တောင်ကြီးမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁၂၇ -
}}'''တောင်ကြီးမြို့''' ({{lang-shn|ဝဵင်းတူၼ်ႈတီး}}; {{Lang-blk|ဝေင်ꩻတောင်ႏကီꩻ}}) သည် မြန်မာနိုင်ငံ၊ [[ရှမ်းပြည်နယ်]]၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည်။ တောင်ကြီးမြို့နယ်တွင် လူဦးရေ ၄သိန်းခွဲခန့်ရှိသည်။ တောင်ကြီးမြို့သည် ရှမ်းပြည်နယ် ရုံးစိုက်ရာမြို့ ဖြစ်သော်လည်း နေထိုင်သည့် လူဦးရေအများစုမှာ [[ရှမ်းလူမျိုး|ရှမ်းတိုင်းရင်းသား]]များ၊ [[အင်းသားလူမျိုး|အင်းသား]]နှင့် [[ပအိုဝ်းလူမျိုး]]များ အများအပြားလည်း နေထိုင်ကြသည်။
 
သက္ကရာဇ်မြန်မာသက္ကရာဇ် ၁၂၀ဝခန့်က တည်ရှိနေသော ပအိုဝ်းရွာ "ဒုံတောင်ကျည်း" ({{Lang-blk|ဒုံတောင်ႏတီ}}) ရွာရှိသည်။ ရေကန်(၄) ကန် နှင့် အင်းကြီး(၁) အင်း ရှိသည်။ အင်္ဂလိပ်အစိုးရ မိုင်းသောက်တွင် ရုံးစိုက်ရာမှ အသွားအလာ၊ ကျန်းမာရေး ကိစ္စများကြောင့် မြို့သစ်တည်ရန်အတွက် တောင်ကြီးရွာကို ရွေးချယ်ခဲ့သည်။ မြန်မာသက္ကရာဇ် (၁၂၅၃)ခု၊ ခရစ်နှစ်(၁၈၉ဝ)တွင် တောင်ကြီးမြို့အဖြစ် တည်ထောင်ခဲ့သည်။ ပင်လယ်ရေပြင်အမြင့် (၄၇၁၂)ပေ -တောင်ကြီးမြို့တောင်ချွန်းအထိ ပင်လယ်ရေပြင်အမြင့်ပေ (၅၆၀၀) ကျော်ရှိသည်။ အရှေ့ဘက်တွင် ဟိုပုံးမြို့၊ အနောက်ဖက်တွင် ညောင်ရွှေမြို့၊ တောင်ဘက်တွင် ဆီဆိုင်မြို့၊ မြောက်ဘက်တွင် ရပ်စောက်မြို့တို့ဖြင့် ဝန်းရံလျှက်တည်ရှိသည်။ တောင်ကြီး မြို့တွင် ဗမာ၊ပအိုဝ်း၊ပလောင်၊ရှမ်း၊အင်းသား၊ဓနု၊တောင်ရိုး အစရှိသည့် တိုင်းရင်းသား များစွာ စုစည်းနေထိုင်ကြသည်။
 
== တောင်ကြီးမြို့သမိုင်း ==
ဗြိတိသျှကိုလိုနီခေတ်မတိုင်မီ တောင်ကြီးသည် တဲအိမ်အနည်းငယ်သာရှိသည့် ရွာငယ်လေး တစ်ရွာဖြစ်သည်။ ထိုအချိန်တွင် ပအိုဝ်းလူမျိုးများ နေထိုင်ကြသည်။ ဗြိတိသျှကိုလိုနီခေတ်ရောက်သည့်အခါ တောင်ကြီးမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၏ ရုံးစိုက်ရာမြို့ ဖြစ်လာသည်။ ခရစ်နှစ် ၁၈၉၄ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် ပထဝီအနေအထားနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရင်းများကြောင့် ၎င်းတို့၏ ရုံးကန်ကနားများအား အင်းလေးကန် အရှေ့ဘက်ကမ်းရှိ မိုင်းသောက်မြို့မှ တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့ချိန်မှ စတင်ကာ တောင်ကြီးမြို့ ပြောင်းလဲတိုးတက်လာသည်။ တောင်ကြီးမြို့မှာ ကျယ်ပြန့်‌သော ‌တောင်ကမ်းပါးယံရှိ ကုန်းပြင်မြင့်‌ပေါ်တွင် တည်ရှိရာ မြို့၏အ‌ရှေ့ဘက်စွန်းမှ အထက်ဆီသို့ အုပ်မိုး‌နေအောင် မတ်‌စောက်‌နေ‌သော ‌တောင်ကြီးကိုအစွဲပြု၍ ‌တောင်ကြီးမြို့ဟု ‌ခေါ်‌လေသည်။ ‌တောင်ထိပ်တွင် ‌စေတီ‌တော်တစ်ဆူနှင့် ထူးခြားစွာ စွန်းထွက်‌နေ‌သော ‌ကျောက်‌ဆောင် ‌ကျောက်တုံးကြီး များရှိ‌သော‌ကြောင့် မြို့သူမြို့သားများသည် ထို‌တောင်ထိပ်သို့ မကြာမကြာ သွား‌ရောက်လည်ပတ်ကြသည်။ မြို့ကို တပ်‌မြေ ဌာနကဲ့သို့ စံနစ်တကျ တည်‌ဆောက်၍ လမ်းမကြီး လမ်းငယ် အသွယ်သွယ် ‌ဖောက်လုပ်ထားသည်။ မြို့အတွက် ‌ရေကို မြို့‌တောင်ဘက်စွန်းမှ စီးဆင်းလာ‌သော ‌ချောင်းငယ်မှယူသဖြင့် သန့်ရှင်း‌သော‌ရေကိုရသည်။ အ‌နောက်စွန်းရှိ ‌တောင်ကုန်းငယ် တွင် ဘုရားတန်‌ဆောင်းများရှိသည်။ သာစည် ‌ရွှေ‌ညောင်သွား မီးရထားလမ်းဆုံမြို့ဖြစ်‌သော ‌ရွှေ‌ညောင်မြို့နှင့် ‌တောင်ကြီးမြို့ သည် ကားလမ်းအားဖြင့် ၁၂ မိုင်‌ဝေး၍၊ ‌ခြေလျင်လမ်းအားဖြင့် ၅ မိုင်မျှသာ‌ဝေးသည်။ သာစည်မြို့မှာမူ ‌တောင်ကြီးမြို့မှ ၁၀၃ မိုင်‌ဝေးသည်။
 
ခရစ်နှစ် ၁၉၀၆ ခုနှစ်တွင် အိမ်ခြေပေါင်း ၁၀⁠၀၀ ခန့်ရှိခဲ့သည်။ ခရစ်နှစ် ၁၉၀၀ ပြည့်နှစ်ဦးပိုင်းများတွင် ရှမ်းပြည်နယ်အတွင်း နယ်မြေ မငြိမ်သက်မှုများကြောင့် တောင်ကြီးမြို့သည် ဗြိတိသျှတပ်ဖွဲ့များ၏ အဓိကစခန်းဖြစ်ခဲ့သည်။ တောင်ကြီးမြို့သည်လည်း ရှမ်းပြည်နယ်၏ ရိက္ခာပံ့ပိုးရာ အချက်အချာ ဖြစ်ခဲ့သည်။ ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂) ပေ မြင့်သော ရှမ်းပြည်တောင်ပိုင်း ရှမ်းရိုးမ တောင်ပေါ်တွင်တည်ရှိပါသည်။ မြန်မာ သဣရာဇ် (၁၂၀၀)ခန့်က နောင်တွင် တောင်ကြီးဟု သမုတ်မည့်နေရာ၌ ပအိုဝ်းရွာလေး တစ်ရွာ ရှိခဲ့သည်။ ထိုရွာ၏ အမည်မှာ ``ဒုံတောင်တီ´´ဟု အမည် ရသည်။ တောင်တီကို ရှမ်းအမည်ဖြင့် ``တွမ်တီး´´ ဟုခေါ်သည်။ တည်ပင်(ဝါ) ကတည်ပင် ပေါက်ရာရွာဟု ဆိုလိုသည်။ ထိုရွာနှင့် အနီးတဝိုက်တွင်ပင်လုံရွာ၊ ရှမ်းရွာ၊ မိန်မြိန်ရွာနှင့် ဝါးပြားရွာ များသာ ရှိပေသည်။