မှူးအောင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၇၅ -
 
== ဘဝဖြစ်စဉ် ==
ငယ်စဉ်ကပင်ဘာသာရေး ဘက်တွင်စိတ်ဝင်စားခဲ့ပြီး ဘာသာရေးဆိုင်ရာစာအုပ်များကို လေ့လာဖတ်ရှု၍ စဉ်းစားတွေးခေါ်နေရသည်ကိုနှစ်သက်သူဖြစ်သည်။ ရွာကျောင်းမှ မူလတန်းဆင့်ကုန်အောင်သင်ကြားပြီးသည်နှင့် ရှင်သာမဏေပြု၍ ဗုဒ္ဓစာပေပရိယတ်များကိုလေ့လာဖတ်ရှုကျက်မှတ်ခဲ့သည်။ ရှင်ဘွဲ့မှာ ရှင်ဇဋိလဖြစ်၍ ဖြူးမြို့တွင် ရဟန်းခံပြီး စာပေပညာများကို ဆည်းပူးခဲ့သည်။ ရဟန်းဘောင်တွင် ပထမငယ်စာမေးပွဲကို အသက်နှစ်ဆယ်အရွယ်တွင်အောင်မြင်ခဲ့ပြီး ပထမလတ်နှင့် ပထမကြီး စာမေးပွဲများကိုလည်း ဆက်၍ကြိုးစားဖြေဆိုခဲ့သည်။ စာပေပညာဘက်၌ ထူးချွန်မည့်လက္ခဏများပါသောကြောင့်ထူးချွန်မည့်လက္ခဏာများပါသောကြောင့် ရဟန်းအချင်းချင်း မနာလိုဖြစ်ကြသောကြောင့် ရဟန်းဝါ ငါးဝါရပြီးနောက် လူထွက်ခဲ့သည်။
 
၎င်းနောက်လယ်ယာ လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အသက်မွေးခဲ့သည်။ ထိုအချိန်က မြန်မာတစ်နိုင်ငံလုံးတွင် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများဖြင့်ဆူညံလျက်ရှိပြီး ကျောင်းသားသပိတ်မှစ၍ ၁၃၀၀ ပြည့်အရေးတော်ပုံ အဆုံး တစ်ပြည်လုံး အုတ်အုတ်ကျက်ကျက် ဆူပွက်နေချိန်ဖြစ်သည်။ ဗိုလ်မှူးအောင်သည်လည်း နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် မိမိလည်းပါဝင်ရမည်ဟု ဆုံးဖြတ်ကာ ဖြူးမြို့သို့ထွက်ခွါခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများတွင် စာရင်းသွင်းလိုက်ပါရန် တို့ဗမာအစည်းအရုံး ခေါင်းဆောင်များအားပြောကြားခဲ့သည်။ ဤသို့ဖြင့် လယ်သမားဘဝမှ သခင်စံလှိုင်ဖြစ်လာသည်။