင်သော အလွန်သေးငယ်သိမ်မွေ့လှသည့် မြူမှုန်တို့ဖြင့်သာ စုပေါင်းဖွဲ့ စည်းထားသည်ဟု ရှေးခေတ်အခါကပင် လူအများတို့ ယူဆလာခဲ့ကြလေသည်။ [[ဘီစီ]] ၄ဝဝ ခန့်က ဒီမော့ကရစ်တပ် အမည်ရှိသော ဂရိလူမျိုး ဒဿနိကပညာကျော်က လောကကြီးအတွင်း၌ တစ်စုံတစ်ရာ ဘာမျှမရှိသော အာကာသများနှင့် မျက်စိဖြင့် မမြင်ကောင်းသော မြူမှုန်တို့ရှိကြောင်း ပြောခဲ့လေသည်။ ထိုပညာရှိကြီးအလိုအားဖြင့် ဒြဗ်သည် ထိုမြူမှုန်တို့ စုပေါင်း၍ ဖြစ်လာရသည်ဟုဆိုသည်။