ဂျိုက်ဂွါး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော ပေါင်းထည့်နေသည: mr:जॅग्वार (प्राणी)
No edit summary
စာကြောင်း ၃၆ -
 
ပုံမှန်အားဖြင့် ဂျိုက်ဂွါး အမသည် ရက် ၁၀၀ ခန့် ကိုယ်ဝန်ဆောင် အပြီးတွင် ကလေး ၁ ကောင်မှ ၄ကောင် အထိ မွေးလေ့ ရှိကြသည်။ အကောင်ငယ်လေးများသည် ၁နှစ် မှ ၂ နှစ်အတွင်း မိသားစုကို စွန့်ခွာသွားလေ့ ရှိသည်။ ၃ နှစ်ခန့်တွင် အရွယ်ရောက်လေ့ ရှိသည်။ ပြင်ပလောကတွင် နေထိုင်သော ဂျိုက်ဂွါးများမှာ ၁၀ နှစ် မှ ၁၂ နှစ် အထိ သက်တမ်းရှိပြီး တိရစ္ဆာန်ရုံ အတွင်းမှ ဂျိုက်ဂွါးများမှာမူ ၂၀ နှစ်မှ ၂၂ နှစ် အထိ သက်တမ်း ရှိတတ်သည်။
 
 
မြောက်အမေရိကတိုက်နှင့် တောင်အမေရိကတိုက်တို့တွင်
တွေ့ရသော ဂျက်ဂွားခေါ်ကျားမျိုးတွင် ထိုတိုက်များရှိကြောင်
အနွယ်ဝင် သားကောင်များတွင် အကြီးဆုံးဖြစ်သည်။ ဂျက်ဂွား
၏ ဦးခေါင်းမှာ သာမန်ကျားဦးခေါင်းနှင့် မတူဘဲ အတော်ပင်
ကြီးမား၏။ ခြေထောက်များသည် တုတ်ခို်င် သန်မာ၏။ ကိုယ်
အလျားမှာ အမြီးမပါဘဲ ၄ ပေမျှ ရှည် လျား၏။ အသွေး
အရောင်မှာ အမျိုးမျိုး ကွဲပြားခြားနားသော်လည်း အများအား
ဖြင့်မူ ဝါညစ်ညစ်အရောင်ပေါ်တွင် အနက်ရောင် အပြောက်
အစက်များရှိသည်။ အမြီးဖျား၌ နက်နေသည်။
ဂျက်ဂွားကောင်သည် သစ်ပင်ပေါ်၌ အနေများပေသည်။
သားကောင်ကိုဖမ်းသောအခါ သစ်ပင်ပေါ်မှ ခုန်အပ်ဖမ်းတတ်
သည်။ တစ်ခါတစ်ရံ မြေပြင်သို့ဆင်း၍ နွား၊ မြင်း၊ သိုးတို့ကို
ဖမ်းယူ စားသောက်တတ်သည်။ လူကိုတွေ့လျှင်လည်း လူကို
စားသည်။ လိပ်များကိုလည်း မြစ်လယ်သို့ရောက်အောင်ပင်
လိုက်လံ ဖမ်းယူစားသောက်တတ်သည်။ ဂျက်ဂွားကောင်ကို
များသောအားဖြင့် တကောင်ချင်းတွေ့ရသည်။ ဂျက်ဂွားအမသည်
တနှစ်လျှင် သား ၂ ကောင်မှ ၄ ကောင်အထိ မွေးသည်။
သားငယ်သည် မွေးပြီး ၃၅ ရက်အကြာတွင် မိခင်နောက်သို့
လိုက်နိုင်သည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)</ref>
 
 
 
[[Category:တိရစ္ဆာန်]]