ဗင်းဆင့် ဗန်ဂိုး: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
စာကြောင်း ၉၀ -
မည်သို့ပင်ဖြစ်စေ ထိုကြယ်စုံသောည ပန်းချီကားသုံးချပ်သည် လူသန်းပေါင်းများစွာကိုတအံတဩ ဖြစ်စေခဲ့လေသည်။ ဗန်ဂိုး၏ စုတ်ချက်များအောက်မှ ထွက်ပေါ်လာသော လက်ရာကောင်းများထဲတွင် ကြယ်စုံသောပန်းချီကားများပါဝင်နေဆဲပင်ဖြစ်သည်။ တစ်နေ့တစ်နေ့ လူအုပ်ကြီးများသည် ဗန်ဂိုး၏ မူရင်းလက်ရာများရှိရာ ပြခန်းများသို့ သွားရောက်၍ ပန်းချီကားများမှပေးသော အဓိပ္ပာယ်များကို ကိုယ်ပိုင်ခံစားချက် အသီးသီးဖြင့် ကြည့်ရှုခံစားလျက်ရှိသည်။ ဗင်းဆင့် ကိုယ်တိုင် ထိုပန်းချီကားများကို မည်ကဲ့သို့ ခံစားရေးဆွဲခဲ့သည်ကို ကျတော်တို့ ဘယ်သောအခါမှသိနိုင်တော့မည်မဟုတ်သော်လည်း ဗန်ဂိုး၏ ကြီးကျယ်သော လက်ရာများသည် လူသားအားလုံးကို ထွေးပွေ့လျက်ရှိဆဲပင်ဖြစ်လေတော့သည်။
 
== ဗန်ဂိုးနှင့် အားလူးစားသူများအာလူးစားသူများ ==
နူနင်သည် ဗန်ဂိုး၏မွေးရပ်ဇာတိဖြစ်သည်။ ဘိုးရင်းနိတ်နယ်တွင် တရားဟောဆရာအဖြစ် မအောင်မြင်ခဲ့၍ သီအို က ဗန်ဂိုးကို အိမ်သို့ပြန်ခေါ်လာကာ အနားယူစေခဲ့သည်။ ထိုအချိန်တွင် ဗန်ဂိုးထံ၌ ပန်းချီဆွဲချင်စိတ်သည် ပြင်းပြထက်သန်လျက်ရှိလေပြီ။ သို့သော် သူသည် အခြေခံပန်းချီဆွဲနည်းကို လားလားမျှ မသိခဲ့။ သူ၏စိတ်အာရုံအတိုင်း ခံစားမှုများကို ကင်းဗတ်စပေါ်တင်နေခဲ့ခြင်းဖြစ်သည်။ သို့သော် လန်ဒန်တွင် ပန်းချီ အရောင်းပြခန်း၌ မန်နေဂျာလုပ်ခဲ့ခြင်းက ပန်းချီကားမျာကို ခံစားနားလည်တတ်စေရန် အထောက်အကူပေးခဲ့သည်။ ထို့ပြင် မမေ့သင့်သည်က ဗန်ဂိုး၏ ပန်းချီဆွဲရန်ပြင်းပြသော စိတ်ဓာတ်နှင့် သူ၏ ပါရမီရှင် လက်ရာကိုပင် ဖြစ်သည်။
 
စာကြောင်း ၁၁၁ -
 
ထိုသို့ ခင်မင်ခွင့်ရခဲ့သူများထဲတွင် ပီရီတန်ဂိုင်း ဆိုသူလည်း ပါသည်။
တန်ဂိုင်းသည် အလွန်ထူးဆန်းသော ကွန်မြူနစ်သမားဖြစ်သည်။ သူသည် ပန်းချီစုတ်တံနှင့် ဆေးများစသော ကရိယာများကို ရောင်းသည်။ ပန်းချီပြခန်းလည်း တွဲဖွင့်ထားသည်။ သို့သော် သူ့ဆိုင်မှ ပန်းချီကားများမှာ ပါရီတစ်မြို့လုံး တွင်မည်သူမျှမတင်ရဲ ကြသည့် အင်ပရက် ရှင်းနစ်ကားများချည်းဖြစ်သည်။ တစ်ခါက စေဇန်း၏ သူအကြိုက်ဆုံးပန်းချီကားကို ဝယ်သူတစ်ယောက်လာမေးသည်။ တခြားသူများက ဒေါ်လာ ၆ဝလောက်ရလျှပင်၆ဝလောက်ရလျှင်ပင် ကပြီးရောင်းကြမည်ဖြစ်သည်။ သို့သော်သူသည် ဒေါ်လာခြောက်ရာပေးလျှပင်ဒေါ်လာခြောက်ရာပေးလျှင်ပင် မရောင်းနိုင်ပါဟု ပြေလွှတ်လိုက်လေသည်။ပြောလွှတ်လိုက်လေသည်။ ထို့နောက် ပန်းချီကားကို ကြည့်ကာ မျက်ရည်များဝဲနေသည်ကို ဗန်ဂိုးတို့ တွေ့ခဲ့ဖူးလေသည်။ ထိုမျှထိ ပန်းချီကိုချစ်သူတည်း။
 
သူသည်ပန်းချီဆရာများကိုသူသည် ပန်းချီဆရာများကို ဆေးများ၊ စုတ်တံများကိုလည်း အကြွေးရောင်းသည်။ ဘယ်တော့မှလည်း ပြန်မတောင်း။ တကယ့် ဘုံဝါဒသမား ကွန်မြူနစ်သမားဖြစ်သည်။ သို့သော်သူ့မိန်းမ မှာမူ ပန်းချီကားများကိုခံစားမရ။ သူ့ယောက်ျားကို နားမလည်။ တစ်ခါက စေဆန်း၏ ပန်းသီးများ ဆိုသောပန်းချီကားကို ပြတင်းပေါက်မှာ ချိတ်ထားသည်။ သူ့ရည်ရွယ်ချက်မှာ ပုံကိုကြည့်ပြီး လမ်းသွားလမ်းလာများ စိတ်ချမ်းသာစေရန် ရည်ရွယ်သည်။ တနေ့ လမ်းသွားတစ်ယောက်က ပန်းသီးပုံကိုသဘောကျပြီး ဈေးဝင်မေးသည်။ တန်ဂိုင်းက မရောင်းချင်။ သို့သော် သူ့မိန်းမက ဖရန့်ငွေ တစ်ရာဟုပြောလိုက်သည်။ ဈေးဝယ်က မဝယ်ချင်။ နှစ်ဆယ်လောက်နဲ့ရမည်ဟု ဈေးဆစ်သည်။ မဒမ်တန်ဂိုင်းက ကတ်ကျေးကိုယူကာ ပန်းသီးငါးလုံးထဲမှတစ်လုံးကို ညှပ်ကာ ဖရန့် နှစ်ဆယ်နှင့် ရောင်းလိုက်လေသည်။ သူတို့လင်မယားအဖြစ်ကိုကြည့်ပြီး ဗန်ဂိုးနှင့် ဂေါ်ဂင်တို့ ရယ်၍မဆုံးနိုင်။
 
ထို့နောက်ဗန်ဂိုးသည် တန်ဂိုင်း၏ပြခန်းထဲမှ ဂျပန်ပန်းချီကားများကို ကြည့်ကာ အရောင်ယူပုံ၊ အရောင်စပ်ပုံ တို့ကိုမြင်ကာ သဘောကျသွားခဲ့သည်။ ထိုပုံများကိုကြည့်ပြီး လေ့လာချင်သည်။ သို့သော် ပိုက်ဆံတစ်ပြားမှမပါ၊ ဂေါ်ဂင်ကလည်း အကြွေးလာဝယ်သူ၊ သို့သော် တန်ဂိုင်းသည် ချက်ချင်းပင်စက္ကူနှင့်ထုပ်ပြီး ပန်းချီကား နှစ်ကားကို ဗန်ဂိုးအားလက်ဆောင်ပေးလိုက်သည်။ ဤသို့ဖြင့် ဗန်ဂိုး၏ လက်ရာများထဲတွင် ထူးထူးခြားခြား ဂျပန်လက်ရာပန်းချီကား အနည်းငယ်သည် တန်ဂိုင်းကျေးဇူးဖြင့် ထွက်ပေါ်လာခဲ့လေသည်။ <ref>မောင်ထွန်းသူ၏ ဗင်းဆင့် ဗန်ဂိုး</ref>