ရိယောဇန်းဗောဓိသတ္တရုပ်ပွားတော်: တည်းဖြတ်မှု မူကွဲများ

"'''ရိယောဇန်းဗောဓိသတ္တရုပ်ပွားတော်''' သည် တိုကျိုမြို့အရှေ့ပိုင်းတွင် တည်ရှိပြီး ပစိဖိတ်စစ်ပွဲတွင် ဆုံးပါးခဲ့ရသူများအတွက် ရ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၅:၀၁၊ ၂၆ ဇူလိုင် ၂၀၂၁ ရက်နေ့က မူ

ရိယောဇန်းဗောဓိသတ္တရုပ်ပွားတော် သည် တိုကျိုမြို့အရှေ့ပိုင်းတွင် တည်ရှိပြီး ပစိဖိတ်စစ်ပွဲတွင် ဆုံးပါးခဲ့ရသူများအတွက် ရည်စူးကာ အမှတ်တရပြုလုပ်ထားသည့် ဘုရားဖြစ်သည်။ ကွန်ကရစ်နှင့် စတီးဖြင့် ထုလုပ်ထားသည့် ရုပ်ပွားတော်သည် ဗောဓိသတ္တ Avalokiteśvara ၏ ရုပ်ပွားတော်ဖြစ်သည်။ ၎င်းကို Teisan Kanko Bus Co.,Ltd ၏ တည်ထောင်သူဖြစ်သည့် ဟိရိုဆုခဲ အိရှိခဝ က ဆောက်လုပ်ခဲ့သည်။ ၎င်းကို ၁၉၅၅ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ရုပ်ပွားတော်သည် ၂၄ မီတာ (၈၀ ပေ) မြင့်ပြီး အလေးချိန်သည် တန် ၅၀၀ ခန့် ရှိသည်။

ရုပ်ပွားတော်၏ အောက်ခြေတွင် ဗောဓိသတ္တတစ်ပါးဖြစ်သည့် Ekādaśamukha ၏ ရုပ်ပုံတော်တစ်ခု၊ မိုးကြိုးနှင့် လေ နတ်ဘုရားတို့၏ ရုပ်ပုံများ ပါဝင်ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းသေဆုံးခဲ့ရသည့် ဂျပန်လူမျိုး ၂ သန်း၏ အမှတ်တရကျောက်ပြားများလည်း တည်ရှိသည်။ တစ်ရက်လျှင်လေးကြိမ်ကျ ၎င်းတို့အတွက် အမှတ်တရအောက်မေ့ဖွယ်များ ပြုလုပ်ကြသည်။ ထို့အပြင် ဒုတိယကမ္ဘာစစ်အတွင်း၌ သေဆုံးခဲ့ရသည့် အမည်မသိရှိရသည့် စစ်သားများအတွက် အမှတ်တရခန်းမတွင် အောက်မေ့ဖွယ်ရာနေရာတစ်ခုလည်း တည်ရှိသည်။

ကိုးကား