အင်းစိန်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၉ -
 
== အမည်နာမ ==
မွန်လူမျိုးတို့က အင်းစိန်-ဟူသေယအမည်မှာ ({{lang-mnw|အၚ်စိၚ်}}) မှဆင်းသက်သည်ဟုဆိုသည်။ အၚ် = အင်းအိုင်၊ စိၚ် = ဆင်၊ ထို့ကြောင့် ဆင်အင်းဟု အဓိပ္ပါယ်ရသည်။ ဆင်တွေနေထိုင်ကျက်စားသည့် အင်းဟု ဆိုလိုသည်။ အင်းစိန်ဟူသော အမည်သည် အင်္ဂလိပ်ဝေါဟာရ Insaneကို မြန်မာတို့ မပီစွာဖြင့်မပီသစွာဖြင့် ခေါ်ဆိုခြင်းမှ ဖြစ်လာဟုလည်း ဆိုသည်။ ကိုလိုနီခေတ်ဦးက စိတ်ဝေဒနာရှင်များအတွက် အင်းစိန် အရပ်၌ ဆေးရုံဆောက်ပေးပြီး Insaneအရပ်ဟု ခေါ်ဆိုသည်။ ထိုစဥ်က မြို့နယ်အဆင့်အဖြစ် မသတ်မှတ်ရသေးပေ။
 
အင်းစိန်မြို့နယ်အတွင်းတွင် နေရာဒေသများကို ကုန်းအနေဖြင့် ခေါ်ဆိုလေ့ ရှိကြသည်။ ထင်ရှားသော ကုန်းကြီး ၁၀ ခုမှာ (ဒညင်းကုန်း၊ ဘိုကုန်း၊ တောင်သူကုန်း၊ ရှမ်းကုန်း၊ ဈေးကုန်း၊ ဇီးအုံ့ကုန်း၊ ပိန္နဲကုန်း ၊ နံ့သာကုန်း၊စော်ဘွားကြီးကုန်း နှင့် ကြို့ကုန်း)တို့ ဖြစ်သည်။ ကုန်းအမည်ဖြင့် ထည့်သွင်း ခေါ်ဆိုမထားသော ရွာမအရှေ့၊ ရွာမအနောက်၊ အောင်ဆန်းနှင့် ဖော့ကန်စသည့် ရပ်ကွက် အမည်များလည်း ရှိသည်။