ဆူဟာတို: တည်းဖြတ်မှု မူကွဲများ

"ဆူဟာတို (Suharto) ကို ၁..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
အရေးမကြီး add pic and wikilink
စာကြောင်း ၁ -
[[File:President Suharto, 1993.jpg|thumb|250px|]]
'''ဆူဟာတို''' (Suharto) ကို ၁၉၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင်မွေးဖွားသည်။ အင်ဒိုနီးရှားနိုင်ငံ၏ စစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင် တစ်ဦးအနေဖြင့်ထင်ရှားသည်။ သူသည် အင်ဒိုနီးရှားအမျိုးသားတော်လှန်ရေးတပ်မတော်တွင် စစ်ခေါင်းဆောင်တစ်ဦးအနေဖြင့် တာဝန် ထမ်းဆောင်ခဲ့သော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယမြောက် သမ္မတတစ်ဦးအနေဖြင့်သာ လူသိများခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသမ္မတတစ်ဦး အနေဖြင့် ၁၉၆၇ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ကျော်ကြာအုပ်ချုပ်သွားသောကြောင့် သက်တန်းရှည်သမ္မတတစ်ဦးအနေဖြင့်လည်း လူသိများသည်။
 
အင်ဒိုနီးရှားနိုင်ငံ၏ပထမဦးဆုံးသမ္မတသည် ဆူကာနို (Sukarno) ဖြစ်သည်။ ဆူဟာတိုသည် ဆူကာနိုထံမှ အာဏာကို တပ်အင်အား၊ နိုင်ငံရေးလှည့်ကွက်များဖြင့် သိမ်းယူလိုက်ခြင်းဖြစ်သည်ဟုဆိုကြသည်။ ဆူဟာတိုသည် နိုင်ငံတော်ကို နှစ်ပေါင်း ၃၀ ကျော်ကြာ အုပ်ချုပ်သည့် ကာလအတွင်း အစိုးရစနစ်အသစ်တစ်ခုကို တီထွင်အုပ်ချုပ်သွားခဲ့သည်။ ထိုစနစ်ကို New Order (Orde Baru) ဟုခေါ်သည်။ New Order ဆိုသည်မှာ စစ်တပ်ဗဟိုပြုအစိုးရစနစ်မျိုးဖြစ်ပြီး စစ်အေးခေတ်ကာလအတွင်း နိုင်ငံတော်တည်ငြိမ်ရေးနှင့် ကွန်မြူနစ်ရန်ကာကွယ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမေရိကန်နိုင်ငံအပါအဝင် အနောက်နိုင်ငံများနှင့် သံတမန်ရေးအရ အဆင်ပြေစွာဆက်ဆံပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကိုဆောင်ရွက်သည့်စနစ်မျိုးဖြစ်သည်။ ဆူဟာတို အုပ်ချုပ်သည့် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ သူအုပ်ချုပ်သည့်ကာလအတွင်း နိုင်ငံရေးအရ အင်ဒိုနီးရှားကွန်မြူနစ်များနှင့် တရုတ်-အင်ဒို အနွယ်ပေါင်းများစွာကို သုတ်သင်ဖယ်ရှားခဲ့ရသည်ဟုလည်းဆိုသည်။ ကွန်မြူနစ်ပါတီကို တရားမဝင်ပါတီအဖြစ်ကြေညာခဲ့ပြီး အမြစ်ဖြုတ် ခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံကို သူအုပ်ချုပ်နေစဉ်ကာလအတွင်း ၁၉၇၅ ခုနှစ်တွင် အရှေ့တီမောနိုင်ငံအတွင်းဝင်ရောက်ကာ ဆူပူမှုများ ကိုနှိမ်နင်း ခဲ့သဖြင့် လူပေါင်း ၂ သိန်းကျော်သေဆုံးခဲ့ရသောကြောင့် နာမည်ပျက်ခဲ့ရသည်။
Line ၉ ⟶ ၁၀:
ဂျာဗားနွယ်များကဲ့သို့ ဆူဟာတိုသည် နာမည်တစ်မျိုးတည်းရှိသူဖြစ်သည်။ ဘာသာရေးအရ ဟာဂျီမိုဟာမက်ဆူဟာတို ဟူ၍ခေါ်ကြသည် မှလွဲပြီး အခြားအမည်မရှိပေ။ အင်္ဂလိပ်စာလုံးပေါင်း Suharto ဆိုပြီး ၁၉၄၇ ခုနှစ်လောက်ကတည်းက သုံးစွဲလာကြသည်။ သို့သော်ယခင်က စာလုံးပေါင်း Soeharto ကို နောက်ပိုင်းတွင်သုံးစွဲမှုနည်းသည်။
 
== ဒုက္ခပင်လယ်ဝေခဲ့ရသည့်ကလေးဘဝ ==
 
ဆူဟာတိုကို အင်ဒိုနီးရှားနိုင်ငံအား ဒတ်ချ်တို့ကိုလိုနီအဖြစ် အုပ်ချုပ်ချိန်တွင် မွေးဖွားခဲ့သည်။ Godean ဆိုသည့် ရွာကြီးတစ်ရွာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Kemusuk ရွာငယ်လေးတစ်ခုတွင်မွေးဖွားခဲ့သည်။ ထိုရွာသည် ဂျာဗားကျွန်းစုအလယ်ပိုင်း Yogyakarta မှ အနောက်ဘက် ၁၅ ကီလိုမီတာခန့်ကွာဝေးသည်။ ကလေးဘဝကို လွန်စွာပင်ပန်းဆင်းရဲစွာဖြင့် ဖြတ်သန်းခဲ့ရပြီး ဒတ်ချ်စစ်ကျောင်းသို့ တက်ခွင့် ရခဲ့သည်။ ဆူဟာတိုသည် စစ်သားဘဝတွင် အစိုးရအမျိုးမျိုးကိုသစ္စာခံခဲ့သူဖြစ်သည်။ ဒတ်ချ်တို့စိုးမိုးချိန်၊ ဂျပန်တို့သိမ်းပိုက်ချိန်မှသည် အင်ဒိုနီးရှားအမျိုးသားတော်လှန်ရေးဝါဒီများအထိ အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ရသည်။ ဘဝနှင့် ဇွဲတို့ကြောင့် နောက်ဆုံးတွင် အမျိုးသားရေး ဝါဒီများကိုအောင်နိုင်သူဖြစ်ခဲ့ရသည်။
Line ၁၉ ⟶ ၂၀:
အမျိုးသားဝါဒီချင်းယှဉ်ကြည့်လျှင် ဆူဟာတိုသည် ယခင်သမ္မတဟောင်း ဆူကာနိုထက် ကိုလိုနီဆန့်ကျင်ရေးစိတ်နှင့် နိုင်ငံရေးအမြင် နည်းလှသည်ဟုဆိုကြသည်။ ဆူကာနိုလောက်လည်း ပညာမတတ်၊ အသိုင်းအဝိုင်းလည်းကောင်းလှသည်မဟုတ်ပေ။ ထိုခေတ်က ဒတ်ချ်စာမတတ်လျှင် လူရာမသွင်းကြပေ။ ဆူဟာတိုသည် စစ်ကျောင်းရောက်သည့် ၁၉၄၀ ပြည့်နှစ်လောက်တွင်မှ ဒတ်ချ်စာကိုရင်းနှီးခဲ့ရခြင်းဖြစ်သည်။
 
== လွတ်လပ်ရေးအကြို စစ်သားဘ၀ ==
 
သူစစ်ကျောင်းမတတ်မီက ဘဏ်တွင်စာရေးလေးဘ၀ဖြင့် ဝင်လုပ်ခဲ့သေးသည်။ အလုပ်ဖြုတ်ခံရပြီး အလုပ်လက်မဲ့ ဘဝရောက်ခဲ့ရသည်။ သို့ဖြင့် ၁၉၄၀ ပြည့်နှစ်တွင် KNIL (Royal Netherlands East Indies Army) တပ်သို့ဝင်ပြီး Yogyakarta အနီးရှိ Bombong တွင်ဖွင့်လှစ်ထားသော ဒတ်ချ်စစ်ကျောင်းသို့တက်ခွင့်ရခဲ့သည်။ ဒတ်ချ်စစ်ကျောင်းသို့ ဝင်ခွင့်ရရေးမှာ ဒေသခံများအနေဖြင့် လွယ်ကူလှသည်မဟုတ်ပေ။ သို့သော် ဒုတိယကမ္ဘာစစ်မီးအခြေအနေကြောင့် ဂျပန်တို့ရန်မှကာကွယ်ရန် စစ်တပ်ကိုတိုးချဲ့ဖွဲ့စည်းလိုသဖြင့် ဒေသခံများကို လက်ခံခဲ့ခြင်းဖြစ်သည်။
Line ၂၉ ⟶ ၃၀:
ဆူဟာတိုသည် ပုလိပ်အဖွဲ့မှ ဂျပန်တို့ဖွဲ့စည်းထားသည့် စစ်တပ်သို့ပြောင်းရွှေ့အမှုထမ်းပြန်သည်။ အဖတိုင်းပြည်အတွက်ကာကွယ်သူများဟု အမည်ပေးထားသည့် အင်ဒိုနီးရှားအမျိုးသားတပ် (Peta) တွင် သူက အရာရှိအဖြစ် ဝင်ရောက်အမှုထမ်းသည်။ ဂျပန်တို့သင်တန်းခေါ်ပေးသည့် တပ်စုမှူးသင်တန်းတွင် သူသည်ဂျပန်တို့၏ ဘူရှီဒိုစိတ်ဓာတ်နှင့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လိုက်ရသည်။ ဂျပန်တို့၏ စစ်သူရဲကောင်းဝါဒကို ရိုက်သွင်းခြင်းခံလိုက်ရသည်ဖြစ်သောကြောင့် ဆူဟာတိုသည် ဒတ်ချ်ဆန့်ကျင်ရေးနှင့် အမျိုးသားရေးအတွေးအမြင်များ ဝင်လာခဲ့သည်။ ဂျပန်စစ်ဝါဒီတို့ကို လွန်စွာအထင်ကြီးလေးစားစိတ်များလည်းဖြစ်လာခဲ့သည်။ ဆူဟာတို၏ အတွေးအမြင်များကိုပြန်လည်သုံးသပ်ရလျှင် အမျိုးသားရေးဝါဒနှင့် စစ်ရေးအယူအဆများပေါင်းစပ်ကာ လွှမ်းမိုးခြင်းခံထားရသူဟူ၍ ရှုမြင်သုံးသပ်ရမည်ဖြစ်သည်။ ဂျပန်တို့သည် ဆူဟာတို အပါအဝင် အရာရှိများကို ဂျပန်စစ်ရေးအယူအဆနှင့် စစ်ပညာများသင်ပေးခဲ့သည်။ ထိုအထဲတွင် ဆာမူရိုင်းဓားသိုင်းလည်းတစ်ခုအပါအဝင် ဖြစ်သည်။ သို့ဖြစ်ရာ ဆူဟာတိုသည် ကြမ်းသော်လည်း ရက်စက်ယုတ်မာသည့်အလုပ်ကိုမလုပ်ဟူသည့် ဂျပန့်စိတ်ဓာတ်များ အပြည့်ဝင်နေသူ ဟူ၍လည်းဆိုကြသည်။
 
== အင်ဒိုနီးရှားအမျိုးသားတော်လှန်ရေးတွင်ဝင်ရောက်ဆင်နွှဲခြင်း ==
 
ဒုတိယကမ္ဘာစစ်အပြီး မဟာမိတ်တို့ထံ ဂျပန်တို့ လက်နက်ချချိန်တွင် အင်ဒိုနီးရှားအမျိုးသားရေးဝါဒီများဖြစ်ကြသည့် ဆူကာနိုနှင့် မိုဟာမက် ဟတ္တားတို့သည် အင်ဒိုနီးရှားနိုင်ငံလုံး၀လွတ်လပ်ရေးအတွက် အမျိုးသားတော်လှန်ရေး တစ်ရပ်အနေဖြင့် တိုက်ပွဲဝင်ကြသည်။ အင်ဒိုနီးရှားနိုင်ငံထူ ထောင်ခြင်းကို နိုင်ငံတကာကလည်း သဘောတူ အသိအမှတ်ပြုကြသည်။ လက်နက်ကိုင်တော်လှန်ရေးနှင့် လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီးနောက်မှ ဆူဟာတိုက တော်လှန်ရေးသမားများနှင့်ပူးပေါင်းခဲ့ပြီး သူ့အစွမ်းအစများကို ပြခွင့်ရသွားလေသည်။
 
== ဂျပန်တို့ကိုတိုက်ထုတ်ခြင်း ==
 
ဂျပန်တို့လက်နက်ချချိန်တွင် ဆူဟာတိုသည် ဂျပန်ဖွဲ့စည်းပေးထားသည့်တပ်တွင် ရာထူးကြီးကြီးဖြင့်ကျန်ခဲ့သည်။ ထိုအချိန်တွင် အမျိုးသားရေးဝါဒီတို့သည် ဒတ်ချ်တို့နှင့်ပူးပေါင်းပြီး အင်ဒိုနီးရှားကျွန်းစုများ ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေချိန်လည်းဖြစ်သည်။ ဆူဟာတိုသည် တော်လှန်ရေးအစိုးရ၏ ပြည်သူ့လုံခြုံရေးအဖွဲ့ (BKR) တွင် ဒုတိယတာဝန်ခံ ဖြစ်လာခဲ့သည်။
Line ၃၉ ⟶ ၄၀:
ဆူဟာတိုသည် Yogyakarta တစ်ဝိုက်တွင် ကြွင်းကျန်နေသည့် ဂျပန်တို့ကို ဦးဆောင်တိုက်ကာ အမြစ်ဖြုတ်ပေးမည်ဟု ကြွေးကြော်ခဲ့သည်။ သူသမ္မတဖြစ်ချိန်တွင် ထိုကာလများနှင့်ပတ်သက်ပြီး ချဲ့ကားပြောဆိုမှုများရှိခဲ့သည်ဆိုစေ အင်ဒိုနီးရှားနိုင်ငံလွတ်မြောက်ရေးအတွက် ပေါင်းစည်း ညီညွတ်စွာဖြင့် တိုက်ပွဲဝင်နိုင်ရန် ဦးဆောင်မှုပေးနိုင်ခဲ့သည်ကတော့ အမှန်ဖြစ်သည်။ လွတ်မြောက်ရေးစစ်ပွဲအစတွင် ဆူဟာတိုသည် ပြည်တွင်းရှိ လွတ်မြောက်ရေးတိုက်ပွဲဝင်နေသူများကို တပ်ရင်း ၁ လက်အောက်ခံ၊ အမှတ် ၁၀ တပ်ရင်းအဖြစ် စုစည်းလိုက်နိုင်သည်။ ဆူဟာတိုလည်း ချက်ချင်း အမှတ် ၁၀ တပ်ရင်း၏ ဗိုလ်မှူးရာထူးတိုးပေးခြင်းခံလိုက်ရသည်။
 
== အင်ဒိုနီးရှားနိုင်ငံလွတ်လပ်ရေးရခြင်း ==
 
ဒုတိယကမ္ဘာစစ်ဖြစ်သည့်အခါတွင် ဒတ်ချ်တို့စိုးမိုးထားသည့် အရှေ့အိန္ဒိယကျွန်းစုကို ဂျပန်တို့ကသိမ်းပိုက်လိုက်သည်။ ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် ဆူကာနိုနှင့် ဟတ္တားခေါင်းဆောင်သည့် တော်လှန်ရေးသမားများသည် အစိုးရဖွဲ့ကာ လွတ်လပ်သော အင်ဒိုနီးရှားနိုင်ငံ အဖြစ်ကြေညာလိုက်သည်။ သို့ဖြင့် ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်အတွင်း ဒတ်ချ်တို့နှင့် တော်လှန်ရေးသမားများ လွတ်လပ်ရေးအတွက် ယှဉ်ပြိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည်။ နောက်ဆုံးကုလသမ္ဂ၏ ဝင်ရောက်ဖြန်ဖြေပေးမှုဖြင့် ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အင်ဒိုနီးရှားပြည်ထောင်စုအမည်ဖြင့် လုံး၀လွတ်လပ်ရေးရရှိခဲ့သည်။ ထိုအချိန်မှစပြီး ဆူကာနိုသည်သမ္မတ၊ ဟတ္တားသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။
Line ၄၇ ⟶ ၄၈:
၁၉၆၆ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ဆူဟာတိုကို တပ်မတော်အကြီးအကဲအဖြစ် တင်မြှောက်လိုက်ပြီး သမ္မတဆူကာနိုသည် အုပ်ချုပ်ရေးအာဏာများကို ဆူဟာတိုသို့ လွှဲပေးလိုက်သည်။ သို့သော်သမ္မတအဖြစ် ဆက်လက်ခံယူနေဆဲဖြစ်သည်။ ၁၉၆၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် အတိုင်ပင်ခံလွှတ်တော်က ဗိုလ်ချုပ်ကြီးဆူဟာတိုအား သမ္မတအဖြစ်တရားဝင် ရွေးကောက်တင်မြှောက်ခဲ့သည်။ သမ္မတသက်တမ်း ၅ နှစ်အပြီး ၁၉၇၅ ခုနှစ် မတ်လတွင် ဆူဟာတိုသည် သမ္မတအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
 
== ဆူဟာတိုနှင့်ခေတ်သစ် New Order အစိုးရ (၁၉၆၇-၁၉၉၈) ==
 
ဆူဟာတိုသည် ၁၉၆၈ ခုနှစ် မတ်လတွင် သမ္မတရာထူးကိုလက်ခံသည်။ ဆူကာနိုက တိုင်းပြည်အတွင်းအရေးပေါ် အခြေအနေကြောင့် ဆူဟာတိုသို့ အာဏာကိုလွှဲပြောင်းပေးလိုက်ရသည်ဟုဆိုသည်။ ဆူဟာတိုကလည်း သူတီထွင်ထားသည့် New Order (Orde Baru) ဖြင့် တိုင်းပြည်ကိုအုပ်ချုပ်သွားသည်။ ဆူဟာတိုသည် ကွန်မြူနစ်ပါတီကိုဖျက်သိမ်းလိုက်ပြီး တရားမဝင်အသင်းအဖြစ်ကြေညာကာ ပါလီမန်မှ ထုတ်ပယ်လိုက်သည်။ အလုပ်သမားသမဂ္ဂကိုလည်း ဖျက်သိမ်းကာ စာနယ်ဇင်းဆင်ဆာအဖွဲ့ကို ပြဋ္ဌာန်းဖွဲ့စည်းလိုက်သည်။
Line ၅၃ ⟶ ၅၄:
ဆူဟာတိုသည်နိုင်ငံတကာနှင့် အထူးသဖြင့် အနောက်နိုင်ငံများနှင့် အဆင်ပြေစွာဆက်ဆံရန်ကြိုးပမ်းခဲ့သော်လည်း ကွန်မြူနစ်များကို နှိမ်နင်းရာတွင် တာဝန်ရှိသည်ဆိုပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အဆင်မပြေဖြစ်ခဲ့ရသည်။ ဆူဟာတိုသည် သူ့နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ အဒမ်မာလစ်ကို အမေရိကန်နိုင်ငံ၊ ကုလသမဂ္ဂနှင့် မလေးရှားနိုင်ငံများသို့စေလွှတ်ပြီး တစ်ဘက်နှင့်တစ်ဘက် မပြေလည်မှုများကို ညှိနှိုင်း ဖြေရှင်းစေခဲ့သည်။ နောက်ပိုင်း အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံလည်းဖြစ်လာသည်။
== New Order အုပ်ချုပ်ရေးစနစ်သစ်ပြဋ္ဌာန်းခြင်း ==
 
၁၉၆၇ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ဆူကာနိုသည် လုံးဝအာဏာကိုစွန့်လွှတ်လိုက်သည်။ ဆူဟာတိုအာဏာရလာသည့်အချိန်မှစပြီး နိုင်ငံတော်၏အာဏာကို ချုပ်ကိုင်စီမံမှုများစတင်ပြုလုပ်ခဲ့သည်။ ထောက်လှမ်းရေးဌာနနှစ်ခုကို ထူထောင်ခဲ့သည်။ အစိုးရကို အကျပ်ကိုင် ခြိမ်းခြောက်မှုရန်မှကာကွယ်ရန်ဖြစ်သည်ဟုဆိုသည်။ နိုင်ငံတော်တွင်အရေးပါသည့် ဆန်စပါးလုပ်ငန်းများကိုလည်း အဖွဲ့ဖြင့်ထိန်းချုပ်ကန့်သတ် လိုက်သည်။ အစိုးရသစ်ကိုဖွဲ့စည်းလိုက်ပြီး ထိုအစိုးရသစ်သည် တပ်မတော်၏စီမံအုပ်ချုပ်မှုအောက်တွင်ရှိနေရမည်ဖြစ်သည်။ ဆူဟာတိုအနေဖြင့် စစ်တပ်နှင့် အရပ်ဘက် နှစ်မျိုးစလုံးအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်တစ်ယောက်ဘဝကို ခံယူလိုက်လေသည်။
Line ၆၁ ⟶ ၆၂:
အင်ဒိုနီးရှားနိုင်ငံသည် New Order အုပ်ချုပ်မှုအောက်တွင် ပြန်လှန်ဝံ့သူမရှိသလောက်ဖြစ်နေသည်။ စစ်တပ်နှင့် ဂိုလ်ခါပါတီမှ စီးပွားရေး၊ နိုင်ငံရေးတို့တွင်ကြီးစိုးထားရုံမျှမက နိုင်ငံအစိုးရကိုပါ ချုပ်ကိုင်ထားနိုင်သည့်အနေအထားတွင်ဖြစ်နေသည်။ သို့ဖြင့် လာဘ်ပေးလာဘ်ယူမှုများ၊ တရားမဝင်လုပ်ငန်းများ၊ အာဏာအလွဲသုံးစားလုပ်မှုများထွန်းကားလာသည်။ နိုင်ငံခြားမှထောက်ပံ့ငွေများ၊ လုပ်ငန်းရှင်များထံမှငွေများသည် ဆူဟာတိုမိသားစုတည်ထောင်ထားသည့် ယာယာဆန်ဖောင်ဒေးရှင်းသို့ အလုံးအရင်းနှင့်လှိမ့်ဝင်သွားသည်။
 
== နိုင်ငံရေးသန့်စင်ပွဲ ==
 
ဆူဟာတို၏ကက်ဘိနက်တွင် အင်ဒိုနီးရှားကွန်မြူနစ်ပါတီကို ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့၌ ဖယ်ရှားပြီးနောက် အင်ဒိုနီးရှားနိုင်ငံတွင် လူပေါင်း သုံးသိန်းမှ တစ်သန်းခန့်အထိ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထိုလူသတ်ပွဲတွင် စစ်ဘက်နှင့် အရပ်ဘက် အထက်တန်းလွှာများ၊ ဘာသာရေးခေါင်းဆောင်များ ပါဝင်ပတ်သက်မှုရှိနေသည်ဟုဆိုသည်။ ကွန်မြူနစ်သူပုန်အများစုမှာ အင်ဒိုနီးရှား နိုင်ငံသားများဖြစ်ကြသည်။ စီအိုင်အေက သံသယရှိဖွယ်ကွန်မြူနစ် တစ်သောင်းစာရင်းကို အင်ဒိုနီးရှားလက်ဝယ်သို့အပ်နှံခဲ့သည်။ သုတ်သင်ပွဲ ကြီးအပြီးတွင်မှ စီအိုင်အေက ၂၀ ရာစုတွင် ကွန်မြူနစ်များကို သုတ်သင်ခြေမှုန်းရာ၌ အရက်စက် အယုတ်မာဆုံးဟူ၍ ထုတ်ပြန်ခဲ့သည်။
 
== နိုင်ငံရေးသဘောထားကွဲလွဲမှုများ ==
 
၁၉၇၀ ပြည့်နှစ်တွင် နိုင်ငံတော်အတွင်း အကျင့်ပျက်ခြစားမှုများ သောင်းကျန်းလွန်းသောကြောင့် ကျောင်းသားများက ရုတ်တရက်ထပြီး ဆန္ဒပြကြသည်။ ဆူဟာတိုသည် ဆန္ဒပြပွဲများကို တားမြစ်ရုံမျှမက လှုပ်ရှားသူများကို လိုက်လံနှိမ်နင်းခဲ့သည်။ စုံစမ်းရေးအဖွဲ့ တစ်ဖွဲ့ကို လည်းဖွဲ့ပေးပြီး စစ်ဆေးစေခဲ့သည်။ စုံစမ်းရေးကော်မရှင်ကလည်း သာမန်သာစစ်ဆေးပြီး ခေါင်းရှောင်နေခဲ့သည်။ ဆူဟာတို လက်ထက်တွင် အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အဆင့်မြှင့်လုပ်ဆောင်ပြီး ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်နိုင်ခဲ့သော်လည်း ဝန်ထမ်းများ၏ အကျင့်စာရိတ္တ ပျက်စီးမှုကို မထိန်းသိမ်းနိုင်ခဲ့ပေ။
Line ၇၃ ⟶ ၇၄:
၁၉၈၀ ပြည့်နှစ် မေလ ၅ ရက်နေ့တွင် Petisi 50 (Petition of Fifty) ဆိုသည့် အဖွဲ့တစ်ဖွဲ့သည် နိုင်ငံရေးအရ ပိုမိုလွတ်လပ်ခွင့်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုအဖွဲ့တွင် တပ်မတော်သားဟောင်းများ၊ နိုင်ငံရေးသမားများ၊ ပညာရှင်များနှင့် ကျောင်းသားများပါဝင်သည်။ အင်ဒိုနီးရှား မီဒီယာက ထိုသတင်းကိုမပေါက်ကြားရန် အမျိုးမျိုးထိန်းချုပ်ခဲ့သည်။ ထိုအုပ်စုက ဆူဟာတိုသည် တစ်ပါတီစနစ်ဖြင့် နိုင်ငံတော်ကို အုပ်ချုပ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း၊ သူတို့ခေါင်းဆောင်များကို ချုပ်နှောင်ထားကြောင်း စွပ်စွဲခဲ့ကြသည်။
== ဆူဟာတိုနှင့်အကျင့်ပျက်ပြဿနာ ==
 
ဆူဟာတိုကို International Transparency အဖွဲ့က လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ့အကျင့်ပျက်ခြစားမှုကို အကျူးလွန်ဆုံးပုဂ္ဂိုလ်အဖြစ် စွပ်စွဲခဲ့သည်။ သူ့မိသားစုအနေဖြင့်လာဘ်စားသည့်ငွေပမာဏသည် ဒေါ်လာ ၁၅ ဘီလီယံမှ ၃၅ ဘီလီယံခန့်အထိရှိမည်ဟု ဆိုကြသည်။ အာရှတိုက်တွင် ဆူဟာတိုကဲ့သို့ လက်စောင်းထက်သည့်ပုဂ္ဂိုလ်မှာ ဖိလစ်ပိုင် သမ္မတဟောင်း ဖာဒီနန်မားကို့စ်ဖြစ်ပြီး ဒေါ်လာ ၅ ဘီလီယံမှ ၁၀ ဘီလီယံအတွင်းရှိသည်။
Line ၈၈ ⟶ ၈၉:
ဆူဟာတိုသည် ၂၀၀၀ ပြည့်နှစ်တွင် ဒေါ်လာ ၅၇၁ သန်း အလွဲသုံးစားလုပ်မှုဖြင့် တရားအစွဲခံရသည်။ အမှုအားလုံးမှာ ယာယာဆန် ဖောင်ဒေးရှင်းကိုအကြောင်းပြပြီး လိမ်လည်အလွဲသုံးစားမှုများဖြစ်သည်။ သို့သော် ဆူဟာတို၏ဆရာဝန်က တရားရုံးတွင် လာရောက်အစစ်ခံရန် ကျန်းမာရေးမကောင်းဟု အကြောင်းပြပြီး ကန့်ကွက်ထားခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် နောက်ထပ်တစ်ကြိမ် တရားရုံးကဆင့်ခေါ်သော်လည်း ဦးနှောက်ရောဂါဖြင့်အကြောင်းပြပြီး ငြင်းပယ်ခဲ့ပြန်သည်။
 
== ထွက်တော်မူနန်းကခွာပြီ ==
 
၁၉၆၆ ခုနှစ်တွင် အင်ဒိုနီးရှားဒီမိုကရက်တစ်ပါတီ (PDI) သည် နိုင်ငံခေါင်းဆောင်မှုမှခွဲထွက်ပြီး ဆူဟာတိုကိုစိန်ခေါ် တိုက်ခိုက်ခဲ့သည်။ PDI သည် အစိုးရတရားဝင်ပါတီတစ်ခုဖြစ်သည်။ ယခင်သမ္မတဟောင်း ဆူကာနို၏သမီးဖြစ်သူ မီဂါဝတီဆူကာနိုပူထရီသည် PDI ပါတီ၏ ဥက္ကဋ္ဌဖြစ်လာပြီး ဆူဟာတိုကို ပြစ်တင်ဝေဖန်မှု ပိုများလာခဲ့သည်။ ဆူဟာတိုသည် တုံ့ပြန်သည့်အနေဖြင့် လက်ထောက်ပါလီမန်ပြောရေးဆိုခွင့်ရှိသူ ဆူရာဒီနှင့်အုပ်စုဖွဲ့ကာ ပူးပေါင်းလိုက်သည်။ ဆူရာဒီကလည်း မီဂါဝတီကို ပါတီကွန်ဂရက်တွင် ထုတ်ဖယ်ပစ်မည်ဟုကြေညာလိုက်သည်။ မီဂါဝတီက သူမကိုထုတ်ဖယ်လျှင် ထောက်ခံသူများနှင့် ဆန္ဒပြမည်ဟုတုံ့ပြန်လိုက်သည်။ ဆူရာဒီက မီဂါဝတီကိုထုတ်ဖယ်လိုက်ရာ အင်ဒိုနီးရှား တစ်နိုင်ငံလုံး ဆူပုအုံကြွမှုများဖြစ်ပွားခဲ့ရသည်။ လမ်းမများပေါ်တွင် လုံခြုံရေးတပ်များနှင့် ဆန္ဒပြသူများ ထိပ်တိုက်ရင်ဆိုင်ရမှုများ အကြိမ်ကြိမ်ဖြစ်ခဲ့ သည်။ မီဂါဝတီအား PDI ဌာနချုပ်ကိုပြန်အပ်မည်၊ နောက်ထပ်ဆန္ဒပြမှုများမပြုရန် စစ်တပ်ကညှိနှိုင်းလာသည်။ မီဂါဝတီကိုထောက်ခံသူများ ကလည်း "ဒီမိုကရေစီဟစ်တိုင်" ဆိုပြီး ဆူဟာတိုကိုပုတ်ခတ်ဝေဖန် တိုက်ခိုက်မှုများ ကျယ်ပြန့်စွာပြုလုပ်လာကြသည်။
Line ၁၀၀ ⟶ ၁၀၁:
ဆူဟာတိုသည် ၁၉၉၈ ခုနှစ်တွင် သတ္တမအကြိမ်မြောက် သမ္မတအဖြစ် ပြန်လည်အရွေးခံရန် ရှေ့တန်းပြန်ထွက်လာသည်။ နိုင်ငံအတွင်း ပြဿနာပေါင်းသောင်းခြောက်ထောင်ကြောင့် ခေါင်းဆောင်တစ်ယောက်ထွက်ပေါ်ရန် လိုအပ်နေချိန်ဖြစ်သည်။ ဆူဟာတိုကို ကုန်လွန်ခဲ့သည့်နှစ်များက ဆန့်ကျင်မှုမရှိ အကြိမ်ကြိမ်အဖန်ဖန်ပြန်ရွေးချယ်ခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင် သူ့ပါတီဖြစ်သည့် ဂိုခါလ်ပါတီနှင့်သာမက တပ်မတော်နှင့်ပါ သဘောထားကွဲလွဲမှုများဖြစ်လာခဲ့သည်။ ၁၉၉၈ ခုနှစ် မေလ ၂၁ ရက်နေ့တွင် အစိုးရအဖွဲ့မှနုတ်ထွက် ပေးလိုက်ရပြီး သူ့နေရာတွင် ယူဆွတ်ဟာဘီဘီကို အစားထိုးခဲ့သည်။
 
== သမ္မတဘဝမှအကျကာလ ==
 
သမ္မတရာထူးမှကျပြီးသည့်နောက်တွင် ဆူဟာတိုအကြောင်းသည် မီဒီယာတွင် စိတ်ဝင်စားစရာဖြစ်လာသည်။ ရာထူးကျပြီး ဂျာကာတာမြို့ လယ်ရှိ မိသားစုပိုင်အိမ်ကြီးတွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မိတ်ဆွေအပေါင်းအသင်း အချွေအရံတို့လည်း နည်းပါးသွားခဲ့သည်။ ငွေကြေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်ပြီး ဘက်ပေါင်းစုံမှတရားစွဲမှုများနှင့် ရင်ဆိုင်လာခဲ့ရသည်။ သို့သော်ကျန်းမာရေးအကြောင်းပြပြီး ရှောင်လွှဲ နေခဲ့သည်ချည်းဖြစ်သည်။
Line ၁၀၈ ⟶ ၁၀၉:
၂၀၀၀ ပြည့်နှစ် မေလ ၂၉ ရက်နေ့တွင် ဆူဟာတိုသည် နေအိမ်အကျယ်ချုပ်ဖြင့်ထိန်းသိမ်းခံလိုက်ရပြီး သူအာဏာရစဉ်က လာဘ်စားမှု များနှင့်ပတ်သက်ပြီး စစ်ဆေးခြင်းခံခဲ့ရသည်။ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လတွင် အစိုးရသို့ လှူဒါန်းသော ဒေါ်လာ ၅၇၁ သန်းကို၊ သူတည်ထောင်သည့် ဖောင်ဒေးရှင်းများကိုအကြောင်းပြပြီး မိသားစုကိုယ်ကျိုးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလုပ်ကာ ကိုယ်ကျိုးရှာခဲ့သည်ဟု စွပ်စွဲခဲ့သည်။ စက်တင်ဘာလတွင် ရုံးတင်စစ်ဆေးရန်ဖြစ်သော်လည်း တရားရုံးကခန့်အပ်သည့်ဆရာဝန်များက တရားရုံးတွင် လာရောက်အစစ်ခံရန် ကျန်းမာရေး မကောင်းဟု အကြောင်းပြကြသည်။ ၂၀၀၂ ခုနှစ်တွင် နောက်တစ်ကြိမ် တရားရုံးတွင်စစ်ဆေးရန်ဆင့်ခေါ်သော်လည်း အမျိုးအမည်မသိ ဦးနှောက်ရောဂါတစ်ခုကိုအကြောင်းပြပြီး ငြင်းဆန်ခဲ့ပြန်သည်။
 
== ဘဝနေဝင်ချိန် ==
 
သမ္မတဘဝမှ အနားယူပြီးနောက်ပိုင်းတွင် ဆူဟာတိုသည် လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ အူရောဂါများဖြင့် ဆေးရုံအကြိမ်ကြိမ်တက်ခဲ့ရသည်။ ထိုရောဂါများကြောင့်ပင် အစိုးရမှ တရားရုံးတွင် အကြိမ်ကြိမ်အစစ်ခံရန် ဆင့်ခေါ်သော်လည်း သူ့ရှေ့နေများက ငြင်းဆန်ခွင့်ရရှိခဲ့ကြခြင်းဖြစ်သည်။
Line ၁၁၅ ⟶ ၁၁၆:
 
သူ့အလောင်းကို လေယာဉ်ဖြင့် ၂၈ ရက်နေ့တွင်သယ်ဆောင်သွားပြီး ဂီရီဘန်ဂန်သချိင်္ုင်းရှိ အသက် ၄၉ နှစ် အရွယ်တွင် ကွယ်လွန်သွားသော ဇနီးဖြစ်သူ၏ဂူဘေးတွင် ပြင်ဆင်ထားခဲ့သည်။ သူ့ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် သတ်မှတ်ပေးပြီး စစ်ဘက်၊ အရပ်ဘက်မှပုဂ္ဂိုလ်များ လာရောက်ဂါရဝပြုကြသည်။ လက်ရှိသမ္မတ ယူဒိုယိုနိုကိုယ်တိုင် ကြီးမှူးကျင်းပပေးသည့် ဈာပနပွဲလည်းဖြစ်သည်။
 
[[ar:سوهارتو]]
[[az:Məhəmməd Suxarto]]
[[map-bms:Soeharto]]
[[be:Мухамед Сухарта]]
[[be-x-old:Мухамэд Сухарта]]
[[bcl:Suharto]]
[[bg:Сухарто]]
[[ca:Suharto]]
[[cs:Suharto]]
[[cy:Suharto]]
[[da:Suharto]]
[[de:Suharto]]
[[et:Suharto]]
[[el:Σουχάρτο]]
[[es:Suharto]]
[[eo:Suharto]]
[[eu:Suharto]]
[[fa:محمد سوهارتو]]
[[fr:Soeharto]]
[[gl:Suharto]]
[[ko:수하르토]]
[[hi:सुहार्तो]]
[[hr:Suharto]]
[[io:Suharto]]
[[id:Soeharto]]
[[it:Suharto]]
[[he:סוהארטו]]
[[jv:Soeharto]]
[[ka:სუჰარტო]]
[[la:Suharto]]
[[lb:Suharto]]
[[lt:Suharto]]
[[hu:Suharto]]
[[mr:सुहार्तो]]
[[ms:Suharto]]
[[nl:Soeharto]]
[[ja:スハルト]]
[[no:Suharto]]
[[nds:Suharto]]
[[pl:Suharto]]
[[pt:Suharto]]
[[ro:Suharto]]
[[qu:Haji Mohamed Suharto]]
[[ru:Сухарто, Мухаммед]]
[[sa:सुहार्तो]]
[[simple:Suharto]]
[[sk:Suharto]]
[[sl:Suharto]]
[[sr:Сухарто]]
[[fi:Suharto]]
[[sv:Suharto]]
[[tl:Suharto]]
[[ta:சுகார்ட்டோ]]
[[te:సుహార్తో]]
[[th:ซูฮาร์โต]]
[[tr:Suharto]]
[[uk:Сухарто]]
[[ur:سہارتو]]
[[vi:Suharto]]
[[war:Suharto]]
[[zh:蘇哈托]]