ခရီးထွက်စူးစမ်းခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
စာကြောင်း ၁၄ -
ထို့ပြင် လူမျိုးတစ်မျိုး၏ လူမှုရေးနှင့် ယဉ်ကျေးမှုတို့ကို စူးစမ်းလေ့လာရန် ခရီးထွက်သည်လည်း ရှိသေးသည်။ ဘာသာ၊ အယူဝါဒ၊ ဓလေ့ထုံးစသည်တို့ကို စူးစမ်းလေ့လာရန် ခရီးထွက်ကြသောကြောင့် ကမ္ဘာပေါ်ရှိ လူမျိုးတို့သည် တစ်ဦးနှင့်တစ်ဦး မည်သို့နွယ်ကြသည်။ ကွဲပြားခြားနားကြသည်ဟူသော အချက်တို့ကို လူမှုရေးသမိုင်းအတွက် ကျွန်ုပ်တို့ သိကြရပေသည်။
 
ကမ္ဘာပေါ်တွင် လူသူမရောက်နိုင်သေးသည့် ဒေသများ အများအပြားပင် ရှိသေးရာ တိုးတက်လျှက်ရှိသော သိပ္ပံပညာရပ်များ၏ အစွမ်းဖြင့် ရှာဖွေလျှင် ထိုဒေသများတွင် လူတို့အဖို့ အကျိုးထူးစေမည့် အရာဝတ္ထု အချက်အလက်မရှိဟု မည်သူပြောနိုင်ပါအံ့နည်း။ လူတို့၏ အကျိုးစီးပွားသည် မြေ၌လည်းကောင်း၊ ရေ၌လည်း​ကောင်း၊ရေ၌လည်းကောင်း၊ လေ၌လည်းကောင်း ရှိသည်သာဖြစ်၏။ ရှာနိုင်လျှင်တွေ့သည်ဟု ယုံကြည်သော လက်တွေ့သမားများကလည်း ငွေကုန်ကြေးကျခံကာ စူးစမ်းရှာဖွေကြသည်သာ ဖြစ်လေသည်။ ထို့ကြောင့်ပင် ကမ္ဘာမြေကြီးမှ ရွှေငွေ၊ ကျောက်သံပတ္တမြားနှင့်တကွ ရွှေရည်ဟုခေါ်ရလောက်အောင် အဖိုးတန်သော ရေနံ၊ ဓာတ်ဆီများကို နေရာအနှံ့အပြား တူးဖော်ရရှိခဲ့ပြီး ဖြစ်သည်။ ပင်လယ်ရေ၏ အောက်ခြေမှလည်း အဖိုးတန်ပစ္စည်းအမျိုးမျိုးရအောင် ယူဆောင်နိုင်ခဲ့ကြသည်။
ထိုကဲ့သို့သော အကျိုးထူးများကို ခံစားရသည်မှာ မျက်မြင် လက်တွေ့ဖြစ်ရကား စီးပွားရေအမြင်ကျယ်သူ လုပ်ငန်းရှင်ကြီးများ၊ အစည်းအရုံးအသင်းအပင်းများ၊ အစို:ရအဖွဲ့များက ငွေကုန်ကြေးကျခံကာ မိမိတို့ ရည်ရွယ်ချက်ရှိသည့်လုပ်ငန်း၌ ကျွမ်းကျင်သူများကို ရွေးချယ်ဖွဲ့စည်း၍ လူအများ လမ်းမထွင်ရသေးသော ရေမြေဒေသများသို့ စေလွှတ်ခဲ့ကြလေသည်။ ယင်းသို့ ခရီးထွက် စူးစမ်းရာတွင် ဝင်ရိုးစွန်းဒေသများသို့ သွားရသော ခရီးမှာ အခက်ခဲဆုံးနှင့် အစွန့်စားရဆုံး ဖြစ်သည်။ ထိုပြင် ထိုသို့ ခရီးထွက် စူးစမ်းခဲ့သည်တွင် ရေသစ်မြေသစ်များကို တွေ့ရှိခဲ့ရခြင်းမှာ အမှတ်မထင် တွေ့ရှိခဲ့ရခြင်းဖြစ်၍ အများအားဖြင့်သော်ကား စီးပွားရေးအတွက် ရှာဖွေထောက်လှမ်းရေး ကိစ္စများသာ ဖြစ်ခဲ့ပေသည်။