ဂျိမ်း ကယ်လဟန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
 
စာကြောင်း ၁၀ -
အမတ်ဖြစ်လာချိန်၌ (နောင်တွင် ဓနသဟာယ) ဟုတွင်သည့် ဒိုမီနီယံရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ [[ဂျွန်ပတ်ကား]]၏ ပါလီမန်အတွင်းဝန်အဖြစ် ခေတ္တ ဆောင်ရွက်ရသည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာလအတွင်း အစိုးရ အပြောင်းအလဲ ဖြစ်ချိန်တွင် ကယ်လဟန်ကို သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးဌာန၏ ပါလီမန်အတွင်းဝန်အဖြစ် ခန့်အပ်သဖြင့် မီးရထားလုပ်ငန်းကို နိုင်ငံပိုင် သိမ်းယူရာ၌ ပါဝင် ဆောင်ရွက်ခဲ့သည်။ လမ်းအန္တရာယ် ကာကွယ်ရေး ကော်မတီသစ်၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ဗြိတိန်နိုင်ငံရှိ လမ်းများပေါ်တွင် မျဉ်းကျားစသည်များ ရှေးဦးစွာ ပေါ်လာခဲ့သည်မှာ သူ၏ ဆောင်ရွက်မှုပင်ဖြစ်သည်။ ၁၉၅ဝ-၅၁ ခုနှစ် အတွင်းတွင် မစ္စတာကယ်လဟန်သည် ရေကြောင်းအုပ်ချုပ်မှုရုံးတွင် ဘဏ္ဍာရေးအတွင်းဝန် အဖြစ်လည်း ဆောင်ရွက်ခဲ့ရသည်။
 
ကယ်လဟန်သည် ပါလီမန်အမတ်ဖြစ်စ ကာလပိုင်း၌ အစိုးရအဖွဲ့၏ အတိုက်အခံဘက်မှ နေလာသူ ဖြစ်သည်။ ကယ်လဟန်သည် ၁၉၄၅-၄၆ ခုနှစ်များ၌ ရုရှနိုင်ငံသို့၎င်း၊ရုရှနိုင်ငံသို့လည်းကောင်း၊ ၁၉၄၇ ခုနှစ်၌ ပါလီမန် ကိုယ်စားလှယ် အဖွဲ့ဝင်အဖြစ်ဖြင့် အာဖရိက အနောက်ပိုင်း နိုင်ငံများသို့၎င်းနိုင်ငံများသို့လည်းကောင်း ရောက်ခဲ့သည်။
 
၁၉၅၂ ခုနှစ်တွင် မစ္စတာကယ်လဟန်သည် အမေရိကန်ပြည်ထောင်စုရှိ ဟေဗာဖို့ကောလိပ်၌ ကထိကအဖြစ် စာပေပို့ချသည်။ ၁၉၅၇ ခုနှစ်တွင်မူ မြောက်ပိုင်း ရိုဒီးဇီးယား၊ တောင်ပိုင်း ရိုဒီးဇီးယား (ယခု ဇင်ဗာဗွေ) နှင့် နီယာစာလန် (ယခု မာလဝီ) တိုင်းပြည်များသို့ ဓနသဟာယ အဖွဲ့ဝင်နိုင်ငံ များ၏ ပါလီမန်ကိုယ်စားလှယ် အဖွဲ့ဝင်တစ်ဦးအဖြစ် လှည့်လည်ရသည်။ ၁၉၆၁ ခုနှစ်၌ နယူဇီလန်နိုင်ငံ မြောက်ပါလမာစတန်၌ ကျင်းပသည့် ချာသန်ဟောက်စ ဓနသဟာယဆက်ဆံမှု ညီလာခံသို့ တက်ရောက်သည်။
စာကြောင်း ၁၇ -
 
၁၉၇၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရွေးချယ် တင်မြှောက်ခံရပြီးနောက် ကယ်လဟန်သည် ရိုဒီးဇီးယား၊ တောင်အာဖရိက၊ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အိုင်ယာလန် သူပုန်ပြဿနာ စသည်များကို တက်ကြွစွာ ကိုယ်တွယ် ဖြေရှင်းခဲ့သည်။ ဝန်ကြီးချုပ် ကယ်လဟန်သည် ၁၉၇၃ ခုနှစ် စက်တင်ဘာလက အိုင်ယာလန်နိုင်ငံနှင့် စပ်လျဉ်းသော ''ကွဲခြားနေသော အိမ်များ'' အမည်ရှိ စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)၊ အပိုင်း(ခ)</ref>
 
 
== ကိုးကား ==