Class(ကွန်ပျူတာ): တည်းဖြတ်မှု မူကွဲများ

→‎top: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
→‎ထုပ်ပိုးထားနိုင်ခြင်း (Encapsulation): စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၉ -
အထက်ဖော်ပြပါအတိုင်း ကလပ်စ်တစ်ခုတွင် [[အင်းစတန်စ်]]က ပိုင်ဆိုင်သင့်သော၊ တနည်း လုပ်ဆောင်နိုင်စွမ်းရှိသော အချက်အလက်များနှင့် လုပ်ဆောင်ချက်များကို ရေးသားသက်မှတ်ထား၏။ ဤကဲ့သို့ [[အချက်အလက်]]များနှင့် [[လုပ်ဆောင်ချက်]]များကို တနေရာစီတွင်ရေးသားထားခြင်းမဟုတ်ပဲ ကလပ်စ်တစ်ခုအနေဖြင့် စုစည်းရေးသားထားခြင်း အားဖြင့် အချက်အလက်များ၏ ပတ်သက်မှု့နှင့် အင်းစတန်စ်၏ တာဝန်ကို ပြတ်သားစွာသတ်မှတ်ပေးနိုင်ပါသည်။ ဤကဲ့သို့ စုစည်းထားခြင်းကို ထုပ်ပိုးထားနိုင်ခြင်း (Encapsulation)ဟုခေါ်ဆိုပါသည်။
 
ကလပ်စ်ကို အခြေခံသော ပရိုဂရမ်မင်းဘာသာရပ် အတော်များများတွင် ကလပ်စ်၏ အချက်အလက်များနှင့် လုပ်ဆောင်ချက်များ၏ အသုံးပြုနိုင်ခွင့်များကို ခွဲခြား သက်မှတ် ထားလေ့ရှိ၏။ ဤသို့ပြုလုပ်ထားခြင်းအားဖြင့် ကလပ်စ်၏ ပိုင်ဆိုင်မှု့များကို ပြင်ပဖက်မှ ဆက်သွယ်အသုံးပြုခြင်းမရှိစေရန်၊ ပြုပြင်ပြောင်းလည်းပစ်ခြင်း မရှိစေရန် တားမြစ်ပေးနိုင်၏။ တဖန် ပြင်ပမှအသုံးပြုနိုင်ခွင့်ကို ပိတ်ပင်ထားသော အချက်အလက်များနှင့် လုပ်ဆောင်ချက်များ၏ အတွင်းပိုင်းကို ပြင်ပမှနေ၍ မြင်နိုင်စွမ်းမရှိပါ။ ထို့ကြောင့် အတွင်းပိုင်းတွင် ပြုပြင်ပြောင်းလည်းမှု့များကိုပြုပြင်ပြောင်းလဲမှု့များကို ပြုလုပ်သော်လည်း ပြင်ပဆီသို့ အကျိုးသက်ရောက်မှု့ မရှိနိုင်ပါ။ ဤကဲ့သို့ပြုလုပ်ခြင်းကို [[ဖုံးကွယ်ခြင်း (Programming)|ဖုံးကွယ်ခြင်း]]ဟု ခေါ်ဆိုပါသည်။
 
ပရိုဂရမ်မင်းဘာသာရပ် အတော်များများတွင် အချက်အလက်နှင့် လုပ်ဆောင်ချက်များ၏ သက်မှတ်ချက်တွင်၊ အသုံးပြုနိုင်ခွင့်ကိုပါ တပြိုင်နက်တည်း ရေးသားလေ့ရှိပါသဖြင့် ထုပ်ပိုးထားနိုင်ခြင်း နှင့် ဖုန်းကွယ်ခြင်းကို အတူတူဟု အထင်မှားလေ့ရှိကြ၏။