စူဠသီဟနာဒသုတ်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် |
→၁— စူဠသီဟနာဒသုတ်: စာလုံးပေါင်း ပြင်ခဲ့သည် စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ် |
||
စာကြောင်း ၁၆ -
၁၄ဝ။ ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့က “အသျှင်တို့ သင်တို့သည် ဤသာသနာတော်၌သာလျှင် (သောတာပန်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤသာသနာတော်၌သာလျှင် ဒုတိယ (သကဒါဂါမ်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤသာသနာတော်၌သာလျှင် တတိယ (အနာဂါမ်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤသာသနာတော်၌သာလျှင် စတုတ္ထ (ရဟန္တာ) ရဟန်း ‘သမဏ’ရှိ၏၊ သာသနာ့ပြင်ပပုဂ္ဂိုလ်တို့၏ အယူဝါဒတို့သည် (သစ္စာလေးပါးကို သိသော) ရဟန်း သမဏတို့မှ ဆိတ်သုဉ်းကုန်၏” ဟု ပြောဆိုကြကုန်၏။ “အသျှင်တို့၏ အထောက်အထားကား အဘယ်နည်း၊ (အားကိုးအားထား) အကိုးအကားကား အဘယ်နည်း” ဟုပြောဆိုရာသော အကြောင်းသည် ရှိပေ၏။
ရဟန်းတို့ ဤသို့ ပြောဆိုကြကုန်သော အယူတစ်ပါးရှိသော ပရိဗိုဇ်တို့ကို “ငါ့သျှင်တို့ သိတော်မူမြင်တော်မူ၍ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာ သိတော်မူသောမြတ်စွာဘုရားက ငါတို့အား ဟောထားသော တရားလေးပါးတိုကို ငါတို့သည် မိမိကိုယ်၌ ကောင်းစွာတွေ့မြင်ကြကုန်သောကြောင့် ဤသာသနာတော်၌သာလျှင် (သောတာပန်) ရဟန်း ‘သမဏ’ရှိ၏၊ ဤသာသနာ တော်၌သာလျှင် ဒုတိယ (သကဒါဂါမ်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤသာသနာတော်၌သာလျှင်တတိယ (အနာဂါမ်) ရဟန်း ‘သမဏ’ ရှိ၏၊ ဤသာသနာတော်၌သာလျှင်စတုတ္ထ (
တရားလေးပါးတို့ဟူသည် အဘယ်တို့နည်း။
“ငါ့သျှင်တို့ ငါတို့အား ဘုရား၌ ကြည်ညိုခြင်းရှိ၏၊ တရား၌
၁၄၁။ ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့က ဤသို့ ပြောဆိုရာသော
ရဟန်းတို့ ဤသို့ ပြောဆိုကြသော အယူတစ်ပါးရှိသူ ပရိဗိုဇ်တို့ကို “ငါ့သျှင်တို့ အဆုံးသတ်ပန်းတိုင်သည် တစ်မျိုးတည်းလော၊ သို့မဟုတ် အမျိုးမျိုးလော” ဟု မေးမြန်းကြကုန်ရာ၏။
စာကြောင်း ၆၀ -
ရဟန်းတို့ အယူတစ်ပါးရှိသော ပရိဗိုဇ်တို့သည် ကောင်းစွာ ဖြေဆိုလိုကြသော် “ငါ့သျှင်တို့ ထိုအဆုံးသတ် ပန်းတိုင်သည် သံသရာချဲ့တရား၌ မမွေ့လျော်မပျော်ပိုက်သူအားသာ ဖြစ်၏၊ ထိုအဆုံးသတ်ပန်းတိုင်သည် သံသရာ ချဲ့တရား၌ မွေ့လျော်ပျော်ပိုက်သူအား မဖြစ်” ဟု ဖြေဆိုကြကုန်ရာ၏။
၁၄၂။ ရဟန်းတို့ အယူမှားသော ဒိဋ္ဌိတို့သည် ဘဝမြဲ၏ဟု ယူမှားခြင်း ‘ဘဝဒိဋ္ဌိ’၊ ဘဝပြတ်၏ဟုယူမှားခြင်း ‘ဝိဘဝဒိဋ္ဌိ’ အားဖြင့် နှစ်ပါးတို့တည်း။ ရဟန်းတို့ ဘဝဒိဋ္ဌိ၌ ကပ်ငြိ
ထိုသမဏဗြာဟ္မဏတို့သည် (ပဋိသန္ဓေတည်နေ) ဖြစ်ပွားခြင်း အိုခြင်း သေခြင်း ပူဆွေးခြင်း ငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်းတို့မှ မလွတ်မြောက်ကြကုန်၊ ဝဋ်ဆင်းရဲမှမလွတ်မြောက်ကြကုန်ဟု ငါဘုရား ဆို၏။
ရဟန်းတို့ သမဏဗြာဟ္မဏအချို့တို့သည် ဤဒိဋ္ဌိနှစ်ပါးတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ချုပ်ခြင်းကိုလည်းကောင်း၊ သာယာဖွယ်ကိုလည်းကောင်း၊ အပြစ်ကိုလည်းကောင်း၊ ထွက်မြောက်ရာကိုလည်းကောင်းဟုတ်တိုင်းမှန်စွာ သိကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် စွဲမက်ခြင်း ကင်းကြကုန်၏၊
၁၄၃။ ရဟန်းတို့ စွဲလမ်းခြင်း ‘ဥပါဒါန်’တို့သည် ဤလေးပါးတို့တည်း။ အဘယ်လေးပါးတို့နည်းဟူမူ— ကာမ၌ စွဲလမ်းခြင်း ‘ကာမုပါဒါန်’၊ အယူမှား၌ စွဲလမ်းခြင်း ‘ဒိဋ္ဌုပါဒါန်’၊ အလေ့အကျင့်၌စွဲလမ်းခြင်း ‘သီလဗ္ဗတုပါဒါန်’၊ အတ္တဟု စွဲလမ်းခြင်း ‘အတ္တဝါဒုပါဒါန်’တို့တည်း။
စာကြောင်း ၇၂ -
ရဟန်းတို့ ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကို ပြောဆို၏ဟု ဝန်ခံကြသည့် သမဏဗြာဟ္မဏအချို့တို့သည် ရှိကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကို ကောင်းစွာမပညတ်ကြကုန်၊ ကာမုပါဒါန်နှင့် ဒိဋ္ဌုပါဒါန် လွန်မြောက်ခြင်းမျှကိုသာ ပညတ်ကြ၍ သီလဗ္ဗတုပါဒါန်နှင့်အတ္တဝါဒုပါဒါန် လွန်မြောက်ခြင်းကိုကား မပညတ်ကြကုန်။ ထိုသို့ မပညတ်ခြင်းသည် အဘယ့်ကြောင့်နည်း၊ ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ဤအကြောင်းနှစ်ပါးတို့ကိုဟုတ်တိုင်းမှန်စွာ မသိကြကုန်၊ ထို့ကြောင့်ထိုအသျှင်သမဏဗြာဟ္မဏတို့သည် ဥပါဒါန် အားလုံး လွန်မြောက်ခြင်းကို ပြောဆို၏ဟု ဝန်ခံကြကုန်လျက်ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကို ကောင်းစွာ မပညတ်ကြကုန်၊ ကာမုပါဒါန်နှင့် ဒိဋ္ဌုပါဒါန် လွန်မြောက်ခြင်းမျှကိုသာ ပညတ်ကြ၍ သီလဗ္ဗတုပါဒါန်နှင့် အတ္တဝါဒုပါဒါန် လွန်မြောက်ခြင်းကိုကား မပညတ်ကြကုန်။
ရဟန်းတို့ ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကို ပြောဆို၏ဟု ဝန်ခံကြသည့် သမဏဗြာဟ္မဏအချို့တို့သည် ရှိကြကုန်၏၊ ထိုသမဏဗြာဟ္မဏတို့သည် ဥပါဒါန်အားလုံး လွန်မြောက်ခြင်းကို ကောင်းစွာမပညတ်ကြကုန်၊ ကာမုပါဒါန် ဒိဋ္ဌုပါဒါန် သီလဗ္ဗတုပါဒါန် လွန်မြောက်ခြင်းမျှကိုသာ ပညတ်ကြကုန်၏၊ အတ္တဝါဒုပါဒါန် လွန်မြောက်ခြင်းကိုကား မပညတ်ကြကုန်။ ထိုသို့
ရဟန်းတို့ ဤသို့သဘောရှိသော ဓမ္မဝိနယ ‘သာသနာတော်’ ၌ (မိမိတို့) ဆရာ၌ ကြည်ညိုခြင်းကိုကောင်းမြတ်၏ဟု မဆိုရ၊ တရား၌ ကြည်ညိုခြင်းကို ကောင်းမြတ်၏ဟု မဆိုရ၊ အကျင့်သီလတို့၌ ဖြည့်ကျင့်မှု ပြုလေ့ရှိခြင်းကို ကောင်းမြတ်၏ဟု မဆိုရ၊ သီတင်းသုံးဖော်တို့၌ ချစ်နှစ်သက်ခြင်းကို ကောင်းမြတ်၏ဟု မဆိုရ။ ထိုသို့ ကောင်းမြတ်၏ဟု မဆိုရခြင်းသည် အဘယ်ကြောင့်နည်း၊ ရဟန်းတို့ မကောင်း့သဖြင့် ပြောဆိုဟောကြား ထား၍ ဝဋ်မှ ထွက်မြောက်ကြောင်းမဟုတ်သော၊ ငြိမ်းအေးခြင်းကို မဖြစ်စေတတ်သော၊ ဘုရားစစ်မဟုတ်သူတို့ ဟောကြားထားသည့် ဓမ္မဝိနယ၌ ဖြစ်မြဲဓမ္မတာအတိုင်းသာဖြစ်ရသော ကြောင့်တည်း။
၁၄၄။ ရဟန်းတို့ ပူဇော်အထူးကို ခံတော်မူထိုက်သော (တရားအားလုံးကို) ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားသည် ဥပါဒါန်တရားအားလုံး လွန်မြောက်ခြင်းကို ပြောဆို၏ဟု ဝန်ခံလျက်ဥပါဒါန်တရားအားလုံး လွန်မြောက်ခြင်းကို ကောင်းစွာ ပညတ်တော်မူ၏၊ ကာမုပါဒါန် လွန်မြောက်ခြင်းကိုပညတ်တော်မူ၏၊ ဒိဋ္ဌုပါဒါန် လွန်မြောက်ခြင်းကို ပညတ်တော်မူ၏၊ သီလဗ္ဗတုပါဒါန်
၁၄၅။ ရဟန်းတို့ ဤဥပါဒါန်လေးပါးတို့သည် အဘယ်အကြောင်းရင်းရှိသနည်း၊ အဘယ်ဖြစ်ကြောင်းရှိသနည်း၊ အဘယ်ဇာစ်မြစ်ရှိသနည်း၊ အဘယ်အမွန်အစရှိသနည်း။
စာကြောင်း ၁၀၀ -
ရဟန်းတို့ ဤနာမ်ရုပ်သည်လည်း အဘယ်အကြောင်းရင်း ရှိသနည်း၊ အဘယ်ဖြစ်ကြောင်း ရှိ သနည်း၊ အဘယ်ဇာစ်မြစ်ရှိသနည်း၊ အဘယ်အမွန်အစရှိသနည်း။
နာမ်ရုပ်သည် ဝိညာဏ်အကြောင်းရင်း ရှိ၏၊ ဝိညာဏ်ဖြစ်ကြောင်း ရှိ၏၊ ဝိညာဏ်ဇာစ်မြစ် ရှိ၏၊
ရဟန်းတို့ ဤဝိညာဏ်သည်လည်း အဘယ်အကြောင်းရင်းရှိသနည်း၊ အဘယ်ဖြစ်ကြောင်းရှိသ နည်း၊ အဘယ်ဇာစ်မြစ်ရှိသနည်း၊ အဘယ်အမွန်အစရှိသနည်း။
|