မာ့ခ် ဇက်ကာဘာ့ဂ်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8
စာကြောင်း ၂၇ -
ဇက်ကာဘာ့ဂ် အထက်တန်းကျောင်းသားဘဝတွင် ရူပဗေဒ၊ သင်္ချာစသည့် သိပ္ပံဘာသာရပ်များတွင်သာမက နိုင်ငံခြား ဘာသာရပ်များတွင်ပါ ထူးချွန်ပြောင် မြောက်သည်။ တက္ကသိုလ်ဝင်တန်း လျှောက်လွှာတွင် သူသည် အင်္ဂလိပ်အပြင် ပြင်သစ်၊ ဟီဘရူး၊ လက်တင်နှင့် ရှေးဂရိ ဘာသာများကို ရေးနိုင်ဖတ်နိုင်ကြောင်း ရေးဖြည့်ခဲ့သည်ဟု ဆိုသည်။ ကောလိပ်တွင် သူသည် ရှေးဟောင်း ကဗျာလင်္ကာများကို ကိုးကား ကောက်နုတ်တတ်လေ့ရှိကြောင်း လူသိများသည်။
 
မာ့ခ် ဇက်ကာဘာ့ဂ်သည် ပရစ်စီလာ ချန် (Priscilla Chan) တို့သည် မာ့ခ် တက္ကသိုလ် ဒုတိယနှစ်အတွင်း ကျောင်းသားအသင်းမှ ကျင်းပသည့် ပါတီပွဲတစ်ခု၌ တွေ့ဆုံခဲ့ပြီး ၂၀၀၃ ခုနှစ်မှစ၍ ချစ်သူများ ဖြစ်ခဲ့ကြသည်။ ၂၀၁၀ ခုနှစ် စက်တင်ဘာလတွင် ဇက်ကာဘာ့ဂ်သည် ဆေးကျောင်းသူ ပရစ်စီလာ ချန်အား သူ ပါလို အယ်လ်တို (Palo Alto) ၌ ငှားရန်းထားသည့် အိမ်တွင် အတူနေထိုင်ရန် ကမ်းလှမ်းခဲ့သည်။<ref name="NEWYORKER2010"/> ဇက်ကာဘာ့ဂ်သည် တရုတ်ဘာသာကို နေ့စဉ်သင်ယူခဲ့ပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် ၎င်းတို့ နှစ်ဦးသည် [[တရုတ်ပြည်]]သို့ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း တရုတ်ပြည်၌ ဖေ့စ်ဘွတ်ခ် အပိတ်ဆို့ခံရမှု ပြဿနာကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းခဲ့သည်။<ref>{{cite news|url = http://www.ecommercetimes.com/story/Zuckerberg-Goes-Searching-in-China-71499.html?wlc=1292882576|title = Zuckerberg Goes Searching in China|first = Rob|last = Spiegel|date = December 20, 2010}}</ref><ref>{{cite web|work=ChineseTime.cn|url=http://www.chinesetime.cn/learn/chinese/forum/tabid/119/forumid/-1/postid/4618/scope/posts/language/en-US/Default.aspx|title=Facebook founder Mark Zuckerberg learn chinese every morning|date=September 29, 2010|accessdate=1 February 2011|archivedate=24 November 2010|archiveurl=https://web.archive.org/web/20101124032855/http://www.chinesetime.cn/learn/chinese/forum/tabid/119/forumid/-1/postid/4618/scope/posts/language/en-US/Default.aspx}}</ref>
 
သူ၏ facebook စာမျက်နှာတွင် သူသည် လူအများ၏ ဆက်သွယ်ရေး အချက်အလက်များ စီးဆင်းမှုကို ကူညီရန် စိတ်ဝင်စားကြောင်း ရေးသားဖော်ပြထားသည်။ မာ့ခ်ဇက်ကာဘာ့ခ်သည် colour blind တစ်ဦးဖြစ်ပြီး အပြာရောင်ကို သာ‌ သေချာခွဲခြားနိုင်သောကြောင့် facebook ၌ အများဆုံး အသုံးပြုထားသော အရောင်မှာ အပြာရောင်ဖြစ်နေချင်းဖြစ်သည်။