ပူရဏ်ကျမ်း: တည်းဖြတ်မှု မူကွဲများ

typo fix
အရေးမကြီးNo edit summary
စာကြောင်း ၁ -
'''ပူရဏ်ကျမ်း''' သို့မဟုတ် '''ပူရဏ''' ({{lang-sa|पुराण}} ) သည် ရှေးစာဟောင်းတို့ကို ဆိုခြင်းတည်း။ <ref>Merriam-Webster's Encyclopedia of Literature (1995 Edition), Article on Puranas, <nowiki>ISBN 0-877790426</nowiki>, page 915</ref> အထူးအားဖြင့် ဒဏ္ဍာရီများ၊ ထုံးဟောင်းပုံဟောင်းများကို ဖေါ်ပြထားသော စာမျိုးကို ခေါ်သည်။ <ref>Greg Bailey (2001), Encyclopedia of Asian Philosophy (Editor: Oliver Leaman), Routledge, <nowiki>ISBN 978-0415172813</nowiki>, pages 437-439</ref> [[အိန္ဒိယနိုင်ငံ|အိန္ဒိယ]]၌ ပူရဏ်ကျမ်းတို့ကို [[သင်္သကရိုက်ဘာသာစကား|သင်္သကရိုက်]]၊ တမီးဘာသာစကားများဖြင့် ရေးထားလေ့ရှိပြီး [[မြန်မာနိုင်ငံ|မြန်မာ]]တွင်မူ သင်္သကရိုက်ဖြင့်သာ အတွေ့များ၏။ <ref>Verma, Rajeev (2009). ''Faith & Philosophy of Hinduism''. Gyan Publishing House. ISBN <bdi>978-81-7835-718-8</bdi>.</ref><ref>John Cort (1993), Purana Perennis: Reciprocity and Transformation in Hindu and Jaina Texts (Editor: Wendy Doniger), State University of New York Press, <nowiki>ISBN 978-0791413821</nowiki>, pages 185-204</ref><ref>Gregory Bailey (2003), The Study of Hinduism (Editor: Arvind Sharma), The University of South Carolina Press, <nowiki>ISBN 978-1570034497</nowiki>, page 139</ref>
 
အိန္ဒိယ၌ ထိုစာများတွင် ဟိန္ဒူဘုရားများဖြစ်သည့် [[ဗိဿနိုးနတ်|ဗိဿနိုး]]၊ [[သိဝ|သီဝ]]၊ [[ဗြဟ္မာ|ဗြဟ္မဏ]]၊ ရတီတို့အကြောင်းကို[[သူရဿတီ]]တို့အကြောင်းကို ယင်းစာများ၌ အများဆုံးတွေ့ရသည်။ <ref>Ludo Rocher (1986), The Puranas, Otto Harrassowitz Verlag, <nowiki>ISBN 978-3447025225</nowiki>, p.16, 12-21</ref><ref>Nair, Shantha N. (2008). ''[https://books.google.com/books?id=ekehXVP3W8wC&pg=PA266 Echoes of Ancient Indian Wisdom: The Universal Hindu Vision and Its Edifice]''. Hindology Books. p. 266. ISBN <bdi>978-81-223-1020-7</bdi>.</ref> ပူရဏ်စာပေကို [[ဟိန္ဒူဘာသာ]]အတွက်ရော [[ဂျိန်းဘာသာ]]အတွက်ပါ တွေ့ရ၏။
 
ပူရဏ်စာပေသည် အကြောင်းစုံပေါင်းခြုံသည့်စာမျိုး ဖြစ်သည်။ စာတစောင်တွင်ပင် စကြဝဠာဖြစ်ပုံပျက်ပုံ၊ နေလနက္ခတ်တို့ တည်လာပုံ၊ နတ်များ နဂါးများမှသည် ဘုရင်တို့အကြောင်း၊ စာပေအကြောင်း၊ ဆေးပညာ၊ ဟာသ၊ အချစ်ဇာတ်လမ်းတို့ပင် ရောနေတတ်၏။ စာအုပ်လာအကြောင်းအရာသည်လည်း မငြိမ်။ ကျမ်းတစောင်ကို ကူးပြီးပါက ဖြည့်စွက်ပယ်နှုတ်သည်များ ရှိ၏။ ဟိန္ဒူ မဟာပူရဏကို ခရစ်သျှနဝိရာဇရေးသည် ဆိုသော်လည်း ကြားရာစုနှစ်များအတွင်း အခြားသူတို့ ဖြည့်ခြင်းနှုတ်ခြင်းလုပ်ခဲ့ကြောင်း ပညာရှင်အများက ယုံကြည်ကြသည်။ ထူးသည်မှာ (ဂျိန်း) ဇိနပူရဏအများစုတွင် စာရေးသူရော ရေးသည့်နှစ်ပါ ထည့်သွင်းဖေါ်ပြထားတတ်သည်။