လွှတ်တော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး →‎ဖွဲ့စည်းပုံ
အရေးမကြီး →‎ဖွဲ့စည်းပုံ
စာကြောင်း ၈ -
[[ပါလီမန်ဒီမိုကရေစီစနစ်]] ကျင့်သုံးသည်ဖြစ်စေ၊ [[သမ္မတစနစ်]]ကျင့်သုံးသည်ဖြစ်စေ နိုင်ငံအတော်များများတွင် လွှတ်တော် နှစ်ရပ် ထားရှိကြသည်။
 
လူဦးရေ အချိုးအစား အလိုက် သတ်မှတ်သည့် မဲဆန္ဒနယ်မြေများမှ ရွေးကောက်သည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်ကို အောက်လွှတ်တော် ဟုခေါ်ကာ နယ်မြေဒေသ၊ ပြည်နယ်အလိုက် ရွေးကောက်ခံရသည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်ကို အထက်လွှတ်တော် ဟုခေါ်ကြသည်။ အထက်လွှတ်တော်၊ အောက်လွှတ်တော် ဟူသည့် အသုံးအနှုံးများမှာ သတ်ဆိုင်ရာ နိုင်ငံများမှ ပြဌာန်းသည့် အမည်မဟုတ်ပဲ လူအများ နားလည်စေရန် အလွယ်တကူ ခေါ်သည့် အသုံးအနှုံးများသာဖြစ်သည်။ ဥပမာအားဖြင့် [[အမေရိကန်ပြည်ထောင်စု]]၏ အထက်လွှတ်တော်ကို "ဆီးနိတ်" ဟုခေါ်ပြီး "အောက်လွှတ်တော်"ကို "ဟောက်စ် အော့ဖ် ရီပရီဆန်းတတစ်" (House of Representatives) (သို့မဟုတ်) "ဟောက်စ်" ဟုခေါ်ကြကာ လွှတ်တော် နှစ်ရပ်ပေါင်းကို "ကွန်ဂရက်" (Congress) ဟုခေါ်သည်။ [[မြန်မာနိုင်ငံ]]အတွက် ၂၀၀၈ ခုနှစ်တွင် အသစ်ပြဌာန်းလိုက်သည့် [[မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ]]အရ အောက်လွှတ်တော်ကို "[[ပြည်သူ့လွှတ်တော်]]" ဟုလည်းကောင်း၊ အထက်လွှတ်တော်ကို "[[အမျိုးသားလွှတ်တော်]]" ဟုလည်းကောင်း၊ လွှတ်တော်နှစ်ရပ်ပေါင်းကို "[[ပြည်ထောင်စုလွှတ်တော်ပြည်ထောင်စု လွှတ်တော်]]"ဟု သတ်မှတ်သည်။
 
သို့သော် လူဦးရေ နည်းပါးပြီး နယ်မြေဧရိယာ ကျဉ်းမြောင်းသည့် နိုင်ငံများနှင့် [[တစ်ပါတီစနစ်]] ကျင့်သုံးသည့် နိုင်ငံများတွင်မူ လူဦးရေ အချိုးအစား အလိုက် သတ်မှတ်သည့် မဲဆန္ဒနယ်မြေများမှ ရွေးကောက်သည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော် တစ်ရပ်တည်းသာ ရှိတတ်ကြသည်။ မြန်မာနိုင်ငံ တွင်လည်း ၁၉၈၈ မတိုင်မှီ မ.ဆ.လ ပါတီမှ အုပ်ချုပ်စဉ် ကာလက ပြည်သူ့လွှတ်တော်ဟူ၍ လွှတ်တော်တစ်ရပ်သာ ရှိခဲ့သည်။