ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀ေ
အရေးမကြီး Robot: Cosmetic changes
စာကြောင်း ၇ -
| ဌာနေ =
| သေရက် = ၁၂၇၀-ခုနှစ် ဝါဆိုလဆန်း ၃-ရက် အင်္ဂါနေ့ နံနက် ၅-နာရီ ( အသက်အားဖြင့် ၈၆-နှစ် ၄-လနှင့် ၂၂-ရက် )
| နိုင်ငံသား = [[ImageFile:Flag of Myanmar.svg|25px ]] မြန်မာနိုင်ငံ
| လူမျိုး = ဗမာလူမျိုး
| ပညာ =
စာကြောင်း ၃၃ -
ယခု ပုလဲနှင့် ဆားလင်းကြီး မြို့နယ်များ ဖြစ်သော ဗန့်ကျီတိုက်နယ် ၊ဆင်ရှင်မြို့နယ် မုန်တိုင်ပင်ရွာ (သက္ကရာဇ် ၁၂၃၃-ခုနှစ်အတွင်း “အဂ္ဂမဟာသေနာပတိ ဝန်ရှင်တော်မင်းကြီး” ဟူသော အမည်ဖြင့် ကျော်စော ထင်ရှားလာသောအခါ မင်းကြီး၏ ချက်ကြွေရာဒေသဖြစ်သော “မုန်တိုင်ပင်ရွာ” ကို “မင်းတိုင်ပင်ရွာ” ဟုပြောင်းလွဲ ခေါ်ဝေါ်ကြကုန်၏။) ဇာတိ ဖြစ်၍ အဖမှာ အတွင်းခြောက်စု နတ်သျှင်ရွေးတပ်တွင် အမှုထမ်းသော သွေးသောက်ကြီး ဦးမှို ၊ အမိ ဒေါ်နှင်းဆီတို့မှ ၁၁၈၃ ခု ၊ တပို့တွဲလဆန်း (၁၂) ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်သည်။ ငယ်မည်မှာ မောင်ချင်းဖြစ်၍ ညီအစ်ကို မောင်နှမ (၇) ယောက်အနက် ဒုတိယသား ဖြစ်သည်။ အသက် (၇) နှစ်တွင် ငှက်ပျောတော ကျောင်းထိုင်ပုဂ္ဂိုလ် ခင်ကြီးစံထံတွင် ပညာသင်ကြား၍ အသက် (၁၀) နှစ်တွင် ရှင်သာမဏေ ဖြစ်သည်။ မိမိဖခင်၏ တပ်တွင် အမှုထမ်းရန် တာဝန်ရှိသော်လည်း သာသနာ့ဘောင်သို့ တက်ရောက်သဖြင့် စစ်မှု မထမ်းခဲ့ရပေ။ ရဟန်းဘွဲ့မှာ ဦးအာလောက ဖြစ်သည်။ ကိုရင် ဘဝနှင့် ရဟန်းဘဝတို့တွင် စာပေ ပရိယတ္တိတို့၌ လွန်စွာ စိတ်အား ထက်သန်၍ ရဟန်းခံပြီး မကြာမီအတွင်း အမရပူရမြို့ [[သာသနာပိုင်]] [[ဗားကရာ ဆရာတော်]]၏ ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။
 
== ကိုရင်ဘဝ ==
မောင်ချင်း ၇-နှစ်သား အရွယ်သို့ရောက်လျှင် အမိအဖတို့က မုန်တိုင်ပင်ရွာ၏ မြန်မာခရီး ၁-တိုင်ခန့်ကွာသော ငှက်ပျောတောရွာ ကျောင်းထိုင် ပုဂ္ဂိုလ်ဦးဆန်းထံတွင် စာပေသင်ကြားရန် အပ်နှံကြလေသည်။ သက္ကရာဇ် ၁၁၉၃-ခုနှစ် အသက် ၁၀-နှစ်သားအရွယ်သို့ရောက်လတ်သော် မောင်ချင်းကို ထိုကျောင်း၌ပင် သျှင်သာမဏေပြုကြ၍ ဆရာ-ဘုန်းတော်ကြီးဦးဆန်းက “အာသဘ” ဟု ဘွဲ့ချီတော်မူလေသည်။
 
သက္ကရာဇ် ၁၁၉၈-ခုနှစ် အသက် ၁၅-နှစ်အရွယ်တွင် သျှင်အာသဘသည် ဆရာမိဘတို့ထဲမှ ခွင့်ပန်၍ စစ်ကုန်းရွာကျောင်း ဆရာ-ဘုန်းတော်ကြီး ဦးအာသဘထံ၌ အဘိဓာန်၊ဆန်း၊အလင်္ကာ ပါဌ်အနက်များကို ကြိုးစားအားထုတ် ကျက်မှတ် သင်ကြားသည်။ ထို့နောက်မှလည်း ပဒူးရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမထံ၌၄င်း၊ ငါးရံ့အို-မြစ်စုတ်ရွာကျောင်း ဘုန်းတော်ကြီး ဦးကျော်ခေါင်ထံ၌၄င်း၊ ပြောင်းရွှေ့နေထိုင်ပြီးသကာလ သင်ရိုး-ပိဋကတ်ကျမ်းဂန်များကို နှံ့စပ်အောင် အားထုတ်သင်ကြားသည်။ ပဒူးရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမကား နောင်သောအခါ ဦးရန်ဝေးဟု ထင်ရှား ကျော်စောလာသူ၏ ဦးရီးဖြစ်လေသည်။ထိုစဉ်အခါကလည်း ပဒူးရွာသား ဦးရန်ဝေးသည် ထိုပဒူးရွာကျောင်း၌ပင်လျှင် ဦးပဉ္စင်း ဦးသုဒ္ဓအဖြစ်နှင့် ရှိသောကြောင့် သျှင်အာသဘနှင့် လွန်စွာ ခင်မင်ရင်းနှီးသော ဆရာတပည့် အဖြစ်သို့ရောက်ခဲ့ သည်။
 
== ရဟန်းဘဝ ==
သက္ကရာဇ် ၁၂၀၃-ခုနှစ် အသက် ၂၀-ပြည့်လေသော် ငါးရံ့အို-မြစ်စုတ်ရွာကျောင်းမှ ငှက်ပျောတော ရွာကျောင်း ငယ်ဆရာ ဘုန်းတော်ကြီးဦးဆန်းထံသို့ ပြန်ခဲ့၍ ရဟန်းအဖြစ်သို့ ရောက်တော်မူလေသည်။ ရဟန်းအဖြစ်သို့ ရောက်တော်မူ ပြန်သောအခါ၌လည်း ငှက်ပျောတောရွာကျောင်း၌ ကြာရှည်စွာ သီတင်းသုံးတော်မမူ။ ငါးရံ့အို-မြစ်စုတ်ရွာကျောင်းသို့ပင် ပြန်ကြွတော်မူကာ မာတိကာ ဓာတုကထာ ယမိုက် ပဌာန်းဟု ဆိုအပ်သော ညဝါကျမ်းများကို ကြိုးပမ်း သင်ကြားတော်မူလေသည်။
 
သက္ကရာဇ် ၁၂၀၉-ခုနှစ် အသက် ၂၉-နှစ် ရှိသောအခါ ဦးပဉ္စစင်း ဦးအာသဘသည် ငါးရံ့အို-မြစ်စုတ်ရွာ ကျောင်းမှသည် အမရပူရမြို့ ဗားကရာတိုက်ကျောင်းတော်ကြီးသို့ ပြောင်းရွှေ့သီတင်းသုံးတော်မူလေသည်။ ထိုအခါ ပဒူးရွာ ဦးဥတ္တမကျောင်းတွင် နေခဲ့ကြစဉ်က ဆရာဖြစ်ခဲ့ဘူးသည့် လူမည်ဦးရန်ဝေး၊ ရဟန်းဘွဲ့ဦးဝိသုဒ္ဓအား ထိုဗားကရာတိုက်တော်ကြီးအတွင်း အနောက်ဖက် ရွှေရေးကျောင်းတွင် ကျောင်းထိုင် ပုဂ္ဂိုလ်အဖြစ်နှင့် ပြန်လည် တွေ့ရပြန်လေသည်။
[[ImageFile:ukaunghouse.jpg | thumb | မန္တလေး နေပြည်တော်ရှိ ကင်းဝန်မင်းကြီး စံအိမ်တော်]]
 
== မင်းမှုထမ်းဘဝ ==
အမရပူရ စုတ္ထနန်းစံ “မဟာလောကရံသီ စေတီတော်၏ ဒါယကာ” ပုဂံမင်းတရားကြီးလက်ထက် မင်းတုန်းတောင်စဉ် ခုနစ်ခရိုင်ကို အသုံးကံကျွေးခံ လွှတ်တက်မင်းသားကြီးက ရွှေရေးကျောင်း ဘုန်းတော်ကြီး ဦးဝိသုဒ္ဓအား “ပညာဗဟုသုတအရာ လေ့လာရှာမှီးသူတို့ကို အလိုတော်မြတ်ရှိကြောင်း” နှင့် လျှောက်ထားလေသောကြောင့် ဦးဝိသုဒ္ဓက မိမိ၏တပည့်ရင်းဖြစ်သော ဦးအာသဘအား အကြောင်းကုန်ပြန်ကြား၍ လူဝတ်လဲစေပြီးနောက် မင်းတုန်းမင်း အပါးတော်တွင် မြဲစွဲထမ်းရွက်စေလေသည်။ ထိုအခါ မင်းတုန်းမင်းက “ငချင်း” ဟူသော အမည်မှာ မဖွယ်မရာ မလျောက်မပတ်၊ “ငါ၏ ဘီတော် အလောင်းမင်းတရားကြီးဘုရားလည်း ပြည်ထောင်ဘက် ကျေးကျွန်ကြီးဖြစ်သော သေနတ်ဝန် မောင်ကောင်းနှင့် တိုင်းပြည်နိုင်ငံ တည်ထောင်တော်မူသည်ဖြစ်ရာ ထိုသေနတ်ဝန်အမည်ကို ခံစေ”ဟု အမိန့်တော်မြတ် ချမှတ်တော်မူသည့်အတိုင်း ငယ်မည် “မောင်ချင်း”မှ “မောင်ကောင်း” အမည်သို့ ပြောင်းလဲစေပြီးလျှင် ၁၂၁၁-ခုနှစ်မှစ၍ မိမိ၏ မင်္ဂလာအိမ်တော်တွင် စွဲမြဲ ခယမ်းစေတော်မူသည်။
 
စာကြောင်း ၁၀၂ -
[[File:U Kaung's House.jpg | thumb | မန္တလေး နေပြည်တော်ရှိ ကင်းဝန်မင်းကြီး စံအိမ်တော်]]
 
== ကင်းဝန်မင်းကြီး အဖြစ် ==
နောက် အရေးတော် ပြီးပြေသည့်ကာလ ကျောက်တလုံးကင်း၊ မင်းကွန်းကင်း၊ စမ္ပာယ်နဂိုရ်ကင်း ဟူသော ရေကင်းများနှင့် ဆင်ကြန်ကင်း၊မြောက်ဦးကင်း၊လေသာကင်း၊ပြင်ထိပ်ကင်း၊နတ်ထိပ်ကင်း၊ရှောင်က ဗွေကင်းစသော အရပ်ရပ်ကြည်းကင်းများကိုလည်း ကြည့်ရှု ကြပ်မရန် ကင်းဝန်အရာနှင့် ထပ်မံခန့်ထားတော်မူ သေးသည်။ ထိုအခါမှစ၍လည်း “ကင်းဝန်-မင်းကြီး” ဟု ကျော်စောထင်ရှားခြင်းဖြစ်သတည်း။
 
စာကြောင်း ၁၂၁ -
ဤသို့လျှင် လယ်ကိုင်းမြို့စား ကင်းဝန် သေနတ်ဝန် မင်းကြီးသက်တော်ရှည်အရာနှင့် ထမ်းရွက်နေရစဉ် သက္ကရာဇ် ၁၂၄၁-ခုနှစ် အတွင်း အရှင်မိဘုရားခေါင်ကြီး၏ သားတော်ကို မြပုခက်တော်တင် မင်္ဂလာ အခမ်းအနား၌ ဖတ်လျှောက်ရန် အမိန့်တော်မြတ်အရ “မင်္ဂလာလျှံထိန်” ချီ မင်္ဂလာ ဧချင်းကို၄င်း၊ သက္ကရာဇ် ၁၂၄၃-ခုနှစ်အတွင်း သမီးတော်ထိပ်စုမြတ်ဘုရားကြီး မြပုခက်တင် မင်္ဂလာ အခမ်းအနား၌ ဖတ်လျှောက်ရန် “မင်္ဂလာစက်ရွှေ” ချီ မင်္ဂလာ ဧချင်းကို၄င်း၊ထိုနှစ်အတွင်းမှာပင် အထက်စီရင်ရေးသားခဲ့ရင်း “အဋသံခေပဝဏ္ဏနာဓမ္မသတ်” ကို၄င်း၊ ရေးသားစီရင်ပေသေး၏။
 
== အင်္ဂလိပ် ကိုလိုနီလက်အောက် ကျပြီးနောက် ==
သက္ကရာဇ် ၁၂၄၇-ခုနှစ်တွင် ထီးကျိုးစည်ပေါက် ပြည်မှောက်လေပြီး၍ အင်္ဂလိပ် အစိုးရတို့ဝင်ရောက်လာခဲ့သည့် အခါကာလမှစ၍ နိုင်ငံမြို့ရွာ သာယာငြိမ်းချမ်းရေးအတွက် အထူးကူညီ ဆောင်ရွက်လေရကား သက္ကရာဇ် ၁၂၄၉-ခုနှစ်အတွင်း ဝိတိုရိယ ဘုရင်မကြီး၏ နန်းစံ ၅၀-ပြည့် “ဂျူဘလီ” ပွဲတော်တွင် “စီ-အက်(စ်)အိုင်” ဘွဲ့တံဆိပ်ဖြင့် ချီးမြှင့်မြှေက်စားခြင်းခံရပြန်လေသည်။
 
စာကြောင်း ၁၂၈ -
ပြဆိုခဲ့ပြီးသော ပျို့လင်္ကာ အခန်းခန်း ကျမ်းအစောင်စောင်တို့အပြင်လည်း ကျောက်စာ၊ခေါင်းလောင်း စာ၊မေတ္တာစာ၊ မိုးဖွဲ့၊မယ်ဖွဲ့၊တောဖွဲ့၊ဂုဏ်ချင်း၊ဟန်ချင်း၊သာချင်း အစရှိသည့် မြောက်မြားလှစွာသော စာအမျိုးမျိုးတို့ကိုလည်း စီကုံးရေးသားခဲ့ပေသေး၏။
 
== ဘဝနိဂုံး ==
ဤသို့လျှင် အုပ်ချုပ်ရေးဘက် စာပေဘက်တွင်၄င်း၊လောကီဘက် လောကုတ္တရာဘက်တွင်၄င်း၊ အထူးကျော်စော ထင်ရှားခဲ့ပေသော ဝန်ရှင်တော် လယ်ကိုင်းမြို့စား သေနတ်ဝန် ကင်းဝန်မင်းကြီး မင်းသတိုးသုဓမ္မ မဟာသက်တော်ရှည် “စီအက်(စ်)အိုင်” သည် သင်္ခါရသဘောတရားကို မလွန်ဆန်နိုင်သည်ဖြစ်၍ သက္ကရာဇ် ၁၂၇၀-ခုနှစ် ဝါဆိုလဆန်း ၃-ရက် အင်္ဂါနေ့ နံနက် ၅-နာရီ အသက် ၈၆-နှစ် ၄-လနှင့် ၂၂-ရက်တွင် အနိစ္စရောက်ရရှာလေသတည်း။
<ref>သုတ၊မောင်။ စာဆိုတော်များ အတ္ထုပ္ပတ္တိ။ တတိယအကြိမ်နှိပ်။ ရန်ကုန်။ ဇွဲပုံနှိပ်တိုက်၊၁၉၆၈။ </ref>
<ref> Burmese Encyclopedia Vol 2, p-406 printed in 1955</ref>
 
== ကိုးကား ==
<references/>
{{ကုန်းဘောင်ခေတ်}}
 
[[Category:အတ္ထုပ္ပတ္တိ]]
[[Category:မြန်မာ စာရေးဆရာများ]]
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]]
[[Category:မြန်မာ အမျိုးသား စာရေးဆရာများ]]
[[Category:မြန်မာ့ သမိုင်း]]
[[Category:သမိုင်း]]
 
[[en:Kinwun Mingyi U Kaung]]